၂၃ နိုဝင်ဘာ ၂၀၁၈ - ၁၃:၅၆
ရန်ကုန်မြို့သစ်တည်ဆောက်ရေး စီမံကိန်းကိုးခု တင်ဒါခေါ်ရန် ကြိုတင်ပြင်ဆင်မှု နောက်ဆုံးအဆင့်ရောက်ရှိ

ကြည့်မြင်တိုင် ကမ်းနား လမ်းမှ ဖောက်လုပ်မည့် လှိုင်မြစ် ဖြတ်ကျော်တံတားအပါအ၀င် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် သက် ဆိုင်သည့် တည်ဆောက်ရေးလုပ် ငန်း ကိုးခုကို တင်ဒါခေါ်ယူရန် စီမံကိန်းအချက်အလက် ကြိုတင် ပြင်ဆင်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီက ထုတ်ပြန် သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ကြည့်မြင်တိုင် ကမ်းနား လမ်းမှ ဖောက်လုပ်မည့် လှိုင်မြစ် ဖြတ်ကျော်တံတားအပါအ၀င် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် သက် ဆိုင်သည့် တည်ဆောက်ရေးလုပ် ငန်း ကိုးခုကို တင်ဒါခေါ်ယူရန် စီမံကိန်းအချက်အလက် ကြိုတင်  ပြင်ဆင်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီက ထုတ်ပြန် သည်။

တင်ဒါခေါ်ယူရန် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် (စီစီစီစီ) ကုမ္ပဏီတို့၏ဆွေးနွေးညှိနှိုင်းမှု  နောက်ဆုံးအ ဆင့်သို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့သစ် စီမံကိန်း တင်ဒါခေါ်ယူမည့် တည်ဆောက် ရေးလုပ်ငန်းများသည် ကြည့်မြင်

တိုင်မြို့နယ် ကမ်းနားလမ်း၊ ဗားကရားလမ်းအနီးမှ မြို့သစ်အထိ လှိုင်မြစ်ပေါ်တွင် တည်ဆောက် မည့် ခြောက်လမ်သွား တံတား၊ ပန်းလှိုင်မြစ်ကူးတံတားနှင့် ယှဉ်၍ နှစ်လမ်းသွား တံတားနှင့် ၂၆ ကီလိုမီတာအရှည် အဓိကလမ်း မကြီးတို့ ပါဝင်သည်။

ထို့အပြင် ပြန်လည်နေရာ ချမည့် မြို့၊ ရွာ ငါးခု၏ အခြေခံအ ဆောက်အအုံ၊ ကနဦးဆောက် လုပ်မည့် ၁၀ စတုရန်းကီလိုမီတာ ရှိ စက်မှုဇုန်ဧရိယာအခြေခံအ ဆောက်အအုံ၊ စီမံကိန်းတစ်ခုလုံး  ရေးပေးဝေနိုင်သည့် ပမာဏရှိ ရေသန့်စင်စက်ရုံ၊ စီမံကိန်း တစ် ခုလုံး အသုံးပြုနိုင်သော ပမာဏ ရှိ ရေဆိုးသန့်စင်စက်ရုံတို့ ပါဝင် သည်။

တိုးမြစ်အနီး မြို့သစ်နှင့် ၃၂ ကီလိုမီတာအကွာတွင် တည် ဆောက်မည့် ရေပေးဝေရေး ပင်မ အဆောက်အအုံနှင့် အဓိကရေ ဖြန့်ဝေရေး ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး ကွန်ရက်တို့ တည်ဆောက်ရန် တင်ဒါခေါ်ယူမည်ဟု ဖော်ပြထား သည်။

ရန်ကုန်မြို့သစ် တည် ဆောက်ရေးလုပ်ငန်းများကို အနီး ကပ်ကွပ်ကဲရန် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ ဆောက် လုပ်ရေးရုံးကို ၂၀၁၉ ဇန်န၀ါရီ တွင် အပြီးတည်ဆောက်မည်ဖြစ် သည်။

‘‘ဒီစီမံကိန်းဟာ မြန်မာနိုင်ငံ မှာ တစ်ခါမျှ မလုပ်ခဲ့ဖူးသေးတဲ့ စီမံကိန်းမျိုးဖြစ်ပြီး ရေရှည်ကြည့် မယ်ဆိုရင် နိုင်ငံနဲ့ လူမျိုးအတွက် အင်မတန် အကျိုးကျေးဇူးများ တယ်ဆိုတာ ကျွန်တော်ယုံကြည် ပါတယ်’’ ဟု ရန်ကုန်မြို့သစ် ဖွံ့ ဖြိုးရေးကုမ္ပဏီ(NYDC) အမှု ဆောင် အရာရှိချုပ်ဦးသိမ်းဝေက ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်း သည် အလုပ်အကိုင် နှစ်သန်းခန့် ဖန်တီးပေးနိုင်ပြီး ပထမပိုင်းကို ၂၀၂၀ တွင် ပြီးစီးရန် ရည်မှန်း ထားသည်ဟု ဦးသိမ်းဝေက The Financial Time သတင်းစာအား ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ရာလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ် ငန်းများ အပါအ၀င် စီးပွားရေး လုပ်ငန်းများကို ဦးဆောင်ကြိုးစား နေသော ဆာ့ခ်ျပန်း (ခေါ်) ဦးသိမ်း ဝေသည် ရန်ကုန်မြို့သစ် စီမံကိန်း တွင် အခြေခံအဆောက်အအုံ ကဏ္ဍ၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး

ပေးရေးတို့ ဆောင်ရွက်ရန် ရန် ကုန်တိုင်းအစိုးရက တာဝန်ပေး ထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရန် NYDC ကုမ္ပဏီ တွင် တိုင်းအစိုးရက ကျပ် ၁၀ ဘီလီယံ အသုံးပြုထားသော်လည်း အသုံးစရိတ်ကျပ်သိန်း ၉၀၀ ကျော်ရှိပြီး လက်ဝယ်၌ ကျပ် သိန်း ၁၁၀ ကျော် ကိုင်ထားသည်ဟု ကုမ္ပဏီကဆိုသည်။ ကျန်ငွေအ ချို့ကို ကမ္ဘောဇဘဏ်နှင့် ဧရာဝတီဘဏ်တွင် ခွဲအပ်ထားသည် ဟု ဆိုသည်။ သို့သော် ပြင်ပစာ ရင်းစစ်များ စစ်ဆေးနိုင်ခြင်း မရှိ

သေးဟု ဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧက ၂၀,၀၀၀ ကျော်တွင် ပထမအဆင့် စတင်အကောင် အထည်ဖော်မည်ဖြစ်ပြီး စင်ကာ ပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းမည် ဟု ရန်ကုန်တိုင်းအစိုးရက ဆို ထားသည်။

ရန်ကုန်မြို့သစ်တွင် အများ သုံးသယ်ယူပို့ဆောင်ရေးစနစ် (Mass Transit System) တည် ထောင်နိုင်ရန် Oriental Con-sultants Japan Co., Ltd.ကိုလမ်းပန်းနှင့်ပို့ဆောင်ဆက်သွယ် ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုဆိုင်ရာ အကဲဖြတ် အကြံပေးအဖြစ် ၂၀၁၈အောက်တိုဘာ ၁ ရက်က ခန့်အပ် ခဲ့သည်။

=======================
251 / End