၄ ဇန်နဝါရီ ၂၀၁၉ - ၁၇:၁၆
သမ္မတကသူရဘွဲ့ရနှစ်ဦးအား လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့် ဒီချုပ်ပါတီ၏ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေ

၂၀၁၈ အတွက်တပ် မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ ဖြစ်သည့် သူရဘွဲ့ရရှိသူနှစ်ဦးအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယမန်နေ့ (လွတ်လပ်ရေးနေ့) တွင် ဂုဏ်ထူးဆောင်ဘွဲ့ပေး အပ်ချီးမြှင့်ခဲ့ကြောင်း သမ္မတရုံး ကသတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၀၁၈ အတွက်တပ် မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ ဖြစ်သည့် သူရဘွဲ့ရရှိသူနှစ်ဦးအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ယမန်နေ့ (လွတ်လပ်ရေးနေ့) တွင် ဂုဏ်ထူးဆောင်ဘွဲ့ပေး အပ်ချီးမြှင့်ခဲ့ကြောင်း သမ္မတရုံး ကသတင်းထုတ်ပြန်သည်။

သူရဘွဲ့ရရှိသူ နှစ်ဦးသည် အမှတ် (၃၅) ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးလှထူး (ကျ ဆုံး) နှင့် အမှတ် (၁၁) ခြေလျင်  တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ဦး (ကျဆုံး)တို့ဖြစ်သည်။

နိုင်ငံတော်သမ္မတက ချီးမြှင့် သည့် ဂုဏ်ထူးဆောင်ဘွဲ့များကို  အထက်ပါ ဒုတိယဗိုလ်မှူးကြီးနှစ် ဦး ကိုယ်စားမိသားစုဝင်များက တက်ရောက်လက်ခံသည်။ နိုင်ငံ တော်အတွက်မိမိတို့၏ အသက် နှင့် ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊စံတင် ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူ ထိုက်သည့် စွန့်စားခြင်းမျိုးဖြင့်  ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့  သောဂုဏ်ပြုသင့် ဂုဏ်ပြုထိုက် သူများကို စိစစ်ရေးအဖွဲ့၏ ထောက်ခံတင်ပြချက်အရ ဘွဲ့တံ ဆိပ်များပေးအပ်ခြင်းဖြစ်ကြောင်း  သမ္မတဦးဝင်းမြင့်က ပြောကြား သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကျင်းပသော (၇၁) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထမဆုံး သ၀ဏ်လွှာပေးပို့ခဲ့ ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဒီချုပ်ရုံးချုပ်တွင် ဇန်န၀ါရီ ၄ ရက်က  ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပအပြီး မီဒီယာများအား ဒေါက်တာမျိုးညွန့်ကပြောကြားခြင်းဖြစ်သည်။

အဆိုပါ သ၀ဏ်လွှာကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှတစ် ဆင့် ဒီချုပ်ပါတီသို့ လိပ်မူကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော် ယင်းသ၀ဏ်လွှာတွင်ပါရှိသည့် အချက်များကိုဒီချုပ်က အသေးစိတ်ပြောကြားခြင်းမရှိပေ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပေးပို့သော သ၀ဏ်လွှာ၌ ‘၂၀၁၉ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့ နှုတ်ခွန်းဆက်သလွှာ’ဟု ရေးသားထားပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်လက်မှတ်ထိုးထားသည့်စာ မျက်နှာကို ဒေါက်တာမျိုးညွန့်က မီဒီယာများအား ပြသခဲ့သည်။

ထို့အပြင် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နိုင်ငံ ၃၀  ကျော်မှခေါင်းဆောင်များက ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာများပေးပို့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးဟန်က ပြောသည်။

အမေရိကန် သမ္မတဒေါ်နယ် ထရန့်ပေးပို့သော သ၀ဏ်လွှာ တွင် မြန်မာပြည်သူ၊ပြည်သား တိုင်းရင်းသားလူမျိုးစု အားလုံးခံစားနိုင်မည့် ငြိမ်းချမ်းသာယာဝ ပြောသည့် ဒီမိုကရက်တစ်လူ့အ ဖွဲ့အစည်း တည်ဆောက်ရေး ဆက်လက်အားပေး ထောက်ခံ ရန်ထပ်လောင်းကတိပြုကြောင်း ဖော်ပြသည်။

အလားတူ တရုတ်သမ္မတစီ ကျင်းပင်က တရုတ် - မြန်မာ ဆက်ဆံရေးကိုမြင့်မားစွာအလေး  ထားပြီး ဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် အ ခန်းကဏ္ဍသစ်တစ်ခုပြီးတစ်ခု ၀င် ရောက်နိုင်စေရန် သမ္မတဦးဝင်း မြင့်နှင့်အတူတွန်းအားပေးကာနှစ် နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူလူထုအ တွက် အကျိုးစီးပွားပိုမိုဖြစ်ထွန်း စေရေးဆောင်ရွက်ရန် ဆန္ဒပြု ကြောင်း ပေးပို့သည်။

ထို့အပြင် ဗြိတိန်၊ ရုရှား၊ အိ န္ဒိယနှင့် တောင်ကိုရီးယားစသည့် နိုင်ငံများကလည်း သ၀ဏ်လွှာ များ ပေးပို့ခဲ့ကြောင်း နိုင်ငံပိုင်သ တင်းစာက ယမန်နေ့တွင် ဖော်ပြ သည်။

=======================
251 / End