၈ ဇန်နဝါရီ ၂၀၁၉ - ၁၄:၅၈
ဒေါ်အောင်ဆန်းစုကြည် ပူတာအိုမြို့၌ ဒေသခံတိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် အလွတ်သဘောတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကချင်ပြည်နယ် ပူတာအို မြို့သို့ ယမန်နေ့နံနက်က ရောက် ရှိလာပြီး ဒေသခံတိုင်းရင်းသားခေါင်း ဆောင်အချို့နှင့် အလွတ်သဘော တွေ့ဆုံခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  သည် ကချင်ပြည်နယ် ပူတာအို မြို့သို့ ယမန်နေ့နံနက်က ရောက် ရှိလာပြီး ဒေသခံတိုင်းရင်းသားခေါင်း ဆောင်အချို့နှင့် အလွတ်သဘော တွေ့ဆုံခဲ့သည်။

‘‘ဒီမှာ ရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေပေါ့။ ဒေသခံ ခေါင်းဆောင်တွေ၊ သူက ရှမ်းသွားတယ်ဆိုလည်း ရှမ်းစာပေယဉ် ကျေးမှုအဖွဲ့တွေ ခေါ်တွေ့တာမျိုး ရှိတယ်’’ဟု ပူတာအိုမြို့သို့ ရောက်ရှိနေသည့် ဒီချုပ်လွှတ်တော်ကိုယ် စားလှယ် ဦးဇာနည်မင်းက ပြော သည်။  ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာပြီးနောက် ပူတာအိုသို့ ပထမဆုံးသွားရောက်ပြီး ယမန်နေ့က နောင်မွန်းနှင့် မချမ်းဘောမြို့သို့လည်း သွားရောက်ခဲ့ ကြောင်း ဒီချုပ်အမတ်များက ပြော သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဇန်နဝါရီ ၁၀ ရက် တွင် မြစ်ကြီးနားမြို့၌ ကျင်းပမည့် ကချင်ပြည်နယ်နေ့ အခမ်းအနားတက်ရန် ကချင်ပြည်နယ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

=======================
251 / End