အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဂတိလိုက်စားမှုတွင် ဘာသံမျှမကြားဘဲ အပေးအယူ မျှနေပြီဆိုလျှင် အဆိုးရွားဆုံးအ ခြေအနေဖြစ်၍ အုပ်ချုပ်ရေးအ ဆင့်ဆင့်မှ ဌာနဆိုင်ရာများ၊ စီး ပွားရေးလုပ်ငန်းများ၊ အရပ်ဘက် အဖွဲ့အစည်းများသည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကာ ကွယ်တားဆီးမှု လမ်းစဉ်တွင် ကြားနေလုပ်ခြင်း၊ မမြင်ချင် ယောင်ဆောင်ခြင်းမျိုးပြုလုပ်၍ မရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။
လူအချို့က အဂတိလိုက် စားမှုတိုက်ဖျက်ရေးသည် ကော် မရှင်အလုပ်၊ အစိုးရအလုပ်ဖြစ် သည်ဟု ထင်တတ်ကြောင်း ဦး အောင်ကြည်က ပြောသည်။ စီး ပွားရေးလုပ်ငန်းများသည် ၎င်းတို့ ရှင်သန်မှုအတွက် စီးပွားရေးရာသီ ဥတုအခြေအနေကို စောင့်ကြည့် လုပ်ကိုင်တတ်ပြီး ဌာနဆိုင်ရာများ နှင့် အပေးအယူမျှကာ ပြဿနာ မရှိလျှင် လုပ်မြဲတိုင်းဆက်လုပ်ရန် စိတ်ကူးရှိတတ်ကြောင်း၊ အဂတိ လိုက်စားမှုတွင် ဘာသံမျှမကြား ဘဲ အပေးအယူမျှနေပြီဆိုလျှင် အဆိုးရွားဆုံး အခြေအနေဖြစ် ကြောင်း ၎င်းကပြောကြားသည်။
အဂတိလိုက်စားမှုသည် နိုင် ငံနှင့် ပြည်သူလူထုဆင်းရဲနွမ်းပါး ရသည့်အကြောင်းရင်းတစ်ခုဖြစ် ၍ အများပြည်သူဆိုင်ရာအဖွဲ့အ စည်းများနှင့် ပုဂ္ဂလိကအဖွဲ့အ စည်းများလက်တွဲ၍ မိမိတို့ဒေသ တွင်း အဂတိလိုက်စားမှုဖြစ်ပွား သည့် နေရာများကို စူးစမ်းရှာဖွေ ဖော်ထုတ်ခြင်း၊ ကျင့်ဝတ်ရေးဆွဲ ခြင်းဖြင့် အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန် ကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က တိုက် တွန်းသည်။
မကွေးမြို့တော်ခန်းမ၌ နို ၀င်ဘာ ၁၇ ရက်တွင် ‘စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နှင့် ကျင့်ဝတ်သိက္ခာ’ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် အဂတိလိုက်စား မှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်ဥက္ကဋ္ဌက ပြောကြားခြင်းဖြစ် သည်။
ထို့အပြင် ကော်မရှင်တွင် အဂတိလိုက်စားမှုကို ထိထိ ရောက်ရောက် ကာကွယ်တားဆီး နိုင်သည့်အခြေအနေရောက်ရန် သိပ်မဝေးကွာသည့်ကာလတစ်ခု တွင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး သက်ဆိုင်သူများကို ထိခိုက်နာ ကျင်မှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းများရှိကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါနည်း လမ်းသည်နိုင်ငံတကာတွင် လက်တွေ့ အောင်မြင်မှုရရှိထားသော နည်းလမ်းဖြစ်သည်ဟု ဆို သည်။
ယင်းမှာ အစိုးရဌာနများအ ပါအ၀င် အများပြည်သူဆိုင်ရာအ ဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွား ရေးအဖွဲ့အစည်းများ လက်တွဲ ဆောင်ရွက်ရမည့် နည်းလမ်း (ppc)ဖြစ်ကြောင်း ပြောသည်။
ထို့ကြောင့် အစိုးရဌာနဆိုင် ရာများ၊ အများပြည်သူဆိုင်ရာအ ဖွဲ့အစည်းများက အဂတိလိုက် စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)များဖွဲ့စည်းခြင်းဖြင့်ဖြစ် စေ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အ စည်းများအနေဖြင့် ကျင့်ဝတ်များ ရေးဆွဲလိုက်နာခြင်းဖြင့်ဖြစ်စေ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုဖြင့် ပြုပြင်ပြောင်းလဲရန် ဦးအောင် ကြည်က တိုက်တွန်းပြောဆို သည်။
နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်ကလည်း အဂတိကင်းစင်ရေး ဆောင်ရွက်နိုင်ရန် တိုင်းနှင့်ပြည် နယ်များတွင် အဂတိတိုက်ဖျက် ရေးကော်မရှင်ခွဲများဖွင့်လှစ်နိုင် ရန်စီစဉ်နေကြောင်း အောက်တို ဘာ ၆ ရက်ကမကွေးတိုင်းဒေသ ကြီးရှိ ၀န်ကြီးချုပ်အပါအ၀င်ဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြော ကြားခဲ့သည်။
အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဖွဲ့စည်းချိန် ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၈ စက် တင်ဘာ ၁၅ ရက်အထိ တရားစွဲ ဆိုမှု ၁၀ မှုအထက်ရှိသည်။
တရားစွဲသည့်အမှုများတွင် ကျပ်သိန်း ၁,၅၀၀ လာဘ်စား သည့် FDA ညွှန်ချုပ်၊ အကောက် ခွန်အရာရှိ ၃၂ ဦး၊ အုပ်ချုပ်ရေး မှူးများ၊ ဥပဒေအရာရှိများပါဝင် သည်။ ထို့အပြင် ဒီချုပ်အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်ဖြစ်သည့် ရန်ကုန် တိုင်းဥပဒေချုပ်ကို အဂတိလိုက် စားမှုဖြင့် အရေးယူခဲ့သည်။
=======================
251 / End
အဂတိလိုက်စားမှုကို မမြင်ချင်ယောင်မဆောင်ရန် ဦးအောင်ကြည်ပြော ဒေသတွင်း အဂတိလိုက်စားသည့် နေရာများဖော်ထုတ်ရန် တိုက်တွန်း
၁၈ နိုဝင်ဘာ ၂၀၁၈ - ၁၈:၃၅
News ID: 917147
အဂတိလိုက်စားမှုတွင် ဘာသံမျှမကြားဘဲ အပေးအယူ မျှနေပြီဆိုလျှင် အဆိုးရွားဆုံးအ ခြေအနေဖြစ်၍ အုပ်ချုပ်ရေးအ ဆင့်ဆင့်မှ ဌာနဆိုင်ရာများ၊ စီး ပွားရေးလုပ်ငန်းများ၊ အရပ်ဘက် အဖွဲ့အစည်းများသည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကာ ကွယ်တားဆီးမှု လမ်းစဉ်တွင် ကြားနေလုပ်ခြင်း၊ မမြင်ချင် ယောင်ဆောင်ခြင်းမျိုးပြုလုပ်၍ မရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။