၂၅ ဩဂုတ် ၂၀၁၈ - ၁၆:၃၆
ရန်ကုန်လိုင်စင်နှင့် မော်တော်ကားတင်သွင်းခွင့်စနစ် အောက်တိုဘာတွင် စတင်မည်

ရန်ကုန်၊ သြဂုတ် ၂၅ ။ ။ ရန်ကုန်လိုင်စင်နှင့် မော်တော်ကားတင်သွင်းခွင့်စနစ် (Yangon Vehicle Quota Certificate-YVQC)ကို အောက်တိုဘာလတွင် စတင်သွားနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 
ရန်ကုန်၊ သြဂုတ် ၂၅ ။           ။ ရန်ကုန်လိုင်စင်နှင့် မော်တော်ကားတင်သွင်းခွင့်စနစ် (Yangon Vehicle Quota Certificate-YVQC)ကို အောက်တိုဘာလတွင် စတင်သွားနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

သြဂုတ်လ ၂၅ ရက်၌ ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ (၂) နှစ်တာဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်စနစ်အား စနစ်တကျထိမ်းသိမ်းနိုင်ရေးအတွက် ပြည်ထောင်စုမော်တော်ယာဉ်တင်သွင်းခွင့်ဥပဒေ၌ ကားသစ်များတင်သွင်းနိုင်ရန်၊ ပြည်တွင်း ကားထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်အချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ဆွေးနွေးခဲ့သည်ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။

"ကားအသစ်တွေမဟုတ်သော်လည်း ကားကောင်းတွေကိုစီးနိုင်ပြီး ပြည်တွင်းမှာကားထုတ်လုပ်ရေး တိုးတက် လာနိုင်စေဖို့အတွက် ဆောင်ရွက်နိုင်ခဲ့တဲ့အခြေအနေတွေ ရှိလာပြီဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုလည်း ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်လိုင်စင်နဲ့ပြေးဆွဲနိုင်တဲ့အခြေအနေတွေကိုလည်း နောက်ပိုင်းမှာ ရရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အောက်တိုလာလောက်ကနေစပြီးတော့ YVQC စနစ် ရန်ကုန်ကားခွဲတမ်းကို သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကားသစ်တွေကိုတရားဝင်စီးနိုင်ပြီး ရန်ကုန်မြို့ရဲ့ ကားတိုးတက်လာမှုနှုန်းကိုလည်း စနစ်တကျထိန်းညှိပေးသွားမှာ   ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်အသိပေးပြောကြားလိုက်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောသည်။

ရန်ကုန်မြို့ရှိ မော်တော်ကားရောင်းဝယ်ရေးစနစ်၌ တစ်နိုင်တစ်ပိုင်တင်သွင်းလာသည့်ကားများကို ရောင်းဝယ်ရေးစခန်းများတွင်ရောင်းချခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး လုပ်ထုံးလုပ်နည်းအရ ကားရောင်းဝယ်ရေးစင်တာဖွင့်လှစ်ကာ ရောင်းချရမည်ဖြစ်သည်ဟု ဆိုသည်။

ကားတင်သွင်းသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ့မော်တော်တင်သွင်းထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများအသင်း၏ ဥက္ကဋ္ဌသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ကို ၂၀၁၅ ခုနှစ်ဧပြီလမှ စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၆ မတ်လ၌ ရပ်ဆိုင်းခဲ့သည်။ ၄င်းနောက် ၂၀၁၈ ဧပြီလတွင် YVQC စနစ်စတင်ရန် ရန်ကုန်ုတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ခဲ့ပြီး ယင်းစနစ်အရ တင်သွင်းမည့်အင်ဂျင်ပါဝါအလိုက် လိုင်စင်ကြေး ၁၀ သိန်းမှ သိန်း ၉၀ အထိ သတ်မှတ်ထားသည်။

=======================
251 / End