၄ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၄၈
လှိုက်စားနေသော အဂတိလိုက်စားမှု စနစ်တကျတိုက်ဖျက်ရေး အဂတိကင်းစင်ခြင်းတန်ဖိုးကို မူလတန်းအဆင့်က စတင်သင်ကြားပေးရန် စီစဉ်နေဟု ဒေါ်အောင်ဆန

နေပြည်တော်တွင်ကျင်းပသော ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ၌ ပြသထားသည့် ပြခန်းအချို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုနေစဉ် (ဓာတ်ပုံ −နိုင်ငံတော်အတိုင်ပင်ခံရုံး)

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နေပြည်တော်တွင်ကျင်းပသော ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ၌ ပြသထားသည့် ပြခန်းအချို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုနေစဉ် (ဓာတ်ပုံ −နိုင်ငံတော်အတိုင်ပင်ခံရုံး)

အစိုးရအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေ သော အဂတိလိုက်စားမှုများကို စနစ်တကျတိုက်ဖျက်ရန် ဆောင်ရွက်နေပြီး အဂတိလိုက်စားမှု ကင်းစင်ခြင်း၏တန်ဖိုးကို အခြေခံပညာမူလတန်းအဆင့်မှ စတင် လေ့ကျင့်သင်ကြားပေးရန် စီစဉ်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

နေပြည်တော် MICC-II တွင် ဒီဇင်ဘာ ၄ ရက်က ကျင်းပ သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီး နှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ)ဖွင့်ပွဲ၌ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ယခုကဲ့သို့ ပြောကြားခဲ့သည်။

‘‘ကျွန်မတို့အစိုးရက လူ့အ ဖွဲ့အစည်းအတွင်းမှာ လှိုက်စားနေ တဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်ဖို့ ဆောင်ရွက် နေတယ်ဆိုတာ အများအသိဖြစ် ပါလိမ့်မယ်။

စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ကလေးဘဝ ကစပြီး လေ့ကျင့်ပျိုးထောင်ပြုစု ပေးရပါလိမ့်မယ်။ နိုင်ငံနှင့် လူ မျိုးဂုဏ်သိက္ခာနဲ့ တိုးတက်မှု အတွက် အဂတိလိုက်စားမှု ကင်းစင်ခြင်းရဲ့တန်ဖိုးကို နား လည်စေဖို့၊ အခြေခံပညာကျောင်း တွေမှာ သင်ကြားဖို့ အရေးကြီးပါ တယ်။ အသက်အရွယ်နဲ့ ကိုက် ညီတဲ့ ဝေါဟာရတွေ၊ စကားလုံး တွေကို သုံးပြီး အဂတိလိုက်စားမှု ၏ဆိုးကျိုးများနှင့် မိမိပတ်ဝန်း ကျင်အပေါ် အကျိုးသက်ရောက်မှု များ၊ ရိုးသားတဲ့အမူအကျင့်များ၊ ကိုယ်ကျိုးနှင့် အများအကျိုးရဲ့ ဆက်စပ်နေမှုများ၊ ကွဲပြားခြားနား မှုများနဲ့ ကိုယ်ကျင့်တရားကောင်း မွန်မှုနဲ့ ဆက်စပ်တဲ့ Edutainment အစီအစဉ်တွေကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ ပညာရေးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပေးဖို့ စီစဉ်နေပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဂတိ လိုက်စားမှုတိုက် ဖျက်ရေးကို မူလတန်းအဆင့်မှ စတင်ပညာပေးနိုင်ရန်  မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ရေးဆွဲထားသည့် ‘ဖြောင့်မတ်တည်ကြည်မှုမြှင့်တင် ရေးပညာပေးအစီအစဉ် (အခြေခံ ပညာမူလတန်း)’ ဆရာကိုင်စာ အုပ် အုပ်ရေလေးသောင်းကို ပညာရေးဝန်ကြီးဌာနသို့ အောက် တိုဘာ ဒုတိယပတ်က လွှဲပြောင်း ပေးခဲ့သည်။

ထိုဆရာကိုင် စာအုပ်ကို အခြေခံပညာကျောင်းများသို့ ဖြန့် ဝေပြီး မူလတန်းကျောင်းသားများ ကို စာရိတ္တနှင့် ပြည်သူ့နီတိ ဘာ သာရပ်သင်ကြားချိန်တွင် တွဲဖက် သင်ကြားပေးမည်ဖြစ်သည်။

ထို့အပြင် လက်ရှိတွင် ဖက်ဒရယ်ပြည်ထောင်စုအရေး ဆောင် ရွက်နေသော အချိန်ကာလဖြစ်သ ဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်သည် လည်း အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်၍ ငြိမ်းချမ်းစွာပညာသင်ယူနိုင်မည့် ပတ်ဝန်းကျင်ဖန်တီးပေးခြင်းဖြင့် ငြိမ်းချမ်းရေးကို အားပေးကူညီရန် အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းသည်။

‘‘များသောအားဖြင့် ပတ်ဝန်းကျင်ရဲ့ ငြိမ်းချမ်းရေးကို တန်ဖိုး မထားသူတွေဟာ ကိုယ့်ကိုယ် ကိုယ် ငြိမ်းချမ်းအောင် တည် ဆောက်ရာမှာ အားနည်းသူတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ကျောင်းက ကျောင်းသူ တွေရဲ့ဘဝ၊ ဆရာ၊ ဆရာမတွေ ငြိမ်းချမ်းစွာ ပညာရယူနိုင်မယ့် ပတ်ဝန်းကျင်ကို ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးကို မြတ်နိုးအောင် အားပေးနိုင်ပါတယ်’’ဟု အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပြီးခဲ့သော ခေတ်ကာလများ က စာသင်ကျောင်းများတွင် တိတ်ဆိတ်စွာ ပညာသင်ယူရေး ဖန်တီး မှုများကို ဂုဏ်ယူတတ်ကြသော် လည်း ဆရာ၊ ဆရာမများအနေ ဖြင့် ယခုခေတ်ကာလနှင့်ကိုက်ညီ သော စာသင်ခန်းများ ဖန်တီးပေး ရန်နှင့် ကျောင်းသားလူငယ်များ ကိုလည်း မေးခွန်းထုတ်တတ် သည့် အလေ့အကျင့်များ ရရှိစေ ရန် သင်ကြားပေးရမည်ဟု အတိုင် ပင်ခံက ပြောသည်။

‘‘တိတ်ဆိတ် ငြိမ်သက်စွာနဲ့ လက်ပိုက်ပြီး ဆရာပြောသမျှ နား ထောင်တဲ့ အစဉ်အလာကိုတော့ အားမပေးသင့်ပါဘူး။ ဒီလိုပြော ခြင်းအားဖြင့် နားထောင်ရမယ့် အချိန်မှာ နားမထောင်ရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချိန်လုံး ဆရာကချည်းပဲ ပြော မယ်။ ကျောင်းသူ၊ ကျောင်းသား တွေက နှုတ်ဆိတ်ပြီးတော့ နား ထောင်ရမယ်။ မေးခွန်းလည်း မထုတ်ရဘူး။ ဆရာမပြောတာ အကုန်မှန်၏။ ဆရာပြောတာ အကုန်မှန်၏ဆိုပြီးတော့ အဲဒီလို သင်ယူတဲ့ စနစ်မျိုးနဲ့ကတော့ ကျွန်မတို့ အခုခေတ်နဲ့မီအောင် လိုက်နိုင်မှာ မဟုတ်ပါဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က အကြံ ပြုသည်။

ထို့အပြင် ကလေးများကို အချိန်လေးစားတတ်စေမည့် ယဉ် ကျေးမှုတစ်ခု ထူထောင်ပေးရန်၊ ကလေးများကို ပြောရဲဆိုရဲဖြစ် လာအောင် လေ့ကျင့်မွေးမြူပေး ရန်၊ မေးခွန်းမေးခွင့်ပေးရန်နှင့် ဆရာများကလည်း အမှန်အတိုင်း ဖြေကြားရန်၊ မြေပြန့်၊ တောင်ပေါ် မခွဲခြားဘဲ တန်းတူပညာသင်ကြား ခွင့်ပေးရန်၊ ကျန်းမာရေးနှင့်အား ကစားဆိုင်ရာ ကိစ္စရပ်များကို လည်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်းပြောကြားသည်။

=======================
251 / End