၁၃ နိုဝင်ဘာ ၂၀၁၈ - ၁၅:၅၀
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်သည့် အလုပ်အဖွဲ့အစည်းအဝေးပြုလုပ်

အစိုးရအစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် တိုင်း ရင်းသားလက်နက်ကိုင်အစုအဖွဲ့ တို့မှ ကိုယ်စားလှယ်များ တက်ရောက်သည့် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ရေး အလုပ်အဖွဲ့အစည်း အဝေးကို နေပြည်တော်၌ နှစ် ရက်ကြာ ပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရအစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် တိုင်း ရင်းသားလက်နက်ကိုင်အစုအဖွဲ့  တို့မှ ကိုယ်စားလှယ်များ တက်ရောက်သည့် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ရေး အလုပ်အဖွဲ့အစည်း အဝေးကို နေပြည်တော်၌ နှစ် ရက်ကြာ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော သုံးပွင့်ဆိုင်နိုင်ငံ ရေး မူဘောင်သုံးသပ်သည့် အ စည်းအဝေး၏ နောက်ဆက်တွဲ ဖြစ်သည်ဟု အစိုးရကိုယ်စား လှယ် ဦးလှမောင်ရွှေက ဆိုသည်။  

‘‘ကျွန်တော်တို့ ညှိနိုင်းလို့ ရတဲ့အချက်များကို အနီးဆုံး UPDJC အတွင်းရေးမှုး အစည်း အဝေးပြီးရင် (၁၈) ကြိမိမြောက် UPDJC အစည်းအဝေးကို တင်သွင်းရန် ဖြစ်ပါတယ်’’ဟု ဦးလှမောင်ရွှေက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်၌လည်းကောင်း၊ UPDJC ကို နိုဝင်ဘာလကုန်ပိုင်း၌လည်း ကောင်း ကျင်းပရန် လျာထားသော်လည်း လက်ရှိ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အခြေအနေများကြောင့် သတ်မှတ်ထားသည့်အတိုင်း ကျင်းပရန် မလွယ်ကူဟု နိုင်ငံရေး ပါတီ အစုအဖွဲ့ကိုယ်စားလှယ် တာလှဖေက ပြောသည်။

ငြိမ်းချမ်းရေးဆိုင်ရာ တရား ၀င်အစည်းအဝေး၌   ပါဝင်ရန် ယာယီရပ်ဆိုင်းထားသည့် NCAလက်မှတ်ထိုးအဖွဲ့ ကရင်အမျိုး သားအစည်းအရုံး (KNU)၏ သဘောထားထုတ်ပြန်ချက်သည် လည်း UPDJC အစည်းအဝေး ရွှေ့ဆိုင်းရခြင်း၏ အကြောင်း အချက်ဖြစ်သည်ဟု ၄င်းက ဆို သည်။ ယခု ကျင်းပသည့် နေပြည်တော်ဆွေးနွေးပွဲသို့ အစိုးရအစု အဖွဲ့ကိုယ်စားလှယ် နှစ်ဦး၊ နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်နှစ်ဦးနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်သုံးဦး တက်ရောက်ခဲ့သည်။

=======================
251 / End