၂၃ ဇန်နဝါရီ ၂၀၁၉ - ၁၅:၀၁
နေပြည်တော်တည်ဆောက်စဉ်က လယ်ယာမြေသိမ်းခံရသူများအား တန်ဖိုးနည်းအိမ်ရာမြေကွက်များ ရောင်းချပေးရန် လွှတ်တော်အမတ်တောင်းဆို

အစိုးရရုံးစိုက်ရာ နေပြည်တော် မြို့သစ်တည် ဆောက်စဉ်က လယ်ယာမြေများ သိမ်းဆည်းခံရပြီး လယ်ယာမြေ ထောက်ပံ့ကြေး နည်းပါးစွာ ရရှိခဲ့ သူများအတွက် တန်ဖိုးနည်းအိမ် ရာ၊ မြေကွက်များ ရောင်းချရန် နေပြည်တော်ကောင်စီနယ်မြေ အမတ်တစ်ဦးက ယမန်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်ပြ တောင်းဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရရုံးစိုက်ရာ နေပြည်တော် မြို့သစ်တည် ဆောက်စဉ်က လယ်ယာမြေများ သိမ်းဆည်းခံရပြီး လယ်ယာမြေ ထောက်ပံ့ကြေး နည်းပါးစွာ ရရှိခဲ့ သူများအတွက် တန်ဖိုးနည်းအိမ် ရာ၊ မြေကွက်များ ရောင်းချရန် နေပြည်တော်ကောင်စီနယ်မြေ အမတ်တစ်ဦးက ယမန်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်ပြ တောင်းဆိုသည်။

နေပြည်တော် မြို့သစ်စီမံ ကိန်းအတွက် ဒေသခံတောင်သူ များထံမှ ရွာမြေ၊ လယ်ယာမြေနှင့် အခြားမြေအမြောက်အမြားကို တပ်မတော်အစိုးရက သိမ်းဆည်း ခဲ့ရာ တောင်သူအများစု လယ် ယာမြေထောက်ပံ့ကြေး နည်းပါး စွာရရှိခဲ့ကြောင်း ဒက္ခိဏသီရိ အမတ် ဦးသန့်ဇင်ထွန်းက ဆို သည်။

ရွာမြေသိမ်းဆည်းခံရသူများ အတွက် ရပ်ကွက်သစ်များ ဖော် ထုတ်နေရာချထားပေးပြီး အချို့ တောင်သူများအနေဖြင့်လည်း မြေယာထောက်ပံ့ကြေးအပြင် မြို့မြေကွက်များ ရရှိခဲ့ကြောင်း၊ တောင်သူအများစုမှာ တစ်ဧက လျှင် ကျပ်သုံးသိန်းခွဲမှ တစ်သိန်း ကြားသာ ရရှိကြောင်း ၎င်းက ရှင်းပြသည်။

‘‘နေပြည်တော် မြို့သစ်စီမံ ကိန်းကြီးမှာ ကုမ္ပဏီကြီးများ၊ တပ်မတော်သားများနဲ့ ဝန်ထမ်း များအတွက် မြို့မြေကွက်အ မြောက်အမြားကို ခွဲဝေချထားပေး ခဲ့ပါတယ်။ ပြည်သူများ ဝယ်ယူ ရန် မြေကွက်တန်ဖိုး ကျပ်သိန်း ၂၀၊ ၃၀ သတ်မှတ်ရောင်းချခဲ့ သော်လည်း ရိုးသားတဲ့ ပြည်သူ များ ဝယ်ယူရန် မြေကွက်မရှိခဲ့ပါ ဘူး။ ကျေးလက်နေ ပြည်သူတို့ အတွက် စိုက်ပျိုးမြေနည်းပါးလာ ခြင်းကြောင့် ရွာမြေများ မချဲ့နိုင်ခဲ့ ပါ။ တိုးပွားလာတဲ့ လူဦးရေတို့ ကြောင့် ဒေသခံပြည်သူတို့အ တွက် အိမ်ရာမြေကွက်များ လို အပ်နေပါတယ်’’ဟု ဦးသန့်ဇင် ထွန်းက ဆွေးနွေးသည်။

သိမ်းဆည်းခံ တောင်သူများ ထောက်ပံ့ကြေးရရှိမှု နည်းပါးခြင်း ကြောင့် ထပ်မံရရှိလိုမှုများ တင်ပြ နေပြီး အကောင်အထည်မဖော် သော မြေများအတွင်း ထွန်ယက် စိုက်ပျိုးမှုများ ရှိနေကြောင်း၊ အချို့မြေဝယ်ခွင့်ရှိသူများနှင့် တောင်သူများအကြား တရားစွဲဆိုရင်ဆိုင်နေရမှုများရှိနေကြောင်း  ၎င်းက ဆိုသည်။

‘‘လယ်ယာမြေထောက်ပံ့ ကြေး နည်းပါးစွာ ရရှိခဲ့သူများအ တွက် တန်ဖိုးနည်းအိမ်ရာမြေ ကွက်များ ဖော်ထုတ်ရောင်းချပေး ပါက ဒေသခံပြည်သူတို့အတွက် အိမ်ရာမြေကွက်လိုအပ်ချက်နဲ့ တခြားပြဿနာများ ပြေလည် လျော့ပါးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးသန့်ဇင်ထွန်းက  ဆွေးနွေး သည်။

နေပြည်တော်ရှိ သိမ်းဆည်း ခံမြေများသည် မြို့မြေများအဖြစ် သတ်မှတ်ပြီး ဖြစ်သောကြောင့် တောင်သူများကို ပြန်လည်စွန့် လွှတ်ရန် အခက်အခဲများရှိနေရာ တောင်သူများ နစ်နာမှုမရှိစေရေးနည်းလမ်းသစ်များဖြင့် ဖြေရှင်း ဆောင်ရွက်ရန် ၎င်းက တောင်းဆို သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက် ပြီး နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက လွှတ်တော်သို့ လာ ရောက်ဖြေကြားပြီး လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် မိသားစု နေထိုင်ရေး အမှန်အခက်အခဲရှိ သော အိမ်ထောင်စုများအတွက် စီစဉ်ဆောင်ရွက်ရန် တင်ပြခြင်း များရှိကြောင်း ပြောသည်။

ယင်းသို့ တင်ပြခြင်းများနှင့် ပတ်သက်ပြီး နေပြည်တော် စည် ပင်သာယာရေးကော်မတီက အိမ် ရာစီမံကိန်းများ၊ မြေကွက်စီမံ ကိန်းများ ဖော်ဆောင်ချိန်တွင် ဆောင်ရွက်ပေးနိုင်ရေး မှတ်တမ်း တင်ထားရှိကြောင်း၊ မြေကွက်စီမံ ကိန်းများ၊ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် စီစဉ်နေပြီဖြစ်၍ အမှန်တကယ်နစ်နာသူများကို ဦးစားပေးနေရာချထားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

=======================
251 / End