အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ် ၀ီနိုင်းကို ယမန်နေ့တွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံပြီး ရခိုင်ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးအပါအ ၀င် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ် နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ထိုင်း နိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားအလုပ်သမားများ အခွင့်အလမ်းများကာကွယ်မြှင့်တင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရေးတို့ ဆွေး နွေးကြောင်း နိုင်ငံတော်အတိုင်ပင် ခံရုံးက သတင်းထုတ်ပြန်သည်။ ယင်းနောက် နယ်စပ်ဒေသတစ် လျှောက်ရှိ ပြည်နယ်များအကြား ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းနေမှုများကို အထောက်အကူပြု ရေးအတွက် လယ်ယာစိုက်ပျိုး ရေး၊ မွေးမြူရေးစသည့် လုပ်ငန်း များအခြေခံသည့် စံပြကျေးရွာ များ တည်ဆောက်ရေးလုပ်ငန်း စဉ်များကိုလည်း ဆက်လက်ဆွေး နွေးသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး သည် (၉) ကြိမ်မြောက် မြန်မာ- ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်အ စည်းအဝေးနှင့် မြန်မာ-ထိုင်းနှစ် နိုင်ငံအကြား သံတမန်ဆက်သွယ် မှုထူထောင်သည့်နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံလေကြောင်း သဘောတူညီချက်တစ်ရပ်နှင့် ရခိုင်ပြည်နယ်ရှိ ပုစွန်သားပေါက်ထုတ်လုပ်ရေး ကိစ္စရပ်များနှင့် သက်ဆိုင်သောနားလည်မှုစာချွန်လွှာတစ်စောင်ကို ယမန်နေ့က နေပြည်တော်တွင်လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်ရေးပူးတွဲကော် မရှင်၏ န၀မအကြိမ်အစည်းအ ဝေး (JC9) ကို နေပြည်တော်တွင် ယမန်နေ့က ကျင်းပခဲ့သည်။ အ စည်းအဝေးအပြီးတွင် မြန်မာအစိုးရတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဦး ဆောင်သော အဖွဲ့ဝင်များက လက် မှတ်ရေးထိုးခဲ့သည်။
‘‘နှစ်နိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာန ပူးတွဲကော်မရှင်အစည်း အဝေးပွဲအပြီးမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံလေကြောင်းသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါ တယ်။ နှစ်နိုင်ငံတည်ဆဲစာချုပ်က ၁၉၆၉ ခုနှစ်မှာ ချုပ်ဆိုခဲ့ပါတယ်။ အဲဒီတော့ နှစ်ကာလကြာပြီဆို တော့ ဒီကြားထဲမှာ ပြင်ဆင်ချက် တွေကလည်း များလာတာပေါ့။ နောက်ပြီး ခေတ်နဲ့လည်း လျော် ညီဖို့ လိုအပ်လာတာပေါ့။ ဒါ ကြောင့်မို့လို့ ဒီလေကြောင်းသ ဘောတူစာချုပ်ကို အစားထိုးဖို့ အတွက်ကို အသစ်တစ်စောင်ပြန် ပြီးတော့ လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။ ဒီလက်မှတ်ရေးထိုး ပြီးတဲ့အချိန်မှာ နှစ်ဖက်စာအပြန် အလှန်လဲလှယ်ပြီး အတည်ပြုပြီး တဲ့အချိန်မှာ ဒီစာချုပ်က အသက် ၀င်လာမှာဖြစ်ပါတယ်’’ဟု လေ ကြောင်းပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေ၀င်းက ပြောသည်။
လက်မှတ်ရေးထိုးခဲ့သည့် လေကြောင်းဆိုင်ရာသဘောတူ စာချုပ်သစ်အရ နှစ်နိုင်ငံလိုက်နာ ရမည့် စည်းကမ်းချက်များနှင့် ပျံ သန်းခွင့်ဆိုင်ရာရပိုင်ခွင့် အခွင့် အရေးများလည်း ပါဝင်လာမည် ဖြစ်သည်။ထို့အပြင် နားလည်မှုစာချွန်လွှာအရ စစ်တွေမြို့တွင် အထူးနည်းလမ်းသုံး ပုစွန်မွေးမြူမှုလက် တွေ့ပြသရေးစင်တာ ပြန်လည် ဖော်ဆောင်ရန် ထိုင်းနိုင်ငံက ရန်ပုံငွေ ဘတ် ၃၄ သန်းပေးအပ်မည်ဖြစ်ပြီး နည်းပညာပိုင်းအရလည်း အကူအညီပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် မော်က ပြောသည်။
‘‘ထိုင်းနိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီရဲ့ ထောက်ပံ့တဲ့ ဘတ်ငွေ ၃၄ သန်းနဲ့ ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အထိ ရခိုင် ပြည်နယ်ရေချမ်းပြင်မှာ ပုစွန်သားပေါက်စခန်းပြုပြင်မွမ်းမံရေးအ တွက်ကို MoU လက်မှတ်ရေးထိုး ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ က ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသဖွံ့ ဖြိုးတိုးတက်ရေးနဲ့ လူနေမှုဖွံ့ဖြိုး တိုးတက်ရေးအတွက်ကို ရည်ရွယ် ပြီးတော့မှ ဆောင်ရွက်ခြင်း ဖြစ် ပါတယ်။ ဒီစီမံကိန်းကနေပြီးတော့ မှ ကျွန်တော်တို့က လိုအပ်တဲ့နည်း ပညာအထောက်အပံ့အကူအညီ နဲ့ ကျွန်တော်တို့က ဆောင်ရွက် ပေးသွားနိုင်မှာဖြစ်ပြီးတော့မှ နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်အနေနဲ့ကတော့ ပုစွန်မွေးမြူတဲ့ အချိန်မှာတော့ ပိုပြီးတော့မှ နည်း ပညာရော၊ အထောက်အပံ့အကူ အညီရောရရှိသွားနိုင်မှာ ဖြစ်ပါ တယ်။ ထွက်လာတဲ့ ပုစွန်တွေကို လည်း ကန့်သတ်ထားတာမရှိပါ ဘူး။ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု အနေနဲ့ပဲ ဆောင်ရွက်သွားဖို့ ဖြစ် ပါတယ်’’ဟု ၎င်းက ဆိုသည်။
=======================
251 / End
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ လေကြောင်းသဘောတူညီချက်နှင့် ရခိုင်ဒေသဖွံ့ဖြိုးရေး နားလည်မှုစာချွန်လွှာ
၁၄ ဩဂုတ် ၂၀၁၈ - ၁၇:၀၉
News ID: 905445
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ် ၀ီနိုင်းကို ယမန်နေ့တွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံပြီး ရခိုင်ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရေးအပါအ ၀င် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။