အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကချင်ပြည်နယ် နေရပ် စွန့်ခွာပြည်သူများ (IDPs) အတွက်ကျပ်သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိဆန်၊ စားသောက်ကုန်ပစ္စည်း၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်အစိုးရက ထောက်ပံ့ခဲ့ သည်။
စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ပံ့မှုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကို နိုဝင်ဘာ ၂၀ ရက်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးကသတင်းထုတ်ပြန်သည်။
မြစ်ကြီးနားဝန်းကျင် ဒေသ များနှင့် ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘောမြို့နယ်သုံးခုမှ စစ် ဘေးရှောင် ပြည်သူများအတွက် ကျပ်သိန်း ၁,၆၀၀ တန်ဖိုးရှိ ဆန်၊ စားသုံးဆီ၊ စောင် စသည့် ထောက်ပံ့ပစ္စည်းများနှင့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကု သရေးဖောင်ဒေး ရှင်းသို့ ကျပ်သိန်း ၁၂၀ တန်ဖိုးရှိ ဆေးဝါးများ တရုတ်အစိုးရက ထောက်ပံ့လှူဒါန်းခဲ့သည်။ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေး၊ ငြိမ်းချမ်းရေးကော်မ ရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း နှင့် တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်တို့က ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာခက်အောင်နှင့် နေ ရပ်စွန့်ခွာပြည်သူကိုယ်စားလှယ် များထံ ထောက်ပံ့ပစ္စည်းများပေး အပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိမိတို့၏ ကြိုးပမ်းမှုမှ တစ် ဆင့် နေရပ်စွန့်ခွာပြည်သူများ၏ လူနေမှုအခြေအနေနှင့် ကျန်းမာ ရေးစောင့်ရှောက်မှု အခြေအနေ ကောင်းမွန်လာစေရန် ကူညီနိုင် ရေးမျှော်လင့်ကြောင်း သံအမတ် ကြီး မစ္စတာဟုန်လျန်က လှူဒါန်းပွဲ၌ ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက် အောင်က သံအမတ်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ က အိမ်နီးချင်းကောင်းပီသစွာ တိုက်ပွဲရှောင်စခန်းများအတွက် လှူဒါန်းထောက်ပံ့ခြင်းသည် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အထောက်အ ကူပြုမည့် ထိရောက်သော ခြေ လှမ်းသစ်ဟု ယူဆကြောင်းနှင့် တိုက်ပွဲရှောင်စခန်းများ ကြာရှည် တည်တံ့ခြင်းသည် ငြိမ်းချမ်းမှုအလှမ်းဝေးခြင်းနှင့် ဖွံ့ဖြိုးတိုး တက်ရေး၏ အနုတ်လက္ခဏာ ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ် အေးက ပြောကြားသည်။
အခမ်းအနားသို့ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည် နယ်အဆင့် တာဝန်ရှိသူများ၊ နေ ရပ်စွန့်ခွာ ပြည်သူများ တက်ရောက်သည်။ နိုဝင်ဘာ ၂၀ ရက်ညနေတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့် တရုတ်နိုင်ငံ သံအမတ်ကြီးတို့ သည် ဂျာမိုင်ကောင်း KBC စစ်ရှောင်စခန်းသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း ကချင်ပြည်နယ်အ စိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
=======================
251 / End
၂၁ နိုဝင်ဘာ ၂၀၁၈ - ၁၆:၃၆
News ID: 917589
ကချင်ပြည်နယ် နေရပ် စွန့်ခွာပြည်သူများ (IDPs) အတွက်ကျပ်သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိဆန်၊ စားသောက်ကုန်ပစ္စည်း၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်အစိုးရက ထောက်ပံ့ခဲ့ သည်။