အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စီစဉ်ဆောင်ရွက်ထားရှိသော ပြန်လည်လက်ခံရေးစခန်း အခြေနေများကို သွားရောက်ကြည့်ရှုရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr.Abul Hassan Mahmood Ali သည် စစ်တွေမြို့ကို သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr. Manjurulkarim Khan Chowdhury လည်း ပါဝင်ပြီး စုစုပေါင်း (၂၁) ဦးခန့် လာရောက်ခြင်းဖြစ်သည်။
၎င်းတို့သည် စစ်တွေလေဆိပ်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မိနစ် ၃၀ ခန့်လောက် တွေ့ဆုံပြီး ရဟတ်ယာဉ်ဖြင့် မောင်တောသို့ ထွက်ခွာသွားခဲ့ရာ ၎င်းနှင့်အတူ ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့လည်း လိုက်ပါသွားသည်။
အဆိုပါ အဖွဲ့သည် တစ်ဖက်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာအစိုးရဖက်က ပြင်ဆင်ထားသော မောင်တောမြို့နယ်ရှိ လက်ခံရေး စခန်းများဖြစ်သည့် တောင်ပြိုလက်ဝဲ၊ ငခူရ နှင့် လှဖိုးခေါင် ကြားစခန်းသို့ သွားရောက်မည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့အပြီး ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး အစီအစဉ်များကို အလျင်အမြန် စတင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရ အာဏာပိုင်များက သဘောတူခဲ့ကြသည်။
=======================
251 / End
၁၁ ဩဂုတ် ၂၀၁၈ - ၁၅:၅၀
News ID: 905035
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စီစဉ်ဆောင်ရွက်ထားရှိသော ပြန်လည်လက်ခံရေးစခန်း အခြေနေများကို သွားရောက်ကြည့်ရှုရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr.Abul Hassan Mahmood Ali သည် စစ်တွေမြို့ကို သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့သည်။