အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်လက်နက်ကိုင် အဖွဲ့များနှင့် ရခိုင်နိုင်ငံရေး ပါတီများအကြား ဘုံသဘောထားမူ ၀ါဒရရှိရေး ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့လသည်။
ယခုနှစ် ဇွန်လက မြန်မာ -ထိုင်းနယ်စပ်၌ ကျင်းပသည့် ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် မည့် အစည်းအဝေးကို ဒီဇင်ဘာ၁၀ ရက်မှ ၁၅ ရက်အထိ နယ်စပ်တွင်ကျင်းပပြီး ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများအကြား ညှိနှိုင်းရန် ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
‘‘အမျိုးသားဘုံမူဝါဒ ချမှတ်နိုင်မှ ကျွန်တော်တို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လာမှာဖြစ်တယ်’’ ဟု အစည်းအဝေး ဦးဆောင်ကျင်းပသည့် ရခိုင်အမျိုးသားကောင်စီ (ANC)အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။
စစ်မှန်သော ငြိမ်းချမ်းရေးလမ်းကြောင်းမှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် ရခိုင်ပြည်နှင့် ရခိုင်ပြည်သားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထင်ဟပ်စေမည့် အမျိုးသားရေး မူဝါဒများ ဒီမိုကရေစီနည်းလမ်းကျ စုစည်းရေးဆွဲရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ ကြောင်း အစည်းအဝေးအပြီး၌ သတင်းထုတ်ပြန်သည်။
ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်သင့် ပါဝင်ထိုက်သော အမျိုးသားရေးအင်အားစု အားလုံးပါဝင်နိုင်ရန် အခြားရခိုင်အမျိုးသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များ၊ တစ်သီးပုဂ္ဂလများနှင့် လည်း ဆက်လက်ညှိနှိုင်းဆောင် ရွက်မည်ဟု ဖော်ပြသည်။
အဆိုပါ အစည်းအဝေးသို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (ULA/AA)နှင့် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိ ပေ။
လက်ရှိတွင် ရခိုင်လက်နက် ကိုင်အဖွဲ့ သုံးဖွဲ့ရှိပြီး NCA လက် မှတ်ရေးထိုးထားသည့် ALP အဖွဲ့၊ NCA လက်မှတ်ရေးထိုးနိုင်ရေးညှိနှိုင်းသော်လည်း အဆင်မပြေဖြစ်ခဲ့သည့် ANC နှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင် ပါဝင်နိုင်ရေး ညှိနှိုင်းနေသည့် ULA/AA တို့ဖြစ်သည်။ ULA/AA သည် နိုဝင်ဘာလကုန် ပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း တပ်မ တော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ သည်။
ရခိုင်နိုင်ငံရေးပါတီ များတွင် ရခိုင်အမျိုးသားပါတီ (AN P) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဟူ၍ အဓိကပါတီနှစ်ခု ရှိသည်။
=======================
251 / End
၂၀ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၀၅
News ID: 921413
ရခိုင်လက်နက်ကိုင် အဖွဲ့များနှင့် ရခိုင်နိုင်ငံရေး ပါတီများအကြား ဘုံသဘောထားမူ ၀ါဒရရှိရေး ညှိနှိုင်းရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့လသည်။