အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မကွေး၊ စက်တင်ဘာ ၃ ။ ။ မကွေးခရိုင်အတွင်း မှုခင်းများလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ လင်းယုန်စစ်ဆင်ရေးကို စက်တင်ဘာ(၃) ရက်နေ့မှ စတင်ကာ ၁လကြာပြုလုပ်သွားမည်ဖြစ်ကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါစစ်ဆင်ရေးတွင် လောင်းကစားနှင့် ခိုး၊ ဆိုး၊ လု၊ နှိုက်အပါအ၀င် အခြားသောမှုခင်းများကိုပါကျဆင်း လျော့နည်းသွားစေရေးအတွက် "လင်းယုန်"စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ရဲကင်းစခန်း(၆)ခုထိုးကာ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့မှစ၍ တားဆီးနှိမ်နင်း သွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးခရိုင်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးအမှုများနှင့် အခြားအမှုများကို တားဆီးနှိမ်နင်းရန်ရည်ရွယ်ပြီး အဆိုပါစစ်ဆင်ရေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း လင်းယုန်စစ်ဆင်ရေးကို မကွေးမြို့နှင့် တောင်တွင်းမြို့တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါမြို့များ၏ မြို့အဝင်လမ်းများနှင့် ရပ်ကွက်များတွင် သွားလာနေကြသည့်ယာဉ်များအား စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“မကွေးမြို့မှာလည်း ရဲတပ်ဖွဲ့ဝင်တွေကိုတောင် ခုခံလာတဲ့ အနေအထားတွေဖြစ်လာလို့ တိုင်းတပ်ဖွဲ့မှူးရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်တာပါ” ဟု မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်မှူး ရဲမှူးစိုးဝင်းက ပြောသည်။
၂၀၁၈ ခုနှစ်ဇန်န၀ါရီလမှ သြဂုတ်လကုန်ထိ မကွေးမြို့နယ်တွင်လူသတ်မှု ၂၅ မှု၊ မုဒိမ်းမှု ၁၈ မှု၊ မူးယစ်ဆေးဝါးမှု ၂၄ မှု၊ လုယက်မှု ၄မှုနှင့် ခိုးမှု ၁၅၀ နီးပါးခန့်ရှိကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။
အဆိုပါမှုခင်းများ လျော့နည်းကျဆင်းရေးအတွက် မကွေးမြို့၊ တောင်တွင်းမြို့နှင့် မကွေးတိုင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၂၀၀ကျော်ပူးပေါင်းကာ စစ်ဆင်ရေးပြုလုပ်သွားမည်ဖြစ်ကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“မကွေးမြို့ပေါ် ရဲတပ်ဖွဲ့အင်အားအပြင် တစ်ခြား မြို့နယ်တွေကနေ အင်အားထပ်ဆောင်းပြီး (၃)ရပ်ကွက် (၁)ကင်းနဲ့ ရဲကင်း(၆)ခု ထိုးပြီး (၂၄)နာရီ ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ ရပ်ကွက်တွေမှာရှိတဲ့ အုပ် ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ၊ မီးသတ်တွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပေါင်းပြီး လှည့်ကင်း၊ ရပ်ကင်း တွေလုပ်မယ်။ ခိုး၊ ဆိုး၊ လု၊ နှိုက်၊ မူးယစ်ရမ်းကားနဲ့ လောင်းကစားတွေကို ဖမ်းဆီးပြီး မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲတွေလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က ပြောသည်။
=======================
251 / End
၃ စက်တင်ဘာ ၂၀၁၈ - ၁၄:၂၁
News ID: 907906
မေကြး၊ စက္တင္ဘာ ၃ ။ ။ မကွေးခရိုင်အတွင်း မှုခင်းများလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ လင်းယုန်စစ်ဆင်ရေးကို စက်တင်ဘာ(၃) ရက်နေ့မှ စတင်ကာ ၁လကြာပြုလုပ်သွားမည်ဖြစ်ကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။