၂၈ ဩဂုတ် ၂၀၁၈ - ၀၁:၃၇
 အစိုးရကို မအောင်မြင်စေချင်သူများရှိနေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန်၊ ညီညီညွတ်ညွ

အစိုးရကို မအောင်မြင်စေချင် သူများရှိနေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ဩဂုတ် ၂၇ ရက်တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ထုတ် ဖော်ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစိုးရကို မအောင်မြင်စေချင် သူများရှိနေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ဩဂုတ် ၂၇ ရက်တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ထုတ် ဖော်ပြောကြားသည်။

‘‘ဒီလိုစိတ်မျိုးတွေ မထားပါနဲ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်များအား ပြောကြားသည်။ လက်ရှိအစိုးရ၏ ဆောင်ရွက်ချက်များက မိမိတို့အစိုးရ အောင်မြင်ရေးအတွက် မဟုတ်ဘဲ နိုင်ငံ အောင်မြင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အစိုးရကို အောင်မြင်မှုမရစေလိုသူများသည် နိုင်ငံတော်၏အောင်မြင်မှုကို မရစေလိုသူများဖြစ်သည်ဟု နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင်ပြု လုပ်သောစီးပွားရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲ၌ မိနစ် ၃၀ ခန့် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

‘‘အောင်မြင်တယ်ဆိုတာ ကျွန်မတို့အစိုးရအဖွဲ့တွေ ချမ်း သာလာတာကို ပြောတာမဟုတ် ဘူး။ ပြည်သူလူထုတွေ ချမ်းသာ လာတာကို ပြောတာ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့ နေရသော နိုင်ငံခြားငွေလဲနှုန်း ပြဿနာကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းအပါအဝင် လက်ရှိ စီးပွားရေးအခြေအနေကို ဖြေရှင်းဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုခဲ့သည်။

‘‘ဒီလို တွေ့ဆုံရတဲ့အ ကြောင်းရင်းကတော့ ဦးကျော် တင့်ဆွေနဲ့ ဦးသောင်းထွန်းတို့က စီးပွားရေးလုပ်ငန်းရှင်တွေက ကျွန်မတို့အနေနဲ့ ပုဂ္ဂလိကလုပ် ငန်းရှင်တွေကို သိပ်ပြီး ဂရုမစိုက် ဘူးလို့ ထင်နေကြတယ်လို့ပြောလို့တွေ့ဆုံရတာပါ’’ဟု ဒေါ်အောင် ဆန်းစုကြည်က မိန့်ခွန်းအစတွင် ပြောကြားသည်။ ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းရှင်များသည် ဖွံ့ဖြိုးစ နိုင်ငံတစ်ခုအတွက် များစွာအရေး ပါကြောင်း ရှင်းပြသည်။

ထို့အပြင် ဖွံ့ဖြိုးမှုအားယူ နေသည့်နိုင်ငံတွင် စီးပွားရေးလုပ် ငန်းရှင်ကြီးများရှိရန် လိုအပ်နေပြီး ချမ်းသာသူများ နိုင်ငံတွင်ရှိနေ ခြင်းက ကောင်းမွန်သည်ဟု ဆို သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီး များ ကြွယ်ဝချမ်းသာမှုကို နှစ် သက်ကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်မရှေ့တည့်တည့်မှာ ထိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေက ခရိုနီဆိုတဲ့စကားကို မကြားချင်ဘူးလို့ ပြောတယ်။ ဒါ ပေမဲ့ မပြောမဖြစ်လို့ ပြောလိုက် ဦးမယ်။ ခရိုနီ၊ ခရိုနီဆိုပြီး လက် ညှိုးထိုးတာတွေရှိတယ်။ ကျွန်မ ဒီလိုဟာမျိုးတွေကို မကြိုက်ပါ ဘူး’’ဟု နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောသည်။

အတိတ်ကာလက ဖြစ်စဉ် များကို ပြုပြင်ပြောင်းလဲပြီး တစ် ဦးနှင့်တစ်ဦး ယုံကြည်စွာ၊ သစ္စာရှိစွာ လက်တွဲဆောင်ရွက်မည်ဆို ပါက တိုး တက်မှုများစွာရရှိမည်ဟု ဆိုသည်။

ထို့အပြင် စီးပွားရေးကဏ္ဍ သည် အဂတိလိုက်စားမှု အများ ဆုံးဖြစ်နိုင်ကြောင်း ၎င်းက ဆို သည်။

မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုနှင့်ဆက်စပ်ပြီး လာဘ် ပေးလာဘ်ယူမှုများကို စီးပွားရေး လုပ်ငန်းရှင်များက စိုးရိမ်သည် ကို သိရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။ ထို့ကြောင့် အဂတိလိုက်စားမှု ကြုံတွေ့သူတိုင်းက အစိုးရထံ တိုင်ကြားရန် ပြောသည်။ မြန်မာနိုင်ငံ ရှိ ဝန်ထမ်းများကို အစိုးရကစောင့်ကြည့်နိုင်ခြင်းမရှိခြင်းကြောင့် ပြည်သူများ ဝိုင်းဝန်းကူညီပေးရန် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ မှုများနှင့် ဆက်နွှယ်နေသည်က တင်ဒါကိစ္စများဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ စီမံကိန်းကြီးများ ပြီးသင့် သည့်အချိန် မပြီးစီးရခြင်းက တင်ဒါကိစ္စကြောင့်ဖြစ်ရသည်ဟု ဆိုသည်။ တင်ဒါကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရတွင် စိန်ခေါ် မှုကြီးတစ်ခု ကြုံတွေ့နေရသည် ဟု ပြောသည်။

ထို့ကြောင့် အစိုးရဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများက တင်ဒါလုပ်ငန်း များ မြန်မြန်ဆန်ဆန် ပြီးမြောက် ရေးကို ဆောင်ရွက်နေကြောင်း ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ကြိုးနီစနစ် များနှင့်ပတ်သက်၍ ပိတ်ဆို့မှုများ မဖြစ်အောင် စီစဉ်နေသည်ဟု ဆိုသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်က လျင်မြန် စွာ လုပ်ငန်းများ ပြီးစီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

နိုင်ငံ့စီးပွားရေးတိုးတက်မှု ၏ အရေးကြီးသည့်အချက်ကို သိရှိ၍ စီးပွားရေးတိုးတက်မှုက နိုင်ငံရေးတွင် အရေးကြီးကြောင်း ပြောသည်။ ကမ္ဘာ့စင်မြင့်ပေါ်တွင် နိုင်ငံရေးဩဇာနည်းခြင်းက နိုင်ငံ့စီးပွားရေး အင်အားနည်းခြင်း ကြောင့်ဟု ကုလသမဂ္ဂတွင် အဖွဲ့အစည်းများ၊ အေဂျင်စီများရာထူး ခန့်သည့်အခြေအနေနှင့် နှိုင်းယှဉ် ပြောပြသည်။

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ မှ ခွဲတမ်းထည့်ဝင်နိုင်မှု နည်းခြင်း ကြောင့် မြန်မာနိုင်ငံအနေဖြင့် မဲ ပေးပိုင်ခွင့် ၁ ရာခိုင်နှုန်းပင်မပြည့် ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ကြောင့် အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးကို ကူညီပေးရန် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု စီမံချက် ၂၀၁၈-၂၀၃၀ ကို စီမံကိန်းရေးဆွဲထားသည်ဟု  ဆို သည်။

ထို့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကူ ညီပေးခဲ့သော စီးပွားရေးလုပ်ငန်း ရှင်များ၊ နိုင်ငံသားများကို ကျေးဇူး တင်ကြောင်း ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံစီးပွား ရေးကို လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အခြေခံသည့် ခေတ်မီစက်မှု နိုင်ငံဖြစ်ရေး ဆောင်ရွက်နေ ကြောင်း ပြောသည်။ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါကဏ္ဍတွင် ပါဝင်ရင်းနှီး မြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်ရန် စဉ်းစားစေလိုသည်ဟု ဆိုသည်။

ထို့အပြင် သုတေသနလုပ် ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြု လုပ်ပေးရန် စီးပွားရေးလုပ်ငန်း ရှင်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတောင်းဆိုသည်။

ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံတင့်တယ်စွာရပ်တည်နိုင်ရန် လို အပ်သည့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို စေတနာ၊ စိတ်ဓာတ် အင်အား၊ ညီညွတ်မှုသာမက ဉာဏ်ပညာအင်အားနှင့်ပါ ပူး ပေါင်းဆောင်ရွက်ရန် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာ ရပ်ခံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားပြီး နောက် စီးပွားရေးလုပ်ငန်းရှင်သုံး ဦးခန့်က လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေနှင့်ပတ်သက်၍ အကြံပြုချက်များ၊ တောင်းဆိုမှု များကို နောက်ထပ် မိနစ် ၃၀ ခန့်အတွင်း တင်ပြသည်။

ပို့ကုန်မြှင့်တင်ပြီး အိမ်နီးချင်း နိုင်ငံများ၏ကုန်သွယ်မှုကို အစိုးရ ချင်း တရားဝင်ညှိနှိုင်းပေးရန်၊ ရင်း နှီးမြှုပ်နှံမှုများတိုးမြှင့်လာရန် နိုင်ငံတကာဘဏ်လုပ်ငန်းများကို လုပ် ပိုင်ခွင့်ချဲ့ထွင်ခွင့်ပေးရန်၊ သွင်း ကုန် အစားထိုး ထုတ်လုပ်မှုကို ဆောင်ရွက်ပြီး တရားမဝင် ကုန် သွယ်ရေးကို လျော့ကျအောင် ဆောင်ရွက်ရန်၊ ဒေါ်လာအပေါ် မှီခိုမှုလျှော့ချပြီး ပြည်တွင်းရောင်း ဝယ်မှုများတွင် ကျပ်ငွေအသုံးများ လာစေရေး ဆောင်ရွက်ရန် ဟူသည့် အချက်လေးချက်ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အကြံ ပြုသည်။

ထို့နောက် ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်က ဘဏ် တိုးနှုန်း ၁၃ ရာခိုင်နှုန်းကို ၉ ရာခိုင်နှုန်း (သို့မဟုတ်) ၈ ရာခိုင်နှုန်းအထိ လျှော့ချပေးရန်နှင့် ဝင်ငွေရလမ်း မပြနိုင်သည့်ငွေဖြင့် ပစ္စည်းဝယ်ယူ ပါက အခွန် ၃၀ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်းအထိ တစ်နှစ် (သို့မဟုတ်) ၂ နှစ် လျှော့ချပေးရန် တောင်းဆိုခဲ့သည်။

ကွန်ဒိုမီနီယံဥပဒေ ထွက် ပေါ်လာခြင်းသည် လုပ်ငန်းရှင်များအတွက် ကောင်းမွန်ပြီး ဝယ် ယူသူများမက်လုံးဖြစ်စေမည့် အခွန်အခအဖြစ် သတ်မှတ်ရန် လိုသည်ဟု ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

ဝင်ငွေရလမ်းမပြနိုင်သည့် ငွေဖြင့် ပစ္စည်းဝယ်ယူပါက ၃၀ ရာခိုင်နှုန်းအခွန်ကောက်ခံခြင်းကို လျှော့ပေးခြင်းကြောင့် အခွန်ငွေ ပိုရလာနိုင်ကြောင်း ၎င်းက ဆို သည်။ ‘‘အခွန်နှုန်းတွေ Buyer (ဝယ်ယူသူ)အတွက် လျှော့ပြီးမှ ၂၀၁၉ မှာ အကယ်၍ ၂၀၁၈ ထက်ကို ကျသွားမယ်ဆိုရင် လိုအပ်တဲ့ ဘဏ္ဍာငွေကို ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌတစ်ယောက်အနေ နဲ့ တာဝန်ယူပြီးတော့၊ စုပေါင်း ပြီးတော့ လျှော်ပေးပါမယ်’’ ဟု ဦးရှိန်ဝင်းက ကတိပြုပြောကြား သည်။

‘‘နိုင်ငံတော်အတိုင်ပင်ခံ ပြောသွားတဲ့အထဲမှာ ကျွန်တော် တို့ရဲ့စိုက်ပျိုးရေးကဏ္ဍကို အခြေ ခံပြီးတော့ စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံဖြစ်အောင် ထူ ထောင်မယ်ဆိုတဲ့ မူဝါဒကိုတော့ ကျွန်တော်က ကြိုဆိုတယ်။ ဒီဟာ က အမှန်တကယ်ဖြစ်နေတာပဲ။ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုတွေက တောင်သူလယ်သမားတွေ အများ ကြီးခံစားနေရတယ်’’ဟု ဧဒင်ကုမ္ပ ဏီများအုပ်စုဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

IGE ကုမ္ပဏီအုပ်စု ဦးနေ အောင်က အတိုင်ပင်ခံပုဂ္ဂိုလ် သည် ကိစ္စအားလုံးကို ခြုံငုံပြော ကြားခြင်းဖြစ်ပြီး အချို့ကိစ္စရပ် များကို ပြန်လည်စဉ်းစားရမည်ဟု ဆိုသည်။

‘‘ဖြစ်နိုင်ရင်တော့ Sector တစ်ခုချင်းကို အသေးစိတ်ပြန်ပြီး တော့ တကယ်သိတဲ့လူတွေရော၊ နိုင်ငံမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ရော တိုင်ပင်ပြီးတော့ လုပ်သွားမှာပဲ။ ပိုပြီးတော့ အဖြေကောင်းထွက် လာနိုင်မယ်လို့ ထင်ပါတယ်။ ဒါ ဒီနေ့က တွေ့ဆုံမှုစတယ်ဆိုတော့ ဆက်လက်ပြီးတော့ ပုံမှန်ဆွေးနွေး သွားပြီး ပုံမှန်အကျိုးရှိအောင် လုပ်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်’’ဟု မက်စ်ကုမ္ပဏီများအုပ် စုနှင့် ဧရာဝတီငွေကြေးကုမ္ပဏီ အုပ်စုဥက္ကဋ္ဌ ဦးဇော်ဇော်က ပြော သည်။

ယခုတွေ့ဆုံမှုက နိုင်ငံ့စီးပွား ရေးအခြေနေမှန်ကိုခေါင်းဆောင် ပိုင်းကသေချာစွာသိမြင်ပြီး ကုစား နိုင်မည့်နည်းလမ်းများကို အမှန် ကန်ဆုံး ဆုံးဖြတ်နိုင်လိမ့်မည်ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်း ကပြောသည်။

ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏  အခြေအနေကို မျက်ခြည်မပြတ်မြင်တွေ့ရပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို ယခုကဲ့သို့တွေ့ဆုံပွဲများအပြီးတွင် အစိုးရကဘာလုပ်သင့်သည်ကို လျင်မြန်စွာဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ကြောင်း  ၎င်းက ပြောသည်။

=======================
251 / End