၂၈ ဩဂုတ် ၂၀၁၈ - ၀၂:၀၉
တပ်ချုပ်ဖေ့စ်ဘွတ်ခ်စာမျက်နှာအပါအဝင် အကောင့်နှင့် စာမျက်နှာ ၇၀ ကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးတို့၏ တရားဝင်စာမျက်နှာ အပါအဝင် အကောင့်နှင့် စာမျက်နှာ ၇၀ ကို ဖယ် ရှားခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်က ဩဂုတ် ၂၇ ရက်တွင် ကြေညာသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးတို့၏ တရားဝင်စာမျက်နှာ အပါအဝင် အကောင့်နှင့် စာမျက်နှာ ၇၀ ကို ဖယ် ရှားခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်က ဩဂုတ် ၂၇ ရက်တွင် ကြေညာသည်။

မြန်မာနိုင်ငံ၌ ဖေ့စ်ဘွတ်ခ်အသုံးပြု၍ အမုန်း စကားဖြန့်ဝေမှုများဖြစ်ပေါ်နေခြင်းကို တိုက်ဖျက် သည့် အစီအမံတစ်ရပ်အဖြစ် အကောင့် ၁၈ ခုနှင့် စာမျက်နှာ ၅၂ ခုကို ပိတ်သိမ်းကြောင်း ဩဂုတ်၂၇ ရက်တွင် အမေရိကန်အခြေစိုက် ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ တရားဝင်စာမျက် နှာအပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ ခန့်က ဖွင့်လှစ်ထား သည့် အကောင့်နှင့် စာမျက်နှာ များ ဖေ့စ်ဘွတ်ခ်ပေါ်မှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်က ဖြုတ်ချခဲ့သည့် စာမျက်နှာများတွင် Follower ၁၂ သန်းခန့်ထိ ရှိနေသည်။ ထို့အပြင် တပ်မတော်နှင့် ဆက်နွှယ်နေသည့် မြဝတီရုပ်မြင်သံကြားဌာန၏ စာမျက်နှာလည်း ပါဝင်သည်။

ယင်းသို့ ဖြုတ်ချရသည့်အ ကြောင်းရင်းနှင့်ပတ်သက်၍ ဖေ့စ် ဘွတ်ခ်သို့ မေးမြန်းထားပြီး အဆို ပါ လုပ်ဆောင်ချက်သည် လက်ရှိ အစိုးရဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တစ်နည်းတစ်ဖုံ ထိခိုက်မှုရှိလာ မည်ကို စိုးရိမ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

‘‘နံပါတ် (၁) Senior GeneralMin Aung Hlaing၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကျန်တဲ့ Page တွေ ဖြုတ်ချခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်ခ် က ထုတ်ပြန်ထားတဲ့အတိုင်း ဖြစ် ပါတယ်။ နံပါတ် (၂) အချက်က ဒီအပေါ်မှာ အစိုးရရဲ့ Input တစ် စုံတစ်ရာမပါပါဘူး။ နံပါတ် (၃) အချက်က အစိုးရက ဖွဲ့စည်းထား တဲ့ SMMT (Social Media Monitoring Team) အဲဒါလည်း မပါပါဘူး။ ဒါကိုတော့ ကျွန်တော် တို့က အတိအလင်းပြောချင်ပါ တယ်’’ဟု ၎င်းက ရှင်းပြသည်။

တပ်မတော်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများ ဖယ်ရှားခံရပြီး နောက် ယမန်နေ့မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး အဆင့်ရှိ ထိပ်တန်းအရာရှိနှင့် အရာရှိကြီး များက သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးထံ ဆက်သွယ်၍ မည်သို့ဖြစ်ကြောင်း အကျိုးအကြောင်း လှမ်းမေးမြန်းသည်ဟု ဦးဇော်ဌေးက ဆိုသည်။

ဖေ့စ်ဘွတ်ခ်က Com-munity Standard ဖြင့် မညီညွတ် ၍ ဖြုတ်ချသည်ဆိုသော်လည်း ယင်းအကြောင်းပြချက်အပေါ် ဝေဖန်မှုများရှိနေပြီး တပ်မတော်၏ စာမျက်နှာများ ပြန်လည်ရရှိ အောင် မည်သို့ဆောင်ရွက်ရမည် နှင့် စာမျက်နှာအသစ်များ ထပ်မံ ဖွင့်လှစ်ပါကလည်း ယခုလိုဖြုတ် ချမည်လားဆိုခြင်းကို ဖေ့စ်ဘွတ်ခ်နှင့် ဆွေးနွေးနေကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

Senior General Min AungHlaing စာမျက်နှာနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက် နှာတို့သည် အမုန်းပွားသည့်စာသားများကို လွှင့်တင်နေခြင်း မဟုတ်ဘဲ တပ်မတော်၏ နိုင်ငံ တော်တည်ဆောက်ရေးအမြင်နှင့် ငြိမ်းချမ်းရေးအမြင် စသည့်အမြင် မျိုးစုံကို ဖော်ပြနေခြင်းဖြစ်၍ ယခု လိုဖြုတ်ချခံရခြင်းသည် ဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း တပ်မတော် အရာရှိကြီးတစ်ဦးက မှတ်ချက်ပြု သည်။

‘‘ဆုံးရှုံးမှုကတော့ အချိန်နဲ့ တစ်ပြေးညီဆိုတာ ဆုံးရှုံးတာ ပေါ့။ အကောင့်တွေက အချိန်နဲ့ တစ်ပြေးညီ တင်လို့ရတာကိုး။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း ပြည်တွင်းမှာလုပ်နေတဲ့ မြဝတီ ရုပ်သံတို့၊ သတင်းစာတို့ရှိတာ ပေါ့။ သတင်းစာဆိုတာလည်း ဒီ နေ့သတင်းကို နောက်နေ့မှ သိတာကိုး။ တီဗီကလည်း ဘယ်လောက် ပဲ မြန်တယ်ပြောပြော။ သတင်း ကြည့်နေရမှကိုး။ ဘယ်လောက် ပဲ မြန်အောင်လုပ်သည်ဖြစ်စေ လေးနာရီလောက် သတင်းသိခွင့် နောက်ကျတာပေါ့ဗျာ’’ဟု တပ် မတော်အရာရှိကြီးတစ်ဦးက ဆို သည်။

တပ်မတော်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများကို ဖြုတ်ချခြင်း သည် အရပ်သားအစိုးရနှင့် တပ် မတော်အကြား ဆက်ဆံရေးကို အနည်းနှင့်အများ ရိုက်ခတ်မှုရှိနိုင် ပြီး စာမျက်နှာအတုများ ပေါ်ထွက်လာကာ မမှန်သတင်းများ ဖြန့်ချိ ပါက အဖွဲ့အစည်းတစ်ခုနှင့် တစ် ခုအကြား အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းတပ်မတော်အရာရှိကြီးက သုံးသပ်သည်။

မြန်မာ့နိုင်ငံရေး လေ့လာ စောင့်ကြည့်သူအချို့က တပ် မတော်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ များကို ဖယ်ရှားခြင်းသည် တပ်မတော်ထံမှ သတင်းရရှိမှု အခက်အခဲ ဖြစ်ပေါ်စေကြောင်း သုံးသပ်သည်။

‘‘တပ်မတော်က ပြောတာ မှားတာ၊ မှန်တာကို ကျွန်တော်တို့ က ဆုံးဖြတ်မှာပေါ့။ တပ်မတော် က ထုတ်ပြန်တဲ့ သတင်းကို ကျွန် တော်တို့ သိဖို့လိုတယ်ဗျ’’ဟု တိုင်းရင်းသားအရေး လေ့လာစောင့် ကြည့်သူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုသည်။

ဖေ့စ်ဘွတ်ခ်ကို အသုံးပြု၍ အမုန်းပွားသည့် စာမျက်နှာအချို့ ရှိနိုင်သော်လည်း လက်ရှိဖယ်ရှား ခဲ့သည့် စာမျက်နှာကို မည်သည့် မူဖြင့် ပိတ်ပင်သလဲဆိုသည်နှင့် ပိတ်ပင်ရသည့် အထောက်အ ထားလိုအပ်ကြောင်း မြန်မာ့နိုင်ငံ ရေး လေ့လာစောင့်ကြည့်သူ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

‘‘တပ်မတော်မို့ ပိတ်တယ်ဆို ရင်တော့ မဟုတ်သေးဘူးထင်ပါ တယ်’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေ သည့် လူမျိုးရေးပြဿနာများ သည် အမှန်တကယ် ဆိုးရွားလွန်း နေကြောင်း၊ အစောပိုင်းတွင် ဖေ့စ်ဘွတ်ခ်အနေဖြင့် အမုန်းစကားနှင့် သတင်းတုဖြန့်ဝေမှုများ ကို တားဆီးရာတွင် အားနည်းချက်အချို့ရှိခဲ့ကြောင်း၊ သို့သော် နည်းပညာပိုင်း မြှင့်တင်လာနိုင်မှုနှင့် အတူ ယင်းကဏ္ဍကို ပိုမို၍ ကြပ် မတ် ကိုင်တွယ်လာနိုင်ပြီဖြစ် ကြောင်း ဖေ့စ်ဘွတ်ခ်၏ ကြေညာချက်တွင် ပါရှိ သည်။

ထိုသို့ ဖယ်ရှားခဲ့ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေစိစစ်ရေးမစ်ရှင်အဖွဲ့နှင့် နိုင်ငံတကာကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအလိုက် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများရှိနေသည့်  အထောက်အထားများ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဖေ့စ်ဘွတ်ခ် အနေဖြင့်၎င်းတို့ ပေးထားသည့် ဝန်ဆောင် မှုကို အသုံးပြုကာ လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုများ အရှိန်မြင့်လာအောင် လှုံ့ဆော်မည်ကိုတားဆီးရန် လိုလားကြောင်း၊ထို့ကြောင့် ယင်းအဖွဲ့အစည်းများ နှင့် ဆက်စပ်သည့် စာမျက်နှာ ခြောက်ခု၊ အကောင့်ခြောက်ခု၊ Instagram မှ အကောင့်တစ်ခု ကို ဖယ်ရှားခဲ့ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ဖေ့စ်ဘွတ်ခ်ပေါ်၌ အစစ်အမှန်မဟုတ်သော၊ ဖေ့စ်ဘွတ်ခ်၏ စံသတ်မှတ်ချက် များနှင့် မလျော်ညီသော စာမျက် နှာ ခြောက်ခုနှင့် အကောင့် ၁၂ ခုတို့ကိုပါ ဖြုတ်ချရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ ဖေ့စ်ဘွတ်ခ်က ယင်းတို့၏ ဝန်ဆောင်မှုကို မလျော်ကန်သော နည်းလမ်းများ အသုံးပြုခြင်း၊ လူ့အခွင့်အရေးကို သက်ရောက်ထိခိုက်စေခြင်းများ ထပ်မံမဖြစ်စေရန် ဆက်လက်၍ စီမံလုပ်ဆောင်မည်ဟုဆိုသည်။

ဖေ့စ်ဘွတ်ခ်သည် ဖြုတ်ချခဲ့ သော အကောင့်နှင့် စာမျက်နှာ များအနက် အချို့ကို Screenshot မှတ်တမ်းယူကာ ကြေညာချက် တွင် ထည့်သွင်းဖော်ပြထားသည်။ အရေးယူ ဖယ်ရှားခံရသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် နောက်ထပ်လှုပ်ရှားမှုမျိုး မတွေ့ရဟုလည်း ဖေ့စ်ဘွတ်ခ်က ကြေညာထားသည်။  

=======================
251 / End