အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများ၏ အစီရင်ခံစာ များကို ဂရုတစိုက် စောင့်ကြည့် ဖတ်ရှုနေပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့ တာဝန်ရှိသူများအနေဖြင့် မိမိကိုယ်တိုင် အခြေအနေမှန်ကို သိရှိရန်နှင့် အမှန်အတိုင်း ဆက်လက်တင်ပြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားသည်။
ယမန်နေ့ နံနက်က မုံရွာမြို့ တော်ခန်းမတွင် ကျင်းပသည့် စစ် ကိုင်းတိုင်းဒေသကြီးမှ မဏ္ဍိုင်သုံး ရပ် တာဝန်ရှိသူများနှင့် တွေ့ဆုံ စဉ် သမ္မတ ဦးဝင်းမြင့်က ထိုသို့ ပြောကြားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်များက ပြော ကြားသည်။
နိုင်ငံတော်၏ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်နိုင်အောင် ဒေသအလိုက် တွေ့ဆုံပွဲများ ဆောင်ရွက်နေခြင်း ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် များက လစဉ်တင်ပြသည့် အစီရင်ခံစာဖတ်ရှုကာ ဦးစားပေးအလိုက် လာရောက်တွေ့ဆုံခြင်း ဖြစ်သည်ဟု သမ္မတက ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာနများက ထုတ်ပြန်သည်။
‘‘တချို့ဟာတွေ ဝန်ကြီးချုပ် က လက်မှတ်ထိုးတင်လိုက်ပေ မယ့် ဖတ်ကောဖတ်ရဲ့လားပေါ့။ လစဉ်အလိုက် အစီရင်ခံစာရေး ထားတဲ့အထဲမှာ တူနေတာတွေ၊ တစ်ခုနဲ့တစ်ခု ကူးချထားတဲ့ ပုံစံ တွေပေါ့။ အဲဒီလို တဲ့(ဒဲ့)တော့ မပြောဘူး။ အဲဒီလိုပုံစံဖြစ်နေတယ်ဆိုတာတော့ပြောတယ်။ သူ့အနေနဲ့လည်း မဖတ်ဘူး မထင်နဲ့။ သေ သေချာချာ ဂဃနဏသိအောင်ကို ဖတ်တယ်ပေါ့’’ဟု တွေ့ဆုံပွဲတက် ရောက်ခဲ့သည့် ကနီမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်ကပြောသည်။
အောက်ခြေအဆင့်မှ ပြုပြင် ပြောင်းလဲမှုအခြေအနေကို အမှန် အတိုင်း သိရှိရန်နှင့် အခက်အခဲ များ ကူညီဖြေရှင်းပေးရန် ထိုသို့တွေ့ဆုံခြင်းဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က တွေ့ဆုံပွဲများတွင် ပြောကြားထားသည်။ ထို့ကြောင့် ၎င်းနှင့် တွေ့ဆုံရာတွင် အခြေအ နေအမှန်ကိုသာ တင်ပြရန်လိုအပ် ပြီး အားလုံးကောင်းပါသည်ဟု လိမ်လည်တင်ပြသည်များကို အ လိုမရှိကြောင်း သမ္မတက ထပ် လောင်းပြောကြားသည်။
ထို့အပြင် ခေတ်ဟောင်း၊ စနစ်ဟောင်းမှ ခေတ်သစ်၊ စနစ် သစ်သို့ ပြုပြင်ပြောင်းလဲနိုင်ရန် တက်ညီလက်ညီ ဆောင်ရွက်နေ ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးသက်ဆိုင်ရာ တာဝန်ရှိသူအ သီးသီးက ဝိုင်းဝန်းဆောင်ရွက်မှသာ ပြုပြင်ပြောင်းလဲမှု မြန်ဆန်အောင်မြင်မည်ဖြစ်ကြောင်း သမ္မတက မှာကြားသည်။
အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ လူမှုရေးမျှတမှုရှိ အောင် စီမံရမည်ဖြစ်ပြီး အခွင့် အလမ်းညီမျှမှု၊ အဆင့်အတန်းညီ မျှမှု၊ တရားဥပဒေအရာတွင် ညီမျှ မှုရှိအောင် စီမံဆောင်ရွက်ထား သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်၏မူဝါဒများ၊လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက် များကို အကောင်အထည်ဖော်နိုင် ရန် လိုအပ်ပြီး ပြည်ထောင်စုအစိုး ရက အခါအားလျော်စွာ ပေးအပ် သည့် တာဝန်များကို ကျေပွန်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။
ထို့အပြင် တိုင်းဒေသကြီးအ တွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်း များအား ညွှန်ကြားခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်း၊ ထိန်းကျောင်းခြင်း၊ စစ်ဆေးခြင်းတို့ ပြုလုပ်ရန် တာဝန်ရှိပြီး အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးမှုကို အထောက် အကူပြုသည့် အုပ်ချုပ်ရေးစနစ် ဖြစ်စေလိုကာ နိုင်ငံသူ၊ နိုင်ငံသား များအား ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေး ယန္တရားမဖြစ်စေလို ကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောသည်။
ပြည်သူကို ဝန်ဆောင်မှုပေး သည့် စီမံခန့်ခွဲမှုမျိုး ဖြစ်စေလိုကာ တရားမျှတ၍ ဘက်လိုက်မှုကင်း သည့် အုပ်ချုပ်ရေးဖြစ်စေလို ကြောင်းနှင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ ဟန်ချက် ညီရန် လိုအပ်ကြောင်း သမ္မတက ပြောသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်ပင်ညှိနှိုင်းသင့်ပြီး ယင်းသို့ တိုင်ပင်ညှိနှိုင်းရာတွင် ဝင်ရောက်စွက်ဖက်ခြင်း မျိုးမဟုတ်ဘဲ အပြန်အလှန်ထိန်း ညှိခြင်းကို နားလည်သင့်ကြောင်း လည်း အကြံပြုသည်။
တရားစီရင်ရေး
တရားစီရင်ရေးအပိုင်းအနေ ဖြင့် ဥပဒေများနှင့်အညီ ဆောင် ရွက်စေလိုပြီး အထူးသဖြင့် ပြည် ထောင်စုတရားစီရင်ရေး ဥပဒေ ကို လိုက်နာကာ ဘက်လိုက်မှု ကင်းသည့် တရားစီရင်ရေးဖြစ်စေ လိုကြောင်း မှာကြားသည်။
ဥပဒေအရာတွင် အားလုံး အညီအမျှဖြစ်စေလိုပြီး တရားစီ ရင်ရာတွင်လည်း လုပ်ပိုင်ခွင့်ရှိသူများ၊ တာဝန်ရှိသူများ၏ ဝင် ရောက်စွက်ဖက်မှုကင်းရန် လိုအပ်ကြောင်း သမ္မတက မှာကြား သည်။ တိုင်းဒေသကြီး တရားသူ ကြီးများအနေဖြင့် တရားရုံးအချုပ် များ၊ အကျဉ်းထောင်များ၊ ရဲဘက်စခန်းများသို့ သွားရောက်၍ လူ့အ ခွင့်အရေးချိုးဖောက်မှုများ မရှိစေ ရေး စစ်ဆေးရန်နှင့် အဂတိကင်း စင်သည့် တရားစီရင်ရေးဖြစ်ရန် ဆောင်ရွက်ရမည်ဟုဆိုသည်။
‘‘တိုင်းလွှတ်တော်ဥက္ကဋ္ဌက တရားစီရင်ရေးကို ထိန်းကျောင်း တည့်မတ်ရတဲ့အပိုင်းမှာ တော် တော်လေး အခက်အခဲရှိတယ် ပေါ့။ သူတို့အနေနဲ့ လွန်သွားမလား၊ စွက်ဖက်တဲ့ပုံစံလည်း သက်ရောက်သွားမှာစိုးတယ် ဘာညာပြောတော့ အဲဒါကိုလည်း တော်တော်လေးပြောသွားတယ်။ ကိုယ့်လုပ်ပိုင်ခွင့် ကိုယ်သိဖို့ပေါ့’’ဟု ဦးထွန်းထွန်းနိုင်ကဆိုသည်။
အဂတိတိုက်ဖျက်ရေး
အဂတိလိုက်စားမှုအပိုင်း တွင် မိမိတို့နိုင်ငံ၌ ဓလေ့သဖွယ် စွဲကပ်နေမှုကြောင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အသစ်ဖွဲ့စည်းကာ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအထိဆောင် ရွက်နေကြောင်းနှင့် ၀န်ကြီးဌာန အလိုက် Corruption Prevention Units (CPU)များ ဖွဲ့စည်းပြီး ထိန်းကျောင်းရန် စီစဉ်နေကြောင်း သမ္မတကပြောသည်။
‘‘တစ်နပ်စာကို မမက်ဘဲ တစ်သက်တာကို တွေးဖို့ပေါ့’’ဟု ဦးထွန်းထွန်းနိုင်ကပြောသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး
မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး လုပ်ငန်းများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူး ပေါင်းဆောင်ရွက်နေရာ အောင် မြင်မှုများရရှိနေပြီး မူးယစ်ဆေး ၀ါးကိစ္စကို အုပ်ချုပ်ရေး၊ ဥပဒေပြု ရေး၊ တရားစီရင်ရေးနှင့် ဌာနအ သီးသီးမှ တာဝန်ရှိသူများက ပူး ပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့အပြင် သိမ်းဆည်းခံလယ် ယာမြေများကို နိုင်ငံတော်က ချ မှတ်ထားသည့် မူဝါဒများနှင့်အညီ ပြန်လည်စိစစ်ဆုံးဖြတ်ရန် လိုအပ် ပြီး လုံခြုံရေးနှင့် တရားဥပဒေစိုး မိုးရေးအပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် နယ်စပ်ဝင် ပေါက်၊ ထွက်ပေါက်များကို အ ထူးဂရုစိုက်ရန် လိုအပ်ကြောင်း မှာကြားသည်။
သမ္မတဦးဝင်းမြင့်သည် မဏ္ဍိုင်သုံးရပ်စလုံး၏ အားနည်း ချက်၊ လိုအပ်ချက်များ ထောက်ပြပြီး လိုအပ်ချက်များကို လမ်းညွှန် ပြောကြားခဲ့ခြင်းဖြစ်၍ လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး တွန်းအားတစ်ရပ်ဖြစ်မည်ဟု ယုံ ကြည်ကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျော် သောင်းက မုံရွာတွေ့ဆုံပွဲနှင့်ပတ် သက်၍ မှတ်ချက်ပြုသည်။
‘‘အားရတယ်။ စကားလုံး တိုင်းက တော်တော်လေး ထိ ရောက်တယ်။ လိုအပ်တာတွေ၊ အားနည်းတာတွေ အကုန်လုံးကို ထောက်ပြသွားတယ်။ တိုင်းဒေသ ကြီးအစိုးရတွေ၊ ပြည်နယ်အစိုးရ တွေအနေနဲ့ ဆုံးဖြတ်ရမယ့်၊တည့် မတ်ရမယ့်၊ ညွှန်ကြားရမယ့်အ ပိုင်းတွေ ရေရှည်မျှော်ကိုးပြီး လုပ် သင့်လုပ်ထိုက်တာတွေ တော် တော်လေး ပြောသွားတယ်။ သူ ပြောတဲ့အတိုင်း လိုက်နာဆောင် ရွက်နိုင်မယ်ဆိုရင်တော့ ပိုပြီး တော့ အဆင်ပြေလိမ့်မယ်လို့ ယုံ ကြည်တယ်’’ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းထွန်း နိုင်က မှတ်ချက်ပြုသည်။
သမ္မတဦးဝင်းမြင့်သည် ဇူ လိုင်လဆန်းတွင် ရှမ်းပြည်နယ်သို့ သွားရောက်၍ မဏ္ဍိုင်သုံးရပ်တွေ့ ဆုံပွဲများ စတင်ပြုလုပ်ပြီးနောက် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင် တွေ့ဆုံပွဲများ ဆက် လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
=======================
251 / End
၁၉ ဩဂုတ် ၂၀၁၈ - ၁၅:၅၂
News ID: 906096
တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများ၏ အစီရင်ခံစာ များကို ဂရုတစိုက် စောင့်ကြည့် ဖတ်ရှုနေပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့ တာဝန်ရှိသူများအနေဖြင့် မိမိကိုယ်တိုင် အခြေအနေမှန်ကို သိရှိရန်နှင့် အမှန်အတိုင်း ဆက်လက်တင်ပြရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားသည်။