၁ ဇန်နဝါရီ ၂၀၁၉ - ၁၆:၄၀
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ပါတီများထံနှစ်သစ်ကူး သ၀ဏ်လွှာပို့

အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီကိုယ်စားလှယ် များထံ နှစ်သစ်ကူးသ၀ဏ်လွှာ ပေးပို့ခဲ့ပြီး နှစ်သစ်တွင် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီကိုယ်စားလှယ် များထံ  နှစ်သစ်ကူးသ၀ဏ်လွှာ ပေးပို့ခဲ့ပြီး နှစ်သစ်တွင် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

‘Season’s Greetings and Best Wishes for the New Year’ဟု အင်္ဂလိပ်ဘာသာဖြင့် ရေး သားထားပြီး ဒေါ်အောင်ဆန်းစု ကြည်  လက်မှတ်ရေးထိုးထား သည့်စာကို ပေးပို့ခဲ့ကြောင်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် များ၏  ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြထားသည်။

နှစ်သစ်ကူး သ၀ဏ်လွှာကို NCA လက်မှတ်ထိုးထားသော အဖွဲ့များသာမက မထိုးထား သောအဖွဲ့များပါ ပေးပို့ခဲ့ခြင်းဖြစ် သည်။

‘‘နှစ်သစ်ကူးမင်္ဂလာအတွက်၊ သ၀ဏ်လွှာပို့ပေးတဲ့အတွက်၊ ကျွန်တော်တို့ငြိမ်းချမ်းရေးဆောင်ရွက်  မှုအတွက် မင်္ဂလာကောင်းဖြစ် မယ်လို့ယုံကြည်ပါတယ်။ အဲဒီလို  လည်းဆုတောင်းမိပါတယ်’’ ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအစုအဖွဲ့ ဒုဥက္ကဋ္ဌဒေါက် တာဆလိုင်းလျန်မှုန်း  ဆာခေါင်း က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံ၏ နှစ်သစ်ကူး သ၀ဏ်လွှာကို UPDJC ကိုယ်စားလှယ်အနေဖြင့် လက်ခံရရှိသကဲ့သို့ အဖွဲ့အစည်း   အနေဖြင့်လည်း လက်ခံရရှိ ကြောင်း ရခိုင်ပြည်လွတ်မြောက်  ရေးပါတီ (ALP) ဗဟိုအလုပ်အမှု ဆောင် ဒေါ်စောမြရာဇာလင်းက ဆိုသည်။

‘‘ကျွန်မတို့အနေနဲ့လည်းနိုင် ငံတော်အတိုင်ပင်ခံအပါအ၀င်အ စိုးရတစ်ရပ်လုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာရှိပြီးတော့မှ ဒီလာ မယ့် နှစ်သစ်မှာ ငြိမ်းချမ်းရေးကို  တစိုက်မတ်မတ်ဆောင်ရွက်နိုင် ကြပါစေလို့ဆန္ဒပြုပါတယ်။ အ မြန်ဆုံးဖက်ဒရယ်စနစ်ကိုချီတက် နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်’’ ဟု ဒေါ်စောမြရာဇာလင်းကပြော သည်။

UPDJC နိုင်ငံရေးပါတီအစု အဖွဲ့အတွင်းရေးမှူး စိုင်းကျော်   ညွန့်ကလည်း နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်၏ နှစ်သစ်ကူး သ၀ဏ်လွှာရရှိကြောင်း ပြော သည်။

‘‘UPDJC အဖွဲ့ဝင်အားလုံး  ကို လိပ်မူပြီးတော့ ကျွန်တော်တို့ ရုံးဖွင့်ထားတဲ့ပါတီရုံးကိုပို့လိုက် တယ်။ နိုင်ငံရေးပါတီအစုအဖွဲ့က ပါတီတွေအားလုံး အဲဒီလိုပုံစံ တော့ပို့ထားတာရှိပါတယ်’’ ဟု  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေး မှူးလည်းဖြစ်သူ စိုင်းကျော်ညွန့်  ကပြောသည်။

လာမည့်နှစ်သစ်တွင် ရပ် တန့်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် ကို အတွေးအခေါ်သစ်၊အခင်းအ ကျင်းသစ်များဖြင့်အမြန်ဆုံးပြန်စ နိုင်ပါစေကြောင်း ၎င်းကဆု တောင်းပြီး အောင်မြင်မှုရရှိရေး  အစိုးရ၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအား လုံးက စိတ်ရင်းစေတနာဖြင့် လုပ် ရန်လိုအပ်သည်ဟုပြောသည်။

‘‘ဟန်ပြသက်သက်ပဲလုပ် မယ်ဆို အောင်မြင်စရာအ ကြောင်းမရှိဘူး။ နောက်ပြီးတော့ အဖွဲ့အ စည်းရဲ့အကျိုးစီးပွားကိုပဲ စဉ်းစားမယ်ဆိုဒါက အောင်မြင် ဖို့မရှိဘူး။ တစ်နိုင်ငံလုံးရဲ့အကျိုး စီးပွားကို  ကြည့်ပြီးအဖွဲ့အစည်း တစ်ခုချင်း၊   လူတစ်ဦးချင်းရဲ့ အကျိုးစီးပွားတွေ စွန့်လွှတ်ရမှာ ပေါ့ဗျာ။ အဲဒီလိုလုပ်နိုင်မယ် ဆိုရင်တော့ဖြင့် ငြိမ်းချမ်းရေးက အောင်မြင်နိုင်မယ်’’ ဟု စိုင်း ကျော်ညွန့်ကပြောသည်။

NCA လက်မှတ်မထိုးရသေး သည့် အဖွဲ့များကို ပေးပို့ခြင်းရှိ၊ မရှိနှင့် ပတ်သက်ပြီး ‘၀’ အဖွဲ့ (UWSA) နှင့် တအာင်းအဖွဲ့ (TNLA) ကိုယ်စားလှယ်အချို့ထံ  ဆက်သွယ်ရာ ၎င်းတို့မသိရသေး ကြောင်းပြောသည်။ ဒေါ်အောင်  ဆန်းစုကြည်သည် ယခင်နှစ်က  NCA လက်မှတ်ထိုးတိုင်းရင်းသား   အဖွဲ့များနှင့် NCA မထိုးရသေး  သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အားလုံးသို့ နှစ်သစ်ကူး သ၀ဏ်လွှာပေးပို့ခဲ့သည်။

=======================
251 / End