၂၁ စက်တင်ဘာ ၂၀၁၈ - ၁၅:၁၈
ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် မြန်မာအစိုးရအား ကုလသမဂ္ဂအကြီးအကဲ တိုက်တွန်း

ထောင်ဒဏ်ချမှတ်ခံထားရသော Reuters သတင်းထောက်နှစ်ဦး ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အကြီးအကဲက မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထောင်ဒဏ်ချမှတ်ခံထားရသော Reuters သတင်းထောက်နှစ်ဦး ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အကြီးအကဲက မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုသည်။

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်က Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်မြန်မာအစိုးရထံ ဦးတည်ပန်ကြားသည်။

‘‘သူတို့ရဲ့ အလုပ်တာဝန်ကို လုပ်ဆောင်ခဲ့တဲ့အတွက် Reuters သတင်းထောက်တွေကို ထောင် ဒဏ်ချမှတ်ခဲ့တယ်ဆိုတာမျိုးက လက်ခံနိုင်စရာမရှိပါဘူး။ ဒီကိစ္စ မျိုး မဖြစ်သင့်ဘူးလို့ ကျွန်တော် အလေးအနက် ယုံကြည်တယ်။ မြန်မာအစိုးရအနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးအပ်ပြီး သတင်း ထောက်နှစ်ဦးကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်’’ဟု ဂူတာရက်စ် က ဆိုသည်။

သတင်းထောက် နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ မြန်မာအစိုးရခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လတ်တလောမှတ်ချက်အပေါ် သတင်းထောက်များက မေးမြန်း စဉ် ဂူတာရက်စ်က ၎င်း၏သဘော ထားကို ယင်းသို့ မှတ်ချက်ပေးခြင်းဖြစ်သည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦး သည် ရခိုင်ပဋိပက္ခနှင့် ဆက်စပ်၍ သတင်းယူနေစဉ် ပြီးခဲ့သည့် နှစ် ကုန်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရသည်။ စက်တင်ဘာ ၃ ရက်တွင်မူ ၎င်းတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ထောင် ဒဏ်ခုနစ်နှစ်စီ ချမှတ်ခဲ့သည်။

ဗီယက်နမ်သို့ ရောက်ရှိနေ စဉ် ဒေါ်အောင်ဆန်းစုကြည်က Reuters သတင်းထောက်နှစ်ဦး ထောင်ဒဏ် ချမှတ်ခံရခြင်းသည် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ထိပါးခြင်းမဟုတ်ဘဲ ဥပဒေနှင့် အညီ စီရင်ဆုံးဖြတ်ခြင်းသာဖြစ် ကြောင်း မှတ်ချက်ပေးပြောဆိုခဲ့ သည်။ ထို့အပြင် သတင်းထောက် နှစ်ဦးသည် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြစ်ဒဏ်ကို အယူခံဝင်ပိုင်ခွင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အငြင်းပွားစရာ အခြေအနေများ ရှိနေပြီး ရဲဝန်ထမ်းတစ်ဦးကလည်း  သတင်းထောက်နှစ်ဦးကို ရည်ရွယ်ချက်ရှိရှိ ထောင်ဖမ်းခဲ့ ကြောင်း တရားရုံးတွင် ထွက်ဆို အစစ်ခံခဲ့သည်။

=======================
251 / End