အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သြဂုတ် ၂၀ ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ လေးရက်ကြာ အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိလျက်ရှိသည်။
စင်ကာပူနှင့် မြန်မာအကြား ပြီးခဲ့သည့် နှစ်များအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာနေခဲ့ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု စာချုပ်တစ်ရပ် ယခုနှစ်မတိုင်ခင် ချုပ်ဆိုနိုင်ရေး လုပ်ဆောင်နေလျက်ရှိချိန် ယခုကဲ့သို့ သူမ၏ စင်ကာပူခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ခရီးစဉ်အတွင်း သြဂုတ် ၂၁ ရက်၌ စင်ကာပူသမ္မတ ဟာလီမာ ယာကော့ဘ်၊ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံး တို့ နှင့် တွေ့ဆုံသွားမည် ဖြစ်ကာ စင်ကာပူဝန်ကြီးချုပ်က သူမအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်သည်။
အလားတူ သြဂုတ်လ ၂၀ ရက် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ၏ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်နှင့် လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒ ကျောင်း၌ တွေ့ဆုံမည် ဖြစ်သည်။ ယနေ့ညနေခင်းတွင် သူမအား စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘာလက်ခရစ်ရှ်နန်က ညနေစာဖြင့် တည်ခင်းမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ် ၂၁ ရက် နေ့လည်ခင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ ဒုဝန်ကြီးချုပ် တီယိုချီဟန်း နှင့်တွေ့ဆုံမည်ဖြစ်သည်။ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် Grand Hyatt ဟိုတယ်တွင် "မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စိန်ခေါ်မှုများနှင့် ရှေ့လမ်းခရီး" “Myanmar’s Democratic Transition: Challenges and Way Forward” ခေါင်းစဉ်ဖြင့် Singapore Lecture ဆိုသည့် မူဝါဒရေးရာ မိန်ခွန်းတစ်ရပ်ကို ဟောပြောမည် ဖြစ်ကြောင်း သိရသည်။
=======================
251 / End
၂၀ ဩဂုတ် ၂၀၁၈ - ၁၈:၁၉
News ID: 906253
သြဂုတ် ၂၀ ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ လေးရက်ကြာ အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိလျက်ရှိသည်။