အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မိမိတာဝန်ယူရသော မြို့နယ်၏ တိုးတက်ခြင်း၊ ဆုတ် ယုတ်ခြင်းသည် သက်ဆိုင်ရာမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးများ၏ သမိုင်းမှတ်တိုင်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရှိ ခရိုင်၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးများကို ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။
ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) တွင် ရန်ကုန်မြို့တော်ခန်းမ ၌ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူ တွေ့ဆုံစဉ် ဦးဖြိုးမင်းသိန်းက မှာကြားခြင်းဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန်ဦးမောင်မောင်စိုး၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေး သားထားသည်။
ထိုသို့ တွေ့ဆုံစဉ် အထွေ ထွေ အုပ်ချုပ်ရေးမှူးများအား ကိုယ်တာဝန်ယူရသော မြို့နယ် များ၏ လိုအပ်ချက်များ သိရှိထား ရန်လိုကြောင်း ပြောကြားခဲ့သည် ဟု ဖော်ပြထားသည်။
ထို့အပြင် တရားဥပဒေစိုးမိုး ရေး ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်ဆက်သွယ်ရေး ကွန်ရက်ကောင်းမွန်မှသာ အုပ်ချုပ်ရေး၏ အခြေခံအကျဆုံးဖြစ်သော ဆယ်အိမ်စုမှူးများထံမှ သတင်းအချက်အ လက်များနှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီသိရှိပြီး ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း ဦးဖြိုးမင်းသိန်းက ပြော သည်။
ဆက်လက်၍ ပြည်သူနှင့် အဓိက ထိတွေ့ဆက်ဆံနေရ သော အထွေထွေအုပ်ချုပ်ရေးမှူး များနှင့် စည်ပင်သာယာအုပ်ချုပ် ရေးမှူးများ ယခင်ကထက်ပိုပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှ သာ လူထုလိုအပ်ချက်နှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများ၊ တည်ဆောက် ရေးလုပ်ငန်းများကို ပိုပြီးလျင်မြန် စွာ ဆောင်ရွက်နိုင်မည်ဟု ၎င်းကမှာကြားခဲ့ကြောင်း ဖော်ပြထားသည်။
‘‘၀န်ကြီးချုပ်ကတော့ ရှေ့ ဆက်ပိုပြီး ပူးပေါင်းဆောင်ရွက် မယ့် အခြေအနေတွေကိုမှာကြား တာပါ။ ပုံမှန်တွေ့ဆုံမှုတွေ လုပ် သွားဖို့လည်း ပြောတယ်’’ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးမှူးတစ် ဦးက ပြောသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ရွှေ့ပြောင်းမည်ဟု သမ္မတရုံး ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြု ပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင် ၀န် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးများကို ပထမဆုံးခေါ်ယူတွေ့ ဆုံခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံမှုမျိုး တစ် လတစ်ကြိမ်ပြုလုပ်ကာ ပေါင်းစပ် အဖြေရှာ ဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြား ကြောင်း မြို့တော်ဝန်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား သည်။
=======================
251 / End
၂၈ ဒီဇင်ဘာ ၂၀၁၈ - ၁၇:၁၆
News ID: 922561
မိမိတာဝန်ယူရသော မြို့နယ်၏ တိုးတက်ခြင်း၊ ဆုတ် ယုတ်ခြင်းသည် သက်ဆိုင်ရာမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးများ၏ သမိုင်းမှတ်တိုင်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရှိ ခရိုင်၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးများကို ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။