အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စက်တင်ဘာကစတင်၍ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများအကြား e School အက်ပလီကေးရှင်းကို အသုံးပြု မည်ဟု ကမာရွတ်တီတီစီကျောင်း အုပ်ကြီး ဒေါက်တာမိုးသူက ပြော ကြားသည်။
အဆိုပါအက်ပလီကေးရှင်း ကို Ed Tech Myanmar ကုမ္ပဏီ က ဖန်တီးခြင်းဖြစ်သည်။ မြို့ ကြီးခြောက်မြို့ရှိ ပုဂ္ဂလိက ကျောင်း၁၈ ခုတွင် e School အသုံးပြုပြီးဖြစ်သော်လည်း အစိုးရကျောင်း၌ ကမာရွတ်တီတီစီက ပထမဆုံး အသုံးပြုရန် သဘောတူညီခဲ့သည်။
e School တွင် ဆရာ၊ ဆရာမများ ကျောင်းသားအသစ် များ မှတ်ပုံတင်ခြင်း၊ စာသင်ချိန်ဇယားထုတ်ပြန်ခြင်း၊ ကျောင်းလခပေးသွင်းမှု မှတ်တမ်းတင်ခြင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းတက် ချိန်ဖြည့်သွင်းခြင်း၊ ကျောင်းသား ကျောင်းသူများ၏ အရည်အချင်း မှတ်တမ်းတင်ခြင်း၊ စာမေးပွဲအ ချိန်ဇယား ထုတ်ပြန်ခြင်း၊ သင် ခန်းစာ၊ အိမ်စာများ ကြေညာခြင်း နှင့် ကြေညာချက်များ ထုတ်ပြန် ခြင်းတို့ ဆောင်ရွက်နိုင်မည်ဟု Ed Tech Myanmar ကုမ္ပဏီက ကြေညာသည်။
လက်ရှိတွင် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရေးအ ချက်အလက်များကို အက်ပလီ ကေးရှင်းအတွင်း ဖြည့်သွင်းခြင်း နှင့် အသုံးပြုနည်းကို ဆရာ၊ ဆရာမများအား သင်ကြားပေးမည် ဖြစ်ပြီး မိဘများအတွက်စက်တင် ဘာက စတင်ကာ အသုံးပြုခွင့်ပေးမည်ဟု Ed Tech Myanmar စီအီးအို ဦးဖုန်းပြည့်ဦးက ပြောသည်။
‘‘မိဘတွေအတွက် Username က သူတို့ရဲ့ ဖုန်းနံပါတ် တွေပဲ ဖြစ်မှာပါ။ Password က တော့ ခဲခြစ်အနေနဲ့ ထုတ်ပေး သွားမှာပါ။ ကျောင်းသား၊ ကျောင်းသူရဲ့ ပညာရေးမှတ်တမ်း အနေနဲ့ကတော့ သူတို့ဒီကျောင်း က ထွက်သွားလည်း အက်ပလီ ကေးရှင်းကို သုံးပြီး အွန်လိုင်းက နေ ရရှိနေမှာပါ’’ ဟု ဦးဖုန်းပြည့် ဦးက ပြောသည်။
Ed Tech Myanmar ကုမ္ပဏီသည် ကမာရွတ်တီတီစီအတွက် အက်ပလီကေးရှင်းအသုံးပြုခ မသတ်မှတ်ရသေးသော်လည်း ကျောင်းသားဦးရေ ၅၀၀ ရှိသည့်ပုဂ္ဂလိကကျောင်းများတွင်တစ်နှစ်လျှင် ကျောင်းသားမိဘတစ်ဦးအ တွက် ကျပ် ၁၀,၀၀၀ ကောက်ခံမည်ဖြစ်သည်။
‘‘ကျောင်းသား၊ ကျောင်းသူ ၁,၅၀၀ ကနေ ၂,၀၀၀ ကြားရှိ တယ်ဆိုရင် တစ်နှစ်ကို တစ်ဦးအ တွက် ၅,၅၀၀ ကျပ်ပဲ ကောက်ခံပါ တယ်။ လူဦးရေများရင် နည်းနည်း သွားတယ်’’ ဟု e School ကိုတာ ဝန်ယူဖြန့်ချိသူ ဦးစိုင်းတင်မင်းလူ ကပြောသည်။
e School သည် ကလေး၏ ပညာရေးမှတ်တမ်းအပြင် အိမ်စာ များကိုပါ အွန်လိုင်းမှ အသိပေး မည်ဆိုပါက လက်ခံကြိုဆိုရမည် ဟု အက်ပလီကေးရှင်းမိတ်ဆက် ပွဲတက်ရောက်သည့် ကျောင်း သားမိဘတစ်ဦးက ပြောသည်။
=======================
251 / End
၁၇ ဩဂုတ် ၂၀၁၈ - ၁၈:၁၅
News ID: 905827
စက်တင်ဘာကစတင်၍ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများအကြား e School အက်ပလီကေးရှင်းကို အသုံးပြု မည်ဟု ကမာရွတ်တီတီစီကျောင်း အုပ်ကြီး ဒေါက်တာမိုးသူက ပြော ကြားသည်။