အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်သည် အောက်တိုဘာ ၁၈ တွင် မြစ်ကြီးနားနှင့် ၀ိုင်းမော်ရှိ စစ်ဘေးရှောင် စခန်းများသို့သွား ရောက်၍ စစ်ဘေးရှောင်ဒုက္ခ သည်များနှင့်တွေ့ဆုံသည်။
ကုလအထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာ သည် စစ်ဘေးရှောင်စခန်းခြောက် ခုရှိ ဒုက္ခသည်များနှင့် တွေ့ဆုံ၍ စခန်းနေမိသားစုများ၏ နေထိုင် စားသောက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
‘‘အဓိကကတော့ ပြည်သူ တွေရဲ့စကားကို နားထောင် တယ်။ သူတို့မှာရှိတဲ့ လိုအပ်ချက် တွေပေါ့။ နိုင်ငံတော်အစိုးရက လည်း ဖြည့်ဆည်းပေးတယ်။ အ လှူရှင်အဖွဲ့အစည်းတွေအပေါ် ထောက်ပံ့ပေးတယ်။ အဲဒါတွေ အပေါ်သူတို့က ရှင်းပြတာရယ်၊ လိုအပ်တာပြောတာရယ်။ ဒါပါ ပဲ’’ ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးစိုး အောင်က 7 Day Daily သတင်း စာအားပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဒုဝန်ကြီးသည် ကုလအထူးကိုယ် စားလှယ်နှင့်အတူ ကချင်ပြည် နယ်ခရီးစဉ်ကို လိုက်ပါသွားပြီး ယမန်နေ့တွင် မြစ်ကြီးနားမှ ရန် ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ သည်။
ကုလအထူးကိုယ်စားလှယ် သည် ယမန်နေ့တွင် နယ်စပ်ရေး ရာဝန်ကြီးဌာနက ဆောက်လုပ် ပေးထားသော အိမ်ခြေ ၁၀၀ ရှိ သည့် မိုင်းနားတန်ဖိုးနည်းအိမ်ရာ သို့ သွားရောက်ခဲ့ကြောင်းဒုဝန်ကြီး ဦးစိုးအောင်က ပြောသည်။
မစ္စစ်ခရစ္စတင်းရှယန်နာဘာ ဂီနာ၏ ကချင်ပြည်နယ်ခရီးစဉ် ပထမနေ့တွင် ပြည်နယ်အစိုးရအ ဖွဲ့နှင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့ သည်။
=======================
251 / End
၁၉ အောက်တိုဘာ ၂၀၁၈ - ၁၅:၀၆
News ID: 913459
ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်သည် အောက်တိုဘာ ၁၈ တွင် မြစ်ကြီးနားနှင့် ၀ိုင်းမော်ရှိ စစ်ဘေးရှောင် စခန်းများသို့သွား ရောက်၍ စစ်ဘေးရှောင်ဒုက္ခ သည်များနှင့်တွေ့ဆုံသည်။