၅ ဒီဇင်ဘာ ၂၀၁၈ - ၁၂:၄၇
 အလုပ်များ၍ ရန်ကုန်နှင့် မန္တလေး တိုးတက်မှုချင်းကို နှိုင်းယှဉ်နေရန် အချိန်မရှိဟု ရန်ကုန်မြို့တော်ဝန်ပြော ရန်ကုန်တိုင်း အစိုးရနှင့်

လုပ်ငန်းတာဝန်များပြားခြင်းကြောင့် ရန်ကုန်နှင့် မန္တလေး မည်သည့်မြို့က ပိုမိုဖွံ့ဖြိုးတိုးတက်သည်ဟု နှိုင်းယှဉ်နေရန် အချိန်မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းလုပ်ငန်းများအတွက် ချေး ငွေရယူရေး နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်၊ ဒုတိယအကြိမ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေး သို့လာရောက်ရှင်းလင်းပြီးနောက် လွှတ်တော်အဆောက်အအုံအတွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးမောင်မောင်စိုးက အထက်ပါအတိုင်းပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လုပ်ငန်းတာဝန်များပြားခြင်းကြောင့် ရန်ကုန်နှင့် မန္တလေး မည်သည့်မြို့က ပိုမိုဖွံ့ဖြိုးတိုးတက်သည်ဟု နှိုင်းယှဉ်နေရန် အချိန်မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းလုပ်ငန်းများအတွက် ချေး ငွေရယူရေး နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်၊ ဒုတိယအကြိမ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစည်းအဝေး သို့လာရောက်ရှင်းလင်းပြီးနောက် လွှတ်တော်အဆောက်အအုံအတွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးမောင်မောင်စိုးက အထက်ပါအတိုင်းပြောကြားသည်။

မန္တလေးနှင့် ရန်ကုန်မြို့၏ တိုးတက်မှုအခြေအနေကို နှိုင်း ယှဉ်၍ သတင်းထောက်တစ်ဦးက မေးမြန်းရာ ‘‘ကိုယ့်ဟာနဲ့ကိုယ် လုံးချာလိုက်နေတာ။ မန္တလေးကို လှည့်တောင်မကြည့်အားဘူး။ မန္တလေးက လာလာကြည့်ကြည့် ပြီး ပြောနေတာ ကျွန်တော် အံ့ဩ တယ်။ တော်တော်အားများ နေ ကြလားမသိဘူး။ တိုးတက်ရင် ကောင်းတယ်။ မန္တလေးတိုးတက် ရင် ကျွန်တော် ပိုကြိုက်တယ်’’ဟု ဦးမောင်မောင်စိုးက ဖြေကြား သည်။

မန္တလေးမြို့တွင် လူဦးရေ တစ်သန်းကျော်သာ ရှိသော်လည်းရန်ကုန်မြို့သည် လူဦးရေ ခုနစ် သန်းကျော် နေထိုင်သည့် မြို့တော်ဖြစ်ရာ ကိုင်တွယ်ဖြေရှင်းရန် ပိုမို ခက်ခဲကြောင်း၊ အိမ်တစ်အိမ်နှင့် ရပ်ကွက်တစ်ခု သန့်ရှင်းအောင် ဆောင်ရွက်ရန် မတူညီပုံကို ဥပမာပေး၍ ဦးမောင်မောင်စိုးက ပြော သည်။

ထို့ကြောင့် မန္တလေးမြို့သာ မက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ပိုမိုတိုးတက် လာပါက လူဦးရေ ပျံ့နှံ့မည်ဖြစ်၍ မြို့ကြီးအားလုံး တိုးတက်မှုကို လို လားကြောင်း ၎င်းက ပြောသည်။

‘‘အခက်အခဲတွေကြားထဲမှာ စီးပွားရှာလို့ ကောင်းတယ်ဆိုပြီး လူဦးရေက တိုးလာတော့ လူများလေ၊ အမှိုက်များလေ၊ အကုန်များ လေ၊ ပြဿနာများလေပဲ’’ဟု ဆို သည်။

သို့သော် ရန်ကုန်မြို့ခံ ဒီချုပ် အမတ်များကမူ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေး ကော်မတီတို့၏ ဆောင်ရွက်ချက်များအပေါ် အား မရကြောင်း မန္တလေးမြို့ အခြေ အနေနှင့် နှိုင်းယှဉ်ပြောသည်။

ရန်ကုန်မြို့တွင် လူဦးရေ ပိုမိုများပြားသော်လည်း ရန်ကုန် တိုင်းအစိုးရအဖွဲ့သည် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ ထက် ဘတ်ဂျက်ပိုမိုရရှိပြီး ထိထိ ရောက်ရောက်သုံးစွဲနိုင်မှု အား နည်းကြောင်း လှိုင်မြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြော သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေဖြင့် စည်ပင်သာ ယာရေးကော်မတီအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်တင်မြှောက်နိုင် ခြင်းမရှိမှုသည် အားနည်းချက် တစ်ရပ်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

‘‘မန္တလေးမြို့တော် စည်ပင် ဆိုရင် တစ်ခုလုပ်ရင် တစ်ခုသိသိ သာသာ ပြောင်းလဲသွားတယ်၊ လုပ်နိုင်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာလို မဟုတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရော၊ မြို့တော်စည်ပင်သာ ယာရေးရော နှစ်ခုစလုံးမှာ အား နည်းချက်တွေ အများကြီးရှိတယ်’’ဟု ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။

 ဦးအောင်ကျော်ကျော်ဦး သည် ပြီးခဲ့သည့် ရက်ပိုင်းကပင် ရန်ကုန်မြို့တွင်း ယာဉ်ပိတ်ဆို့မှု ပြဿနာကို လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ဖြေရှင်းပေးရန် လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ သည်။ ထို့အတူ မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လည်း မန္တလေးတိုင်းအစိုးရသည် လူထုနှင့် အနီးစပ်ဆုံးပြဿနာများ ကို အဓိကဖြေရှင်းနေပြီး ရန်ကုန် ကမူ ထိုသို့ မဟုတ်ဟုဆိုသည်။

‘‘လမ်းတွေဆိုရင်လည်း အ ကုန်လုံးသိတယ်။ ကွန်ကရစ်ထပ် ခင်း၊ အမြင့်ကြီးတွေဖြစ်၊ အိမ်တွေကအောက်ကျ၊ ဒါမျိုးတွေမဖြစ် အောင် သူများတိုင်းနဲ့ ပြည်နယ် တွေ ဘာလုပ်နေလဲ၊ စက်ပစ္စည်း တွေ တင်သွင်းဖို့လိုသလား။ တခြားတိုင်းနဲ့ ပြည်နယ် ဘာ ကြောင့် ဖွံ့ဖြိုးတိုးတက်လဲ၊ ဘာ ကြောင့် မဖြစ်လဲ၊ ဒါလေးတွေ လည်းကြည့်ပြီး လုပ်စေချင်တယ်’’ ဟု ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

တိုင်းနှင့် ပြည်နယ် အစိုးရ အဖွဲ့များအနေဖြင့် စီမံကိန်းလုပ် ငန်းကြီးများ ဆောင်ရွက်နေသည့် တစ်ပြိုင်တည်းမှာပင် ပြည်သူများ ကို ဝန်ဆောင်မှုပေးနိုင်သည့် လက်တွေ့ကျသော လုပ်ငန်းများကို ပိုမိုဖြေရှင်းဆောင်ရွက်သင့် ကြောင်း ဒေါ်ဖြူဖြူသင်းက ဆို သည်။

‘‘ကျွန်တော်ပြောတာ What is the meaning of the city ပေါ့။ အဲဒါကတော့ အရေးကြီးတယ်။ ကိုယ့်အလုပ်နဲ့ကိုယ်တော့ လုပ် နေပါရစေ။ ဘာကြောင့်လဲဆို တော့ ယှဉ်ပြီးတော့ ပြောဖို့ကို အချိန်ကိုမရှိဘူး’’ဟု ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက သတင်းထောက်များအား ပြော သည်။

=======================
251 / End