အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မတည်ငြိမ်သည့် မောင် တောဒေသတစ်ခုတည်းကို ညွှန်ပြ ပြီး ပြည်နယ်တစ်ခုလုံးကို မတည်ငြိမ်ဟု ပြောဆိုရန် မသင့်ကြောင်း နှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အေးချမ်းတည်ငြိမ်ပြီး ရင်းနှီးမြှုပ် နှံရန် အခွင့်အလမ်း အများအပြား ရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီအတွင်းကျင်းပမည့် ရင်းနှီးမြှုပ် နှံမှုပွဲတော်အတွက် ရန်ကုန်မြို့မီဒီယာတွေ့ဆုံပွဲ၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဇန်နဝါရီ ၂၀ ရက် တွင် ထည့်သွင်းပြောကြားသည်။
‘‘တောင်ပိုင်းဆိုတာ အင် မတန်အေးချမ်းပြီးတော့ တကယ် ကို ဖွံ့ဖြိုးဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေရှိနေပါတယ်။ မတည်ငြိမ်မှုဖြစ်နေတာ မောင် တောဒေသလို့၊ ဒီလိုပဲ ပြောချင်ပါ တယ်။ ရခိုင်လို့ပြောလိုက်ရင် အ ကုန်လုံးဖြစ်နေမယ်’’ဟု ဦးညီပုက ပြောသည်။
မောင်တောဒေသဆိုသည် မှာ မောင်တောမြို့နယ်၊ ဘူးသီး တောင်မြို့နယ်နှင့် ရသေ့တောင် မြို့တို့ ဖြစ်သည်ဟု ဦးညီပုက ပြောသည်။ ရခိုင်ပြည်နယ်တွင် ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှု ပိုမိုလုပ်နိုင်လာလျှင် ထိုဒေသများလည်း ဖွံ့ဖြိုး ရေးနောက်လိုက်၍ တည်ငြိမ်လာ မည်ဟု ဆိုသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး သည် မြန်မာ့စီးပွားရေးကဏ္ဍတွင် အရေးပါပြီး ရခိုင်ပြည်နယ် တည် ငြိမ်မှုသည် တစ်နိုင်ငံလုံးတည်ငြိမ် မှုကို အကျိုးသက်ရောက်စေသည် ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရင်းနှီး မြှုပ်နှံမှု အများအပြားရှိသည့် ရေ နံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း များအပြင် စက်မှုလုပ်ငန်းဆိုင်ရာ ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံ၍ရသည် ဟု ဝန်ကြီးချုပ်က ပြောသည်။ ထို့ အပြင် ရခိုင်ပြည်နယ်တွင် မြစ်ချောင်း၊ အင်းအိုင်နှင့် ကမ်းခြေ များပေါများ၍ ရင်းနှီးမြှုပ်နှံသူများ အကျိုးအမြတ် များစွာရှိစေမည် ဟု ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ် သည် ဘင်္ဂလားပင်လယ်အော်၏ မဟာဗျူဟာမြောက် အချက်အ ချာနေရာတွင် တည်ရှိပြီး တရုတ်၊ အိန္ဒိယအပြင် အာဆီယံနိုင်ငံများ နှင့် ကုန်သွယ်စီးဆင်းရေး တံခါး ပေါက်များဖြစ်သည်ဟု ဆိုသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် နှင့် ကုလားတန်ဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းသည် ကမ္ဘာ့ စီးပွားရေးတွင် အချက်အချာကျ သည့် ဈေးကွက်ကြီးများနှင့် ချိတ် ဆက်နိုင်သည့် စီမံကိန်းများဖြစ် သည်ဟု ဦးညီပုက ဆိုသည်။ ထို စီမံကိန်းများသည် နိုင်ငံတကာ ကုန်သွယ်ရေးတွင် အလွန်အရေး ပါသည့် စီမံကိန်းကြီးများဖြစ်ပြီး အနာဂတ်၌ ဖွံ့ဖြိုးတိုးတက်လာ မည့်နေရာများ ဖြစ်လာမည်ဟု ဝန်ကြီးချုပ်ကဆိုသည်။
ကျောက်တော်မြို့နှင့် ကစ္စ ပနဒီမြစ်အနီးတွင် မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးဇုန်များ ပြု လုပ်ရန် စီစဉ်နေပြီး ပထဝီအနေ အထားအရ စိုက်ပျိုးရေးအတွက် မြေပြန့်ဧရိယာအမြောက်အမြားရှိ သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်သည် ခရီး သွားလုပ်ငန်းအတွက် လျစ်လျူ မရှုသင့်သည့် အပိုင်းဖြစ်ပြီး ပြည်နယ်အတွင်း ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ခရီးသွားကဏ္ဍတိုးချဲ့နိုင် သည့် အခွင့်အရေးရှိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ကုန် ထုတ်လုပ်မှုပိုင်း၊ အထည်အလိပ်၊ စွမ်းအင်ထုတ်လုပ်မှုနှင့် ဖြန့်ဝေမှု၊ ပညာရေး၊ ကျန်းမာရေးစောင့် ရှောက်မှုများ၊ အခြေခံအဆောက် အအုံနှင့် အိမ်ခြံမြေကဏ္ဍမျိုး၌ စီးပွားရေးလုပ်ကိုင်ရန် အလားအ လာရှိနေသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ အများ ဆုံးဖြစ်ပြီး အခြားကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် မှုမရှိသလောက် နည်းပါးသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သော စာရင်းများ၌ ဖော်ပြထားသည်။
=======================
251 / End
မတည်ငြိမ်သည့် မောင်တောတစ်ခုတည်းကို ညွှန်ပြပြီး ရခိုင်ပြည်နယ်တစ်ခုလုံးမတည်ငြိမ်ဟု ပြောဆိုရန် မသင့်၊ ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရ
၂၀ ဇန်နဝါရီ ၂၀၁၉ - ၁၉:၁၄
News ID: 925705
မတည်ငြိမ်သည့် မောင် တောဒေသတစ်ခုတည်းကို ညွှန်ပြ ပြီး ပြည်နယ်တစ်ခုလုံးကို မတည်ငြိမ်ဟု ပြောဆိုရန် မသင့်ကြောင်း နှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အေးချမ်းတည်ငြိမ်ပြီး ရင်းနှီးမြှုပ် နှံရန် အခွင့်အလမ်း အများအပြား ရှိကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုက ပြောသည်။