၁၀ နိုဝင်ဘာ ၂၀၁၈ - ၁၉:၅၀
 NCA လမ်းကြောင်းအတိုင်း ဆက်သွားရန် KNU ဗဟိုကော်မတီဝင်အများစု သဘောထားပေး အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက် ယနေ့ ထွက်ပေါ်လာနိုင်

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအ တိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရန် ကရင် အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီ အရေးပေါ်အစည်း အဝေးတွင် အများစုက သဘော ထားပေးသော်လည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၌ NCA နှင့် လွဲ ချော်နေသည့် ဆောင်ရွက်ချက် များ ပြုပြင်နိုင်ရေး နည်းလမ်းရှာ ရန် ဆွေးနွေးသည်ဟု KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအ တိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရန် ကရင် အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီ အရေးပေါ်အစည်း အဝေးတွင် အများစုက သဘော ထားပေးသော်လည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၌ NCA နှင့် လွဲ ချော်နေသည့် ဆောင်ရွက်ချက် များ ပြုပြင်နိုင်ရေး နည်းလမ်းရှာ ရန် ဆွေးနွေးသည်ဟု KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

NCA အကောင်အထည်ဖော် မှုဆိုင်ရာတွင် တစ်ဆို့နေသော အ ကြောင်းရင်းများ အဖြေရှာရန် KNU အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်ကစတင်၍ လော် ခီးလာဒေသ၌ ကျင်းပနေသည်။

‘‘ဆွေးနွေးနေတုန်းပဲ။ ဆုံး ဖြတ်ချက်တစ်စုံတစ်ရာတော့ မချ နိုင်သေးဘူး။ သို့သော်လည်းပဲ ဆက်သွားရေး၊ မသွားရေးဆိုတဲ့ ကိစ္စကတော့ နည်းနည်းအတင်၊ အကျဖြစ်နေတုန်းပဲလို့ ပြောရမှာ ပေါ့။ တချို့ကလည်း ဒီအပေါ်မှာ ဆက်သွားရင်တော့ မဖြစ်တော့ ဘူးပေါ့ အဲဒီလိုမြင်တယ်။ တချို့ ကလည်း ဒီလမ်းကြောင်းပဲ သွားရ မယ်ဆိုတဲ့ဟာကို မြင်တယ်’’ဟု အမည်မဖော်လိုသည့် KNU တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက် ညတွင် ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် NCA လမ်း ကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်ရမည်ကို အများစုက ငြင်းဆိုခြင်းမပြုဟု ၎င်းက ဆို သည်။

‘‘သို့သော်လည်းပဲ ဒီအတိုင်း သွားရင်တော့ မဖြစ်တော့ဘူး၊ NCA နဲ့ လွဲချော်တဲ့ဟာရှိတယ်။ အဲဒါကို ပြောဆိုကြတာလည်းရှိ တယ်’’ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိ အစိုးရနှင့် တပ် မတော်သွားနေသည့် NCA လမ်း ကြောင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်း သွတ်သွင်းခြင်း မျိုးဖြစ်နေပါက ဆက်သွားရန် မဖြစ်နိုင်ဟု  ဆွေးနွေးသူများရှိ ကြောင်း ၎င်းက ဆိုသည်။

KNU အရေးပေါ်အစည်းအ ဝေးနှင့် ပတ်သက်ပြီး ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်ထံ ဆက်သွယ်ရာ ၎င်းက ‘‘အစည်းအဝေးပြီးမှ ထုတ်ပြန်မှာ ဖြစ် ပါတယ်။ အစည်းအဝေးက မနက် ဖြန်ပြီးမယ်ထင်ပါတယ်’’ဟု ပြော ကြားသည်။ အရေးပေါ် အစည်း အဝေးဆွေးနွေးမှု အခြေအနေများမေးမြန်းရာ ဖြေဆိုခွင့်မရှိဟု ၎င်း က ဆိုသည်။

လတ်တလောတွင် KNU သည် ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် ပါဝင်မှုရပ် ဆိုင်းထားရာ ယင်းကိစ္စကို ယခု အရေးပေါ်အစည်းအဝေး၌ ဆုံးဖြတ်မည်ဖြစ်သည်။

KNU သည် ၂၀၁၅ က အခြားတိုင်းရင်းသားလက်နက် ကိုင် ခုနစ်ဖွဲ့နှင့်အတူ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အ ပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ၏ ဦးဆောင်မှုပိုင်းကို တာဝန်ယူထား သည့်အဖွဲ့ဖြစ်သည်။

=======================
251 / End