အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စံချိန်တင်မြင့် တက်နေသော ဒေါ်လာဈေးနှင့် ပတ်သက်၍ ငွေကြေးစီးဆင်းမှုစာရင်းဇယားများကိုစစ်ဆေးနေပြီး ပုံမှန်မဟုတ်သော ရောင်းဝယ် မှု ပြုလုပ်နေသည့် နေရာများကို စိစစ်ပြီးနောက် တွေ့ရှိမှုအပေါ် မူ တည်၍ အရေးယူမှုရှိလာမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတိပေးပြောကြား သည်။
ယခင်အစိုးရလက်ထက်က ယင်းသို့ ဒေါ်လာဈေးတက်ပါက အရောင်းအဝယ်လုပ်သူများကို ခေါ်၍ မေးမြန်းလျှင် ဒေါ်လာဈေး ကျသော်လည်း လက်ရှိအစိုးရအ နေဖြင့် ထိုသို့မလုပ်လိုကြောင်း ၎င်းက ရှင်းပြသည်။
‘‘နေ့စဉ် ဗဟိုဘဏ်က ရောင်းပေးတာ သောင်းဂဏန်းလောက် ရှိတယ်။ အဲဒီသောင်းဂဏန်းနဲ့ ဒီ ဈေးကွက်ကြီးကို မထိန်းနိုင်ဘူး။ မထိန်းနိုင်တော့ ဟို Demand အဲဒီလောက် မတက်ပြန်ဘူးဆိုရင် အပြင်မှာ ဗဟိုဘဏ်က မဟုတ် သော အပြင်ဈေးကွက်မှာ ရောင်း ဝယ်နေတဲ့ဟာတွေက ဘယ်နေရာတွေလဲ။ ဒါတွေလည်း ကျွန်တော် တို့လုပ်နေပါတယ်’’ဟု ဦးဇော်ဌေးက သမ္မတအိမ်တော်တွင် နှစ်ပတ်တစ်ကြိမ်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
လက်ရှိတွင် ကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာပြီး ကျပ်ငွေ တန်ဖိုးကျဆင်းနေရာ အခြေခံလူသုံးကုန်များဖြစ်သည့် ဆေးဝါး၊ စက်သုံးဆီစသည်တို့အပေါ် တိုက်ရိုက်သက်ရောက်နေပြီး လူထုအကျပ်အတည်းတွေ့နေမှုကို အစိုးရပိုင်းလူကြီးများ စဉ်းစားနေပြီး အကြံဉာဏ်များ ရယူနေကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။
ထိုသို့ ကိစ္စရပ်များ ဖြေရှင်း ရာတွင် အခြေအနေများကို လှုပ် လှုပ်ရှားရှားမဖြစ်စေဘဲ အရာရာ ချိန်ဆ၍ ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
Re-export ကို ပိတ်ထား သော်လည်း ဈေးကွက်ထဲတွင် ပါမစ်များ ရှိနေသေးကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် အတည်ပြုနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်း ၎င်းကပြောသည်။
ကန်ဒေါ်လာဈေးမြင့်တက်မှု များဖြစ်ပေါ်လာပြီးနောက် သြဂုတ်ကစ၍ သကြားအပါအဝင် ကုန်ပစ္စည်းအချို့ကို တစ်ဆင့်ခံ ပြည်ပတင်ပို့ခွင့် Re-export ကို ပိတ်ခဲ့ခြင်းဖြစ်သည်။
Re-export မပိတ်မီက ပါမစ်ရရှိသူများရှိနေလျှင် ၎င်းတို့ ထံမှ ယင်းပါမစ်များ ပြန်ဝယ်ပါက ဒေါ်လာသောင်းနှင့်ချီ ပေးဝယ်ရ ကြောင်း သိရှိထားသည်ဟု ဦး ဇော်ဌေးက ဆိုသည်။
ယခင်က လေပတ်ကားဖြင့် ရွှေသာရောင်းဝယ်သော်လည်း ယခုနောက်ပိုင်းတွင် ထူးခြားချက် အနေဖြင့် ဒေါ်လာ(အစိမ်း)ကို လေပတ်ကားဖြင့် ရောင်းဝယ်မှု များတွေ့ရှိရကြောင်း ဦးဇော်ဌေး က ပြောသည်။
ပိတ်ဆို့မည်ကိုစိုးရိမ်၍ လုပ်ငန်း ရှင်အချို့ ငွေကြေးရွှေ့ပြောင်းမှု များရှိ
နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က မြန်မာနိုင်ငံကို ရခိုင်အရေးနှင့်ပတ်သက်၍ စုံစမ်းစစ် ဆေးရန် ကြိုးပမ်းလာမှုကြောင့် နိုင်ငံအချို့က ပိတ်ဆို့အရေးယူမှု ပြုလုပ်ရန် အသံများထွက် ပေါ် လာသည့်အပေါ် စီးပွားရေးလုပ် ငန်းရှင်များက စိုးရိမ်နေပြီး ၎င်း တို့၏အရင်းအနှီးများကို ရွှေ့နေ ကြောင်း ၎င်းက ရှင်းပြသည်။
‘‘ဒီမြန်မာနိုင်ငံထဲမှာ ရှိတဲ့အ တွက် သူတို့ဆန်ရှင်မိသွားရင် လုပ်မရတော့ဘူး။ အဲဒီလို မလုပ်ခင် မှာ ကြိုရွှေ့တာမျိုးတွေ ရှိကောင်း ရှိနိုင်တယ်ပေါ့နော်။ ဒါကလည်း ဒီထဲမှာ ကြိုရွှေ့ရင် ဘာလုပ်ရလဲ ဆိုတော့ အစိမ်း(ဒေါ်လာ)ကို ရွှေ့ ရတာပေါ့။ အစိမ်းတွေ အပြင်ရွှေ့ရတဲ့သဘောပေါ့’’ဟု ဦးဇော်ဌေး က ပြောသည်။
ဒေါ်လာ(အစိမ်း)များ ရွှေ့ပါ ကလည်း တရားဝင်လမ်းကြောင်း ထက် ဟွန်ဒီလမ်းကြောင်းများ အသုံးပြုမှုများပြီး ယင်းအကြောင်း အရာများကို အထက်လူကြီးများ ထံ တင်ပြထားကြောင်း ၎င်းက ပြောသည်။
‘‘ဖြစ်ရတဲ့ အကြောင်းရင်း ပေါ် မူတည်ပြီးတော့ ဖြည်းဖြည်း ချင်း ကိုင်တွယ်သွားမယ်’’ ဟု ဦးဇော်ဌေးက ဆိုသည်။
လက်ရှိတွင် ကန်ဒေါ်လာ ဈေး အလွန်ခိုင်မာလာပြီး ကျပ်ငွေ ကျဆင်းနေရသည့်အဓိကအချက် များသည် ကုန်သွယ်မှုလိုငွေ၊ အ တိုးနှုန်း၊ ငွေဖောင်းပွမှုနှုန်းနှင့် တိုင်းပြည်၏စီးပွားရေးအလားအ လာတို့ဖြစ်ကြောင်း နိုင်ငံတော်အ တိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လွှတ်တော် တွင် ပြောကြားသည်။
မူးယစ်အမှုကြီးများတိုင်စေလို
သမ္မတရုံးသို့ မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ တိုက်ရိုက်တိုင် ကြားသူများကို လျှို့ဝှက်ပေးထား ပြီး သမ္မတကြီးအပါအဝင် သုံးဦး သာ သိသောကြောင့် ကြီးကြီးမား မားမူးယစ်မှုများကို တိုင်ကြားရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။
‘‘ဘယ်သူတိုင်တယ်ဆိုတာ ဒီက ကိုင်တွယ်တဲ့လူသုံးယောက် လောက်ပဲ သိတယ်။ သမ္မတကြီး အပါအဝင်။ ပြည်ထဲရေးဆို မသိ ဘူး။ ဒီသတင်းဘယ်ကလာလဲ မသိဘူး။ အဲဒီလောက်ထိ သူ့(သတင်းပေးသူ)ကိုကာကွယ်ပေးထား ပါတယ်’’ဟု၎င်းကပြောသည်။
တိုင်စာကို ပင်စင်ရုံးမှ ဒုညွှန် ချုပ်နှင့် လူအနည်းငယ်သာ ကိုင် တွယ်ပြီးနောက် သမ္မတထံ တိုက် ရိုက်တင်ပြ၍ သမ္မတက ပြည်ထဲ ရေးသို့ တိုက်ရိုက်ချပေးကာ မှန်၊မမှန်စိစစ်ပြီး အရေးယူခြင်းဖြစ် ကြောင်း ဦးဇော်ဌေးက မူးယစ် တိုင်ကြားမှုများအပေါ် အရေးယူမှု ဖြစ်စဉ်ကို ရှင်းပြသည်။
‘‘ထုနဲ့ထည်နဲ့ ကြီးကြီးမားမား သတင်းကြီးတွေ ကျွန်တော်တို့မရဘူး။ ဒါပေမဲ့ အသေးအမွှားဆို လည်း လျစ်လျူရှုလို့မရဘူး။ အဲဒါတစ်ခုကိုတော့ နားလည်ပေးစေချင်တယ်။ နောက်တစ်ခုက တကယ်ကို ထုနဲ့ထည်နဲ့ ကြီးကြီးမားမားတွေဆိုရင်လည်း တိုင်ကြဖို့ ထပ်ပြီးတော့ ပြောချင်ပါတယ်’’ ဟု ၎င်းက ပြောသည်။
မူးယစ်ဆေးဝါးအများကြီး မိသော်လည်း ပိုင်ရှင်မဲ့သည့်ကိစ္စ ရပ်များနှင့် မူးယစ်လက်ကြီးများ မိစေရန် ရည်ရွယ်ချက်ဖြင့် သမ္မတက တိုက်ရိုက်ကွပ်ကဲ ဆောင်ရွက်ခဲ့ကြောင်း ဦးဇော်ဌေးက ပြော သည်။
လူ့အခွင့်အရေးချိုးဖောက်သူများ ကို ကင်းလွတ်ခွင့်ပေးမည်မဟုတ်
ပြည်တွင်း၌ လူ့အခွင့်အရေး ချိုးဖောက်သည့် မည်သူကိုမဆို လျစ်လျူရှုကင်းလွတ်ခွင့်ပေးမည် မဟုတ်ဟု ဦးဇော်ဌေးက ဆိုသည်။‘‘ဒီကိစ္စတွေ စပြီး ကိုင်တွယ် ဖြေရှင်းတဲ့အခါမှာ လူ့အခွင့်အ ရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အစိုးရရဲ့ မူဝါဒက နံပါတ်(၁) ဘယ်သူ့ကိုမှ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်လို့ ကင်းလွတ်ခွင့်မပေး ဘူး။ ဘယ်သူ့ကိုမှ လျစ်လျူရှုတာ မျိုး၊ ကင်းလွတ်ခွင့်ပေးတာမျိုး ကျွန်တော်တို့မပေးဘူး’’ဟု ဦးဇော် ဌေးက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် ရခိုင်အရေးနှင့် ပတ်သက်၍ စွပ်စွဲမှုများစွာရှိနေ သည့်အပြင် လတ်တလောထုတ် ပြန်ထားသည့် ကုလသမဂ္ဂအချက် အလက်ရှာဖွေရေးမစ်ရှင်၏ အ စီရင်ခံစာသည်လည်း ၎င်းတို့လို ချင်သည့် အချက်များကိုသာ ကောက်နုတ် ထည့်သွင်းထား ကြောင်း ၎င်းကတုံ့ပြန်သည်။
‘‘သက်သေအထောက်အ ထား၊ ရုပ်ဝတ္ထုအထောက်အထား၊ ဓာတ်ပုံတွေက ဘယ်လို၊ ဒါမျိုး အထောက်အထားတွေရှိရင်ပေး။ အရေးယူမယ်၊ စုံစမ်းမယ်၊ မှန် တယ်ဆိုရင် အရေးယူမယ်ဆိုပြီး ပြောထားပြီးသား’’ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။
=======================
251 / End
ဒေါ်လာဈေးကစားမှုများနှင့် ပုံမှန်မဟုတ်သော ရောင်းဝယ်မှုများကို စိစစ်အရေးယူမည်ဟု သမ္မတရုံးသတိပေး မူးယစ်သတင်းပေးသူကို ပြည်ထဲရေးပင်မသိ
၂၂ စက်တင်ဘာ ၂၀၁၈ - ၁၂:၅၅
News ID: 910062
စံချိန်တင်မြင့် တက်နေသော ဒေါ်လာဈေးနှင့် ပတ်သက်၍ ငွေကြေးစီးဆင်းမှုစာရင်းဇယားများကိုစစ်ဆေးနေပြီး ပုံမှန်မဟုတ်သော ရောင်းဝယ် မှု ပြုလုပ်နေသည့် နေရာများကို စိစစ်ပြီးနောက် တွေ့ရှိမှုအပေါ် မူ တည်၍ အရေးယူမှုရှိလာမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတိပေးပြောကြား သည်။