၁၅ ဩဂုတ် ၂၀၁၈ - ၁၅:၄၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံထားရှိရန် လွှတ်တော်၌ မေးမြန်း

မုံရွာ၊ သြဂုတ် ၁၅။ ။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သတင်းထုတ်ပြန်ရေးတာဝန်ခံထားရှိကာ တရားဝင် လူမှုကွန်ရက် များမှ ထုတ်လွှင့်ဖြန့်ချိပေးရန်အတွက် အစီအစဉ်ရှိ/မရှိအား လွှတ်တော်၌မေးမြန်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မုံရွာ၊ သြဂုတ် ၁၅။           ။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သတင်းထုတ်ပြန်ရေးတာဝန်ခံထားရှိကာ တရားဝင် လူမှုကွန်ရက် များမှ ထုတ်လွှင့်ဖြန့်ချိပေးရန်အတွက် အစီအစဉ်ရှိ/မရှိအား လွှတ်တော်၌မေးမြန်းခဲ့သည်။

ယခုလ ၁၄ ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၂)ရက်မြောက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမင်းဝင်းမှ မေးမြန်းခဲ့ခြင်းဖြစ်သည်။

"စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ website အရင်က ရှိပါတယ်။ ဒါပေမယ့် ကြည့်ရှုသူလည်းမရှိ၊ ဖွင့်လို့လဲ မရ ဖြစ်နေပါတယ်။ လက်ရှိမှာ တရားဝင် facebook page လဲမရှိဘူး။ website လည်း မရှိပါဘူး" ဟု ဦးမိုးမင်းဝင်းက ဆိုသည်။

ယင်းသို့ တရားဝင်အသုံးပြုနေသော လူမှုကွန်ရက် facebook စာမျက်နှာနှင့် website တို့မရှိခြင်းအတွက် သတင်းစီးဆင်းမှုနှေးကွေးကာ ပြည်သူလူထုသိသင့်သိထိုက်သော သတင်းအချက်အလတ်များ အချိန်မှီ ရောက်ရှိလာခြင်း မရှိကြောင်း ၄င်းကဆိုသည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံး၊နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကချင်ပြည်နယ်လွှတ်တော်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်တို့၏ Facebook စာမျက်နှာနှင့် Website တို့အားနှိုင်းယှဉ် ပြသခဲ့သည်။

ယင်းကိစ္စအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တိုင်းဒေကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးအား ခန့်အပ်တာဝန်ပေးအပ်ထားကြောင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြန်လည်ဖြေကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ website ကိုလည်း ဇွန်လ ၁၆ ရက်နေ့က စတင်ကာ သတင်းထုတ်ပြန်ခြင်း များကို လုပ်ဆောင်နေကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

=======================
251 / End