အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သို့ ဓာတ်ငွေ့ဖိုး ကျပ်သိန်းရှစ်သောင်း ကျော် ပေးသွင်းခြင်းမရှိသော GGS ကုမ္ပဏီမှ အကြွေးရရှိရေး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး များထံမှ သဘောထားမှတ်ချက် များရယူ၍ နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြမည် ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။
ဒီဇင်ဘာ ၂၁ ရက်က ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ် လျဉ်းပြီး ကိုယ်စားလှယ်များက GGS ကုမ္ပဏီအကြွေးကိစ္စဆွေး နွေးချက်များကို လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခြင်း ဖြစ်သည်။
‘‘ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ တော်က ရသင့်ရထိုက်သော အ ကြွေးများကို လုံးဝလျစ်လျူရှုထား ခြင်းမရှိဘဲ စဉ်ဆက်မပြတ် တောင်းခံလျက်ရှိရာ ဒီကနေ့အထိ တရားဝင် စာပေါင်း ၁၄ ကြိမ် အ ကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်’’ ဟု ဒုတိယဝန်ကြီး ဒေါက်တာထွန်း နိုင်က ပြောသည်။
GGS ကုမ္ပဏီသည် ထားဝယ် မြို့နယ်အတွင်း ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးရန် တိုင်းဒေသကြီးအ စိုးရအဖွဲ့က တင်ဒါရွေးချယ်ခေါ် ယူခဲ့သော ကုမ္ပဏီဖြစ်ပြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ရွေး ချယ်ခဲ့သည့် ကုမ္ပဏီမဟုတ် ကြောင်း ဒုဝန်ကြီးက ပြောသည်။
ပြည်သူများ လျှပ်စစ်ဓာတ် အားရရှိရေး လိုအပ်နေသော သဘာဝဓာတ်ငွေ့ကို မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းသို့ပေးပို့သည့် ဓာတ်ငွေ့ခွဲ တမ်းအနက်မှ ဓာတ်ငွေ့ကုဗပေ နှစ်သန်းကို တိုင်းဒေသကြီးအစိုးရ တောင်းခံချက်အရ အသုံးချခွင့် ခွဲဝေပေးခဲ့ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
GGS ကုမ္ပဏီသည် လုပ်ငန်း ဆောင်ရွက်စဉ်က စ၍ လက်ရှိအ ချိန်ထိ နိုင်ငံတော်သို့ ဥပဒေသတ် မှတ်ချက်များနှင့်အညီ အခွန်ပေး ဆောင်မှုမရှိသည့်အပြင် တိုင်းအ တွင်း ကုမ္ပဏီအတွက် အကျိုးအ မြတ်ရရှိရန် သေချာသော သရက် ချောင်း ငါးလေလံဈေးစီမံကိန်း နှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း များကို တိုင်းအစိုးရအဖွဲ့ ခွင့်ပြု ချက်ဖြင့် လုပ်ပိုင်ခွင့်ရရှိနေ ကြောင်း ဒီဇင်ဘာ ၁၈ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ် တော်တွင် ကျွန်းစုမြို့နယ်အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ဝေဖန်ထောက်ပြခဲ့ သည်။ GGS ကုမ္ပဏီတာဝန်ရှိသူ ဦးအောင်မြတ်က ၎င်းထံတွင် နိုင်ငံ တော်သို့ ပေးသွင်းရမည့်ဓာတ်ငွေ့ ဖိုး ကြွေးကျန်ကျပ်သိန်းရှစ် သောင်းကျော် အဆင်သင့်ရှိသော် လည်း နိုင်ငံတော်က ကုမ္ပဏီသို့ ရောင်းချသည့် ဓာတ်ငွေ့တန်ဖိုး ကို လက်ရှိအချိန်အထိ တိတိကျ ကျ သတ်မှတ်ပေးခြင်းမရှိသဖြင့် လွယ်လွယ်ကူကူပေးမည်မဟုတ် ဘဲ ထောင်သာ အကျခံမည်ဟု ဒီဇင်ဘာ ၁၅ ရက်က ထားဝယ်မြို့တော်ခန်းမ၌ ကုမ္ပဏီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
တနင်္သာရီတိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် GGS ကုမ္ပဏီက ဆောင်ရွက်နေသော ထားဝယ် ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးလုပ် ငန်းစီမံကိန်းနှင့် သရက်ချောင်း ငါးလေလံဈေးနှင့် ဖွံ့ဖြိုးရေးဇုန် စီမံကိန်းတို့ကို လွှတ်တော်သို့ တင် ပြရန် လွှတ်တော်က အကြိမ်ကြိမ် သတိပေးသော်လည်း တိုင်းအစိုးရက လက်ရှိအချိန်အထိ တင်ပြ ခြင်းမရှိကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဒီဇင် ဘာ ၁၉ ရက်တွင် ပြောကြား သည်။
GGS ကုမ္ပဏီနှင့် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ စာ ချုပ်ချုပ်ဆိုစဉ်က စာချုပ်ပါအ ချက်အလက်များကို တိကျစွာ ဖော်ပြခြင်းမရှိဘဲ စာချုပ်တွင် ကွက်လပ်များချန်ထား၍ ချုပ်ဆို ခြင်းသည် လိမ်လည်ချုပ်ဆိုခြင်း သာဖြစ်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က ပြော သည်။
‘‘ဥပဒေအရ တရားမဝင်တဲ့ စာချုပ်ဖြစ်ပြီ။ စာချုပ်က ပျက်ပြီ’’ ဟု ဦးကြီးမြင့်က ဆိုသည်။
ထို့ကြောင့် နစ်နာသည့် နိုင် ငံတော်အနေဖြင့် ဥပဒေနှင့်မညီ ဘဲ လုပ်ငန်းဆောင်ရွက်ခွင့်ပြု သော တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီကိုပါ တရားစွဲဆိုရမည်ဟု ၎င်းက မှတ်ချက်ပြုသည်။
GGS ကုမ္ပဏီသည် လုပ်ငန်း ဆောင်ရွက်စဉ်က စ၍ လက်ရှိအ ချိန်အထိ နိုင်ငံတော်သို့ အခွန်ပေး ဆောင်ခြင်းမရှိသလို သဘာဝ ဓာတ်ငွေ့ဖိုးကြွေးကျန်ကျပ်သိန်း ရှစ်သောင်းကျော်ကိုလည်း ပေး သွင်းရန် ပျက်ကွက်နေသည်။
လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်းလုပ်ငန်းအတွက် တိုင်း အစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီတို့ ချုပ်ဆိုသည့် စာချုပ်တွင်မူ ဓာတ် အားပေးစက်များမှ လအတွင်း အသုံးပြုသော Gas Flow Meter ၏ဖတ်ရှုယူနစ်ကို သတ်မှတ်ထား သည့် ဓာတ်ငွေ့နှုန်းထားအတိုင်း လုပ်ကိုင်ခွင့်ရသူက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးချေရ မည်ဖြစ်ပြီး သတ်မှတ်အခွန်အခ များကိုလည်း လုပ်ကိုင်ခွင့်ရသူက ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် စာချုပ်တွင် လအ တွင်းဟု ဖော်ပြထားပြီး တိတိကျ ကျရေးသားထားခြင်းမရှိသည့်အ ပြင် လုပ်ပိုင်ခွင့်သက်တမ်းကာလ နှင့် အခြားအချက်အလက်များကို စာချုပ်၌ တိကျစွာ ဖော်ပြထား ခြင်းမရှိဘဲ ကွက်လပ်ဖြင့်သာ ဖော်ပြ၍ စာချုပ်ချုပ်ဆိုထားသည် ကို တိုင်းအစိုးရအဖွဲ့က ပြည်သူ အများသိရှိရန် ထုတ်ပြန်ခဲ့သည့် ယင်းစာချုပ်၌ ဖော်ပြထားသည်။
=======================
251 / End
ဓာတ်ငွေ့ဖိုး ကြွေးကျန်ကျပ်သိန်းရှစ်သောင်းကျော်မပေးသည့်ကိစ္စ နိုင်ငံတော်သမ္မတထံ တင်ပြမည်ဟု လျှပ်စစ်ဒုဝန်ကြီးပြော ကွက်လပ်များပါနေသြ
၂၁ ဒီဇင်ဘာ ၂၀၁၈ - ၁၆:၀၁
News ID: 921554
ဓာတ်ငွေ့ဖိုး ကြွေးကျန်ကျပ်သိန်းရှစ်သောင်းကျော်မပေးသည့်ကိစ္စ နိုင်ငံတော်သမ္မတထံ တင်ပြမည်ဟု လျှပ်စစ်ဒုဝန်ကြီးပြော ကွက်လပ်များပါနေသဖြင့် တရားမဝင်စာချုပ်ဖြစ်၍ တိုင်းအစိုးရနှင့် ကုမ္ပဏီတို့ကို တရားစွဲသင့်ဟု ရှေ့နေပြော