၂၁ ဒီဇင်ဘာ ၂၀၁၈ - ၁၅:၂၀
နိုင်ငံရေးလမ်းကြောင်း မှန်ကန်ဖွံ့ဖြိုးရေး မီဒီယာများကူညီရန် တပ်ချုပ်ပြော

လက်ရှိလျှောက် လှမ်းနေသည့် နိုင်ငံရေးလမ်း ကြောင်း မှန်ကန်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ခိုင်မာရေး မီဒီယာများက ၀ိုင်းဝန်းကူညီပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က တိုက် တွန်းပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လက်ရှိလျှောက် လှမ်းနေသည့် နိုင်ငံရေးလမ်း ကြောင်း မှန်ကန်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ခိုင်မာရေး မီဒီယာများက ၀ိုင်းဝန်းကူညီပေးရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က တိုက် တွန်းပြောကြားသည်။

ဒုတိယအကြိမ် ရွေးချယ်ဖွဲ့ စည်းထားသည့် သတင်းမီဒီယာ ကောင်စီဝင်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယ မန်နေ့က နေပြည်တော်ရှိ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံး တွင် မိတ်ဆက်တွေ့ဆုံခဲ့ပြီး အ ထက်ပါအတိုင်းပြောကြားသည်။

ထို့ အပြင် လက်ရှိပုဂ္ဂလိကမီဒီယာ များရပ်တည်နိုင်ရေး အခက်အခဲ တစ်ခုဖြစ်နေသည့် ကြော်ငြာရရှိ မှုနည်းပါးနေခြင်းကို တပ်မတော် ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်နှင့်  ညှိနှိုင်း၍ ကူညီဖြည့်ဆည်းပေး မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားကြောင်း ကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ဆိုသည်။

‘‘တတ်နိုင်သလောက် တပ် ပိုင်းကနေ ကြော်ငြာဖြည့်ဆည်း ပေးမယ်လို့ပြောပါတယ်။ တပ်မ တော်ဘက်က ကြော်ငြာတဲ့ကြော်ငြာတွေရှိပါတယ်။ အဲဒီ ကြော်ငြာတွေထည့်ပေးမယ် ဒီလိုပြောပါတယ်’’ ဟု ဟံသာဝတီ ဦးအုန်းကြိုင်က ပြောသည်။

သတင်းရယူမှုနှင့်ပတ်သက် ၍ တပ်မတော်အနေဖြင့် စစ်ဆင် ရေးဆိုင်ရာနှင့် လျှို့ဝှက်ကိစ္စများ မှအပ ဟန့်တားထားခြင်းမရှိဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကပြောကြားခဲ့ကြောင်း ဟံ သာဝတီဦးအုန်းကြိုင်က ဆို သည်။

=======================
251 / End