၁ စက်တင်ဘာ ၂၀၁၈ - ၁၅:၃၆
ဘင်္ဂါလီအရေးတွင် ဒေါ်အောင်ဆန်းစုကြည် လုပ်ပိုင်ခွင့်နည်းလွန်းဟု အမေရိကန်လွှတ်တော်အမတ်ကာကွယ်ပြောဆို

ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ်ဖြေရှင်းပေး ရန် လုပ်ပိုင်ခွင့်နည်းလွန်းကြောင်း ၎င်းကို ကာလရှည်ကြာ အားပေး ထောက်ခံခဲ့သည့် ဝါရင့်အမေရိ ကန်အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်လ်က ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ်ဖြေရှင်းပေး ရန် လုပ်ပိုင်ခွင့်နည်းလွန်းကြောင်း ၎င်းကို ကာလရှည်ကြာ အားပေး ထောက်ခံခဲ့သည့် ဝါရင့်အမေရိ ကန်အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်လ်က ပြော ကြားသည်။

 ရခိုင်ပြည်နယ်တွင် နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများအ တွင်း ဘင်္ဂါလီ မျိုးနွယ်စုများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲမှုများ မြင့်တက်လာ ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်နေသည့် မြန်မာ အစိုးရအပေါ် နိုင်ငံတကာ ဖိအားပေးမှုများလည်း ပိုမို ပြင်းထန်လာ သည်။

သို့သော် ဘင်္ဂါလီများ ဖိနှိပ်ခံရသည်ဆိုသော ကိစ္စကို ကြားဝင် ဖြေရှင်းကိုင်တွယ်ရန် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မည်သို့မျှ မတတ်နိုင်ကြောင်း ၎င်း၏မိတ်ဆွေရင်းချာတစ်ဦးလည်း ဖြစ် သည့် မစ်ခ်ျမက်ကော်နယ်လ်က ကာကွယ်ပြောဆိုခဲ့သည်။

အထက်လွှတ်တော်၏ အ မတ်အများဆုံး ရွေးကောက်ခံ ပါတီကိုယ်စားပြုအစုအဖွဲ့ခေါင်း ဆောင်အဖြစ်လည်း တာဝန်ယူ ထားသည့် ရီပက်ဘလေကန်နိုင်ငံရေးသမားသည် ယခင်ကတည်း က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ အကြိမ်ကြိမ် ကာကွယ်တုံ့ပြန်ခဲ့ဖူး သည်။

ဘင်္ဂါလီများအပေါ် ရက်စက်စွာ ဖိနှိပ်မှုများ ကျူးလွန်နေခြင်းနှင့် ပတ်သက်၍ မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းထိပ်တန်းအရာရှိကြီးများကို အရေးယူပေးရန် တိုက်တွန်းထားသော အစီရင်ခံ စာတစ်စောင် ကုလသမဂ္ဂ၌ တင်သွင်းလာသည့်နောက် ထိုကိစ္စများကို ဒေါ်အောင်ဆန်းစုကြည် ပါဝင် ကိုင်တွယ် စီမံပိုင်ခွင့်မရှိဟု မက် ကော်နယ်လ်က သုံးသပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ ရာနှုန်း ပြည့်အုပ်ချုပ်မှုအောက်တွင် ရှိမ နေဟု ၎င်းကဆိုသည်။

‘‘သူ့လုပ်ပိုင်ခွင့်က အရမ်းအ ကန့်အသတ် ဖြစ်လွန်းပါတယ်။ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို ညွှန်ကြားဖို့က ပိုပြီး ဝေးကွာပါတယ်’’ ဟု မက်ကော်နယ်လ်က ပြောကြားခဲ့သည်။ လွှတ်တော်ထဲတွင် တပ်မတော်သား ကိုယ်စားလှယ်ဦးရေ ၂၅ ရာခိုင်နှုန်း ရှိနေခြင်းကလည်း အစိုးရအတွက် အခက်အခဲတစ် ရပ်ဟု မှတ်ချက်ပေးခဲ့သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရဲ့ စစ်မှန်တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်လာခွင့်အတွက် သူတို့က အပြောင်းအလဲလုပ်ပေး နိုင်မှာ မဟုတ်ဘူးလေ’’ဟု ၎င်းက ပြောကြားခဲ့သည်။

ယခု သီတင်းပတ်အစော ပိုင်းက ကုလသမဂ္ဂတွင် မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် အချက် အလက် ရှာဖွေရေးမစ်ရှင်တစ်ခု က အစီရင်ခံစာတင်သွင်းရာ၌ ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် တပ်မတော် ထိပ်တန်းခေါင်းဆောင်ခြောက်ဦး ကို ရာဇဝတ်ကြောင်းအရ စွဲချက် တင်အရေးယူရန် ဖော်ပြထား သည်။

ကုလသမဂ္ဂလုံခြုံရေးညီလာ ခံတွင်လည်း အမေရိကန်သံအ မတ် နစ်ကီဟာလေက အစီရင်ခံ ဖော်ပြမှုတွင် ပါရှိသည့် အချက်အ လက်များအတိုင်း ဘင်္ဂါလီများအ ပေါ် ဖိနှိပ်သည့် လှုပ်ရှားမှုများ ရှိခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ယုံကြည်ယူဆထားကြောင်း ပြောကြားခဲ့သည်။ သို့သော် အစီရင်ခံ စာမှ လူမျိုးသုဉ်းသတ်ဖြတ်မှုဆို သော ဝေါဟာရကိုမူ ဟာလေက သုံးနှုန်းမသွားခဲ့ချေ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စိစစ်လေ့လာမှု များ၌ ယခုအစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် ဘင်္ဂါလီ မျိုးနွယ်စု ဦးရေ ၁,၀၀၀ ကျော်အနက် သတ်ဖြတ်ခံရသူ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ဆက်နွှယ်သည့် အရေအတွက် ၁၀၀ ဝန်းကျင်သာ ရှိကြောင်း ဟာလေက ဆိုသည်။ ဘင်္ဂါလီများအနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုထက် မျိုးနွယ်စုရှင်း လင်းမှုမျိုးကြုံနေရသည့် သဘော ပိုဆန်ကြောင်း ၎င်းက မှတ်ချက် ပေးပြောကြားခဲ့သည်။

=======================
251 / End