အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုကြီး ငြိမ်း ချမ်းလာသည်နှင့်အမျှ တိုင်းရင်း သားအားလုံးအတွက် ညီညွတ် မျှတဖွံ့ဖြိုးတိုးတက်ရေးကို အမျိုး သားရေးစိတ်ဓာတ် အရင်းခံပြီး စုပေါင်းအင်အားဖြင့် ကြိုးပမ်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယမန်နေ့တွင် ကျရောက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအ နားသို့ သဝဏ်လွှာပေးပို့သည်။
သမ္မတ ဦးဝင်းမြင့်သည် (၉၈)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့ပြီး အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခြင်းဖြစ်သည်။
‘နိုင်ငံတကာနှင့် ရင်ပေါင် တန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ကျွန်တော်တို့ ပြည်ထောင်စုသား အားလုံးအနေဖြင့် သမိုင်းကြောင်း သင်ခန်းစာများရယူပြီး လက်တွဲ ကြိုးပမ်းတည်ဆောက်ကြမှသာ ရည်မှန်းထားသည့်အတိုင်း မျိုး ဆက်သစ်များအတွက် စည်းလုံး ညီညွတ်ပြီး အေးချမ်းသာယာ သော ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကြီးအဖြစ် ကောင်းမွန် သည့် အမွေအနှစ်ကို လက်ဆင့် ကမ်းပေးနိုင်မှာ ဖြစ်ပါသည်’ဟု သမ္မတပေးပို့သော သဝဏ်လွှာ၌ ဖော်ပြသည်။
မြန်မာသက္ကရာဇ် ၁၂၈၂ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်သည် ယူနီဗာစီတီအက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ သပိတ်မှောက်သည့်နေ့၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် အောင်ပွဲ ရရှိစေရန် ဦးတည်ခဲ့သည့်နေ့ဖြစ် ၍ ခရစ်နှစ် ၁၉၂၁ မန္တလေးမြို့၌ ကျင်းပသော နဝမအကြိမ်မြောက် ဂျီစီဘီအေကွန်ဖရင့်က အမျိုး သားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွစွာနှင့် လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့ခြင်းကို အမှတ်ရ ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသားအောင်ပွဲနေ့ဟု နှစ်စဉ်ကျင်း ပခဲ့ကြောင်း သမ္မတရုံးထုတ်ပြန် ချက်၌ ဖော်ပြသည်။
ယမန်နေ့က ကျရောက်ခဲ့ သည့် (၉၈)ကြိမ်မြောက် အမျိုး သားအောင်ပွဲနေ့ ဦးတည်ချက် များသည် ပြည်ထောင်စုစိတ် ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ပူး ပေါင်းပါဝင် တည်ဆောက်ရေး၊ တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးတို့ဖြစ်သည်။
ထို့အပြင် ငြိမ်းချမ်းသာယာဝ ပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် ပေါ်ထွန်းလာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် အမျိုးသားအောင် ပွဲနေ့တွင် သမ္မတဦးဝင်းမြင့်က အလေးအနက်ထား တိုက်တွန်း သည်။
=======================
251 / End
၂ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၄၄
News ID: 919079
ပြည်ထောင်စုကြီး ငြိမ်း ချမ်းလာသည်နှင့်အမျှ တိုင်းရင်း သားအားလုံးအတွက် ညီညွတ် မျှတဖွံ့ဖြိုးတိုးတက်ရေးကို အမျိုး သားရေးစိတ်ဓာတ် အရင်းခံပြီး စုပေါင်းအင်အားဖြင့် ကြိုးပမ်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယမန်နေ့တွင် ကျရောက်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအ နားသို့ သဝဏ်လွှာပေးပို့သည်။