အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၂၀ ရွေး ကောက်ပွဲအတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် အငြိမ်းစားဗိုလ် ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံပြီး စည်းဝါးတိုက်ထားသည်ဟု သံတော်ဆင့်ဂျာနယ်၏ ရေးသားဖော်ပြချက်သည် မှန်ကန်ခြင်းမရှိကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
‘‘တစ်ခုတော့ ကျွန်တော် ပြောချင်တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ညှိနှိုင်းထားတယ်ဆိုတာ မဟုတ်ဘူးနော်။ ဒါ ကျွန်တော့်ဆီ ကထွက်တဲ့ သတင်း။ ကျွန်တော် ပြောတာ။ မဟုတ်ဘူးနော်’’ဟု NLD ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က နိုဝင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ် ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် CEC အစည်းအဝေး အပြီးတွင် မီဒီယာများအား ပြော ကြားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေနှင့် တွေ့ဆုံထားခြင်းမရှိသလို အခြားမည်သူတစ်ဦးတစ်ယောက်နှင့်မျှလည်း ညှိနှိုင်းထားခြင်းမရှိဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
‘‘ဒါက ယုံထင်ကြောင်ထင် ဖြစ်အောင် လုပ်တာဗျာ။ လူထု ယုံ ထင်ကြောင်ထင်ဖြစ်သွားတော့ ၂၀၂၀ မှာ ကျွန်တော်တို့ ညှိထား တယ်ဆိုတဲ့ဟာ ကျွန်တော်တို့အ တွက်တော့ ဒါ Impact ကြီးတယ် နော်။ ဒါမဟုတ်ဘူး။ ဒါပေမဲ့ ကျွန် တော်တို့ ဘာမှလုပ်လို့မရဘူး။ မဟုတ်ဘူးဆိုတာတော့ ပြော တယ်နော်။ မညှိနှိုင်းဘူး။ ဘယ်သူ နဲ့မှ မညှိထားဘူး’’ဟု ဒေါက်တာ ဇော်မြင့်မောင်က ဖြည့်စွက်ပြော ကြားသည်။
သံတော်ဆင့်ဂျာနယ်အနေ ဖြင့် ပါတီ၏ CEC အဖွဲ့ဝင်များ ထံ မေးမြန်းစုံစမ်းအတည်ပြုချက် ရယူနိုင်သော်လည်း ရယူခဲ့ခြင်းမရှိ ဟု ၎င်းက ပြောသည်။
‘‘ကျွန်တော်တို့ကို Approve လုပ်ဖို့ ကောင်းတာပေါ့ သံတော် ဆင့်က။ CEC မေးလို့ရတာပဲ။ ပြည်သူလူထုက ယုံထင်ကြောင် ထင်ဖြစ်သွားနိုင်တယ်လေဗျာ။ အဲဒါက အဓိပ္ပာယ်မရှိဘူးဗျာ’’ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောသည်။
‘‘စစ်ဥပဒေချုပ် ဗိုလ်ချုပ် ဟောင်း ဦးစိုးမောင် ရဋ္ဌပါလအ သင်း စဖွဲ့လှုပ်ရှား၊ ၂၀၂၀ အ တွက် ဦးသန်းရွှေနှင့် ဒေါ်အောင် ဆန်းစုကြည် စည်းဝါးကိုက်ထား’’ ဟု ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၉ ရက် ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်တွင် ရေးသားဖော်ပြထားခြင်းဖြစ် သည်။
ဦးသိန်းစိန် အစိုးရလက် ထက် နိုင်ငံတော်သမ္မတရုံး ပြည် ထောင်စုဝန်ကြီး (၂) တာဝန်ယူခဲ့ သည့် ဦးစိုးမောင် ဦးဆောင်တင် ပြထားသော အမျိုးသားနိုင်ငံရေး ပါတီတွင် ယခင်ကြံ့ခိုင်ရေးပါတီ မိတ်ဖက်တစ်ဦးဖြစ်ခဲ့သူ အမျိုး သားဒီမိုကရေစီအင်အားစုပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်း ဦးစိုးဝင်းလည်း ပါဝင်ကာ လက်ပံ တန်းမြို့ပေါ်ရှိ စားသောက်ဆိုင် တစ်ခုတွင် ၎င်းတို့၏ အမာခံအဖွဲ့ များဖြင့် နိုဝင်ဘာ ၂ ရက်က တွေ့ ဆုံခဲ့သည်ဟု ရေးသားထားသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပါတီဖွဲ့စည်းခွင့်မကျမီအချိန်အ တွင်း အသင်းပုံစံဖွဲ့စည်းဆောင် ရွက်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၂၀ရွေးကောက်ပွဲအတွက် ကြိုတင်သဘောတူထားချက်ရှိကြောင်း၊ ၂၀၂၀ သမ္မတလောင်းကိုပင် ကြို တင်လျာထားကြောင်း သံတော် ဆင့်ဂျာနယ်က ရေးသားဖော်ပြ ထားသည်။
ထို့အပြင် ၂၀၂၀ တွင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အငြိမ်းစားပေး၍ သမ္မတတင် မြှောက်မည်ဟု သံတော်ဆင့်ဂျာနယ်က ထည့်သွင်းဖော်ပြထား သည်။
=======================
251 / End
၂၀၂၀ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံညှိနှိုင်းခြင်းမရှိဟု ဒေါက်တာဇော်မြင့်မေ
၁၂ နိုဝင်ဘာ ၂၀၁၈ - ၁၄:၁၂
News ID: 916287
၂၀၂၀ ရွေး ကောက်ပွဲအတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် အငြိမ်းစားဗိုလ် ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံပြီး စည်းဝါးတိုက်ထားသည်ဟု သံတော်ဆင့်ဂျာနယ်၏ ရေးသားဖော်ပြချက်သည် မှန်ကန်ခြင်းမရှိကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။