အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်နယ်တွင် မူး ယစ်ဆေးဝါးပြဿနာကို အဓိက ထားဆောင်ရွက်မည်ဟု မွန်ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။
နိုဝင်ဘာ ၁၆ ရက်တွင် မွန် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေ ထွဋ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးနေမျိုးထွန်းကို မွန်ပြည်နယ် လွှတ်တော်အရေး ပေါ် အစည်းအဝေးတွင် အတည်ပြုခန့်အပ်ပြီးနောက် နယ်လုံဝန်ကြီးက မီဒီယာများအား ပြောကြားခဲ့သည်။
‘‘လက်ရှိ လူငယ်တွေကို မြင်တယ်။ အဓိအားဖြင့် မူးယစ် ဆေးဝါးများ သုံးစွဲမှုများနေတာ တွေ့ရတယ်။ လူငယ်တွေကောင်း ဖို့အတွက် လုပ်မယ်။ ဥပဒေနဲ့ ငြိ စွန်းတဲ့ အရာအားလုံးကို နှိမ်နင်း သွားမယ်။ အဓိက ပြည်သူပါမှ ဖြစ်မယ်။ မူးယစ်ဆေးဝါးကို မသုံးစွဲသင့်ဆိုတာ လူငယ်တွေကို ပညာပေးဖို့ လုပ်မယ်။ ကျွန်တော် မွန်ပြည်နယ်ကို ရောက်တော့ တံ တားကြီးကူးလိုက်တဲ့အချိန် ဒါ တွေကို လုပ်မယ်ဆိုပြီး ကျွန်တော့် အမြင်နဲ့ ဒါလေးကိုလုပ်မယ်’’ဟု နယ်လုံ ၀န်ကြီး ဗိုလ်မှူးကြီးနေ ထွဋ်ဦးက ပြောသည်။
ဥပဒေဘောင်အတွင်း လို အပ်ချက်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်မည်ဖြစ် ပြီး ပထမအချက်အဖြစ် မူးယစ်ဆေးဝါးကိစ္စ၊ ဒုတိယဦးစားပေး အဖြစ် ယာဉ်စည်းကမ်းများကို ပညာပေးမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။
မွန်ပြည်နယ်တွင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ပြောင်းလဲခန့်အပ်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအ ကြိမ်ကို ၂၀၁၅ သြဂုတ် ၂၁ ရက်
က ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်း အဝေး၌ ယခင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်အစား ဗိုလ်မှူးကြီး ၀င်းနိုင်ဦးအား ခန့်အပ်ခဲ့သည်။
ဗိုလ်မှူးကြီး ၀င်းနိုင်ဦးသည် သက်ပြည့်ပင်စင် ယူသွားသဖြင့် ၎င်းအစား ဗိုလ်မှူးကြီး နေထွဋ်ဦးအား ပြောင်းလဲခန့်အပ်ခြင်း ဖြစ်သည်။
=======================
251 / End
၁၆ နိုဝင်ဘာ ၂၀၁၈ - ၁၉:၃၀
News ID: 916849
မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးပြဿနာကို အဓိကထား ဆောင်ရွက်မည်ဟု နယ်လုံဝန်ကြီးသစ်ပြော