၂၃ စက်တင်ဘာ ၂၀၁၈ - ၁၁:၂၄
၂၀၂၀ ရွေးကောက်ပွဲတွင် အခြားတိုင်းရင်းသားမဲများပါရရှိရန် ကြိုးပမ်းမည်ဟု မွန်ပါတီဆို

၂၀၂၀ ရွေးကောက် ပွဲတွင် မွန်ပါတီအနေဖြင့် မွန်တိုင်း ရင်းသားမဲများသာမက အခြား တိုင်းရင်းသားမဲများပါ ရရှိစေရန် ကြိုးစားမည်ဟု ပါတီခေါင်း ဆောင်တို့က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၀၂၀ ရွေးကောက် ပွဲတွင် မွန်ပါတီအနေဖြင့် မွန်တိုင်း ရင်းသားမဲများသာမက အခြား တိုင်းရင်းသားမဲများပါ ရရှိစေရန် ကြိုးစားမည်ဟု ပါတီခေါင်း ဆောင်တို့က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အမျိုးသားကိုယ်စားပြု ပါတီ သုံးပါတီ ပေါင်းစည်းထားသည့် ပါတီကို မွန်ပါတီ (Mon Party)ဟု အမည်ပေးထားပြီး ပါတီအ မည်သစ်မိတ်ဆက်ပွဲကို စက်တင် ဘာ ၂၁ ရက်ကပြုလုပ်ရာတွင် ပါတီခေါင်းဆောင်များက ထိုသို့ ပြောကြားသည်။

‘‘ကျွန်တော်တို့ စည်းရုံးရေး ဆင်းလို့ရှိရင် မွန်ပါတီကိုပဲမဲပေး ကြပါ။ ဒီလိုပဲ စည်းရုံးလာခဲ့ကြ တယ်။ အခုလာမယ့် ၂၀၂၀ မှာ ကျွန်တော်တို့မွန်လူထုမဲနဲ့မဟုတ် ဘဲနဲ့ တိုင်းရင်းသားတွေအားလုံး ကျွန်တော်တို့ပါတီအပေါ် ယုံ ကြည်သက်ဝင်လာအောင် ဆက် လက်စည်းရုံးရမယ်’’ ဟု မွန်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မ တီဝင် နိုင်ကျန်ရစ်က ပြောသည်။

ပါတီအခြေခံဥပဒေ စည်း မျဉ်း၊ တရားဝင်မှတ်ပုံတင်ခြင်း နှင့် ပါတီရှေ့ဆက်လုပ်ငန်းစဉ် များကို ပထမအကြိမ်ကျင်းပမည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုမည်ဟု ပါတီ ခေါင်းဆောင်တို့က ပြောသည်။

‘‘ဒီမိုကရေစီစနစ်မှာ ပါတီ တွေ ဘယ်လောက်ပဲကွဲကွဲ ပြဿနာမရှိပေမယ့် ကျွန်တော်တို့ တိုင်းရင်းသားဘက်မှာတော့ တ ကယ်ကို ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ့နော် မတည်ဆောက်နိုင်ခင်စပ်ကြား မှာ ကျွန်တော်တို့တခြားသော တိုင်းရင်းသားတွေနဲ့အတူ ရင် ပေါင်တန်းနိုင်ဖို့က ကိုယ့်အင် အားစု စုစုစည်းစည်းရှိပြီးတော့မှ အတူတကွကြိုးပမ်းဖို့ လိုတဲ့အ တွက် မွန်အင်အားစုအားလုံးစု စည်းဖို့လိုတယ်’’ ဟု မွန်ပြည်သူ တစ်ဦးဖြစ်သည့် ကိုမင်းအောင် ထူးက ပြောသည်။

လက်ရှိတွင် မွန်ပါတီကို ဥက္ကဋ္ဌအဖွဲ့လေးဦး၊ အတွင်းရေး မှူးအဖွဲ့ခြောက်ဦး၊ ဗဟိုကော်မ တီဝင်ဦးရေ ၁၂၀ နှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ၅၃ ဦး ဖြင့် ရွေးချယ်ဖွဲ့စည်းထားသည် ဟု မွန်ပါတီတွဲဖက်အတွင်းရေး မှူး(၁) နိုင်လရီတမက ပြော သည်။

=======================
251 / End