၂ ဇန်နဝါရီ ၂၀၁၉ - ၁၈:၂၇
မကွေးတိုင်းအစိုးရ၊ လွှတ်တော်နှင့် ​ဗိဿနိုးရှေးဟောင်း​နယ်မြေလူထု ပထမဆုံးအကြိမ်တွေ့ဆုံ

မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ မ​ကွေးတိုင်း​လွှတ်​​တော်​နဲ့ ​ဗိဿနိုး​ ရှေး​ဟောင်းယဉ်​​ကျေးမှု နယ်​​မြေအတွင်းရှိ ကျေးရွာ ၁၁ ရွာက လူထုတွေ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ မ​ကွေးတိုင်း​လွှတ်​​တော်​နဲ့ ​ဗိဿနိုး​ ရှေး​ဟောင်းယဉ်​​ကျေးမှု နယ်​​မြေအတွင်းရှိ  ကျေးရွာ ၁၁ ရွာက လူထုတွေ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ဒီလူထုတွေ့ဆုံပွဲ အခမ်းအနားကို တောင်တွင်းကြီးမြို့၊ ဗိဿနိုးမြို့​ဟောင်းရှိ နန်းတွင်း​ကျောင်းဓမ္မာရုံမှာ ဒီကနေ့ ဇန်​န၀ါရီ ၂ ရက်​ မနက်​ ၉ နာရီကနေ ၁၂ ရီလောက်အထိ ကျင်းပခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ​ဗိဿနိုး​နယ်​​မြေအတွင်းရှိ ​ကျေးရွာ ၁၁ က ဒေသခံ ၁၀၀၀ လောက်နဲ့အတူ  တိုင်း​ဒေသကြီးအစိုးရ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညို၊ တိုင်းလွှတ်​​တော်​ဥက္ကဋ္ဌ ဦးတာ၊ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​ကြည်​ညွန့်​၊ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးမင်းသိန်း အပါဝင် တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာအစိုးရဘက်က သူတို့လုပ်ဆောင်ခဲ့တဲ့အရာတွေကို ရှင်းပြခဲ့သလို ဒေသခံတွေ ကလည်း သူတို့ရဲ့လိုအပ်ချက်တွေဖြစ်တဲ့ လျပ်စစ်မီး၊ ရေတွင်းရေကန်နဲ့ လယ်ယာမြေ ကိစ္စတွေကို တင်ပြခဲ့တယ်လို့ ဒီအစည်းအဝေးတက်ရောက်ခဲ့တဲ့ ဒေသခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆိုလို့ရှိရင်  သူတို့ ဒီကျေးရွာတွေမှာ လုပ်တဲ့ဟာဆိုရင် တင်ပြတောင်းဆိုပေးခဲ့တာတွေကို ဒေသခံပြည်သူတွေကို ပြောတယ်။ ဒီဒေသခံပြည်သူတွေကတော့ သူတို့ဆက်လက်ပြီးတော့ လိုချင်တဲ့ဟာတွေပေါ့နော်။ အဓိကကတော့ လျှပ်စစ်မီးကိစ္စရယ်၊ လမ်းကိစ္စ၊ ရေတွင်းရေကန်ကိစ္စနဲ့ လယ်ယာမြေကိစ္စတွေကို အဓိက တင်ပြတောင်းဆိုခဲ့ကြပါတယ်။”

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ လွှတ်တော်အမ​တ်အတွေနဲ့ ဗိဿနိုး​ နယ်​​မြေမှာ ရှိတဲ့ ဒေသခံလူထုတွေ တွေ့ဆုံတာဟာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

=======================
251 / End