၃၀ ဇန်နဝါရီ ၂၀၁၉ - ၁၉:၁၇
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆို တပ်မတော်သားကိုယ်စားလှယ်များ မတ်တတ်ရပ်ကန့်ကွက်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်က တင်သွင်းသော အ ရေးကြီးအဆိုကို တပ်မတော် သား ကိုယ်စားလှယ်များက အချိန်ကြာ မြင့်စွာ မတ်တတ်ရပ် ကန့်ကွက် ခဲ့သည့်အပြင် မဲခွဲဆုံးဖြတ်ရာ၌ မဲမပေးခဲ့ကြသော်လည်း ရွေး ကောက်ခံ လွှတ်တော်ကိုယ်စား လှယ်အများစုက ထောက်ခံ၍ အဆိုကို ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်က တင်သွင်းသော အ ရေးကြီးအဆိုကို  တပ်မတော် သား ကိုယ်စားလှယ်များက  အချိန်ကြာ မြင့်စွာ မတ်တတ်ရပ် ကန့်ကွက် ခဲ့သည့်အပြင် မဲခွဲဆုံးဖြတ်ရာ၌ မဲမပေးခဲ့ကြသော်လည်း ရွေး ကောက်ခံ လွှတ်တော်ကိုယ်စား လှယ်အများစုက ထောက်ခံ၍ အဆိုကို ဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဇန်န၀ါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်းခဲ့သည်။

လတ်တလောတွင် မြို့ကြီးအချို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သက်ဆိုင်သည့် လှုပ်ရှားမှုများ စတင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သော ပြည်ထောင်စုလွှတ် တော်က မသိကျိုးကျွန်ပြုနေရန် မသင့်၍ အရေးကြီးအဆိုတင်သွင်း ခြင်းဖြစ်ကြောင်း ဦးအောင်ကြည် ညွန့်က ရှင်းပြသည်။

‘‘ကျွန်တော် ဒီကနေ့ တင်ပြတဲ့အဆိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေ ကြမ်းကို တင်သွင်းနေတာမဟုတ် ပါဘူး။ ဒီလို ဖွဲ့စည်းပုံအခြေခံ ဥပဒေကြမ်းကို စနစ်တကျနဲ့ လျင်လျင်မြန်မြန် ဆောလျင်စွာ အ ကောင်အထည်ဖော်နိုင်ဖို့ အင်မတန်မှ စနစ်ကျပြီးတော့ ပွင့်လင်းမြင်သာစွာ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်မယ့် ကော်မတီ တစ်ရပ်ကိုတော့ဖြင့် ပြည်ထောင်စုလွှတ်တော်ကြီးက အရေးတကြီး ဖွဲ့စည်းပေးဖို့ လိုအပ်နေပြီဖြစ်တဲ့ အတွက် တင်ပြခြင်းဖြစ်ပါတယ်’’ ဟု ဦးအောင်ကြည်ညွန့်က ပြော သည်။

ထိုသို့ အဆိုတင်သွင်းခြင်း နှင့်ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ဟုဆိုကာ ကန့်ကွက်ခဲ့သည်။

‘‘ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့က မပြင်ရဘူးလို့ တင်ပြလာခြင်းမဟုတ်ပါဘူး။ ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ သဘောတူပါတယ်။ သဘောတူတဲ့အတွက်လည်း လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဖို့ ကျွန်တော်တို့ တင်ပြခြင်း ဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ‘‘ဒီလို ကော်မတီဖွဲ့တယ် ဆိုလို့ရှိရင် တကယ်တမ်းဥပဒေအရဆိုရင် နည်းဥပဒေပုဒ်မ ၁၃၅ အရ ပြင်ဆင်ဖို့ ဥပဒေမူကြမ်းကိုတင်မယ်။ ဒါကိုမှ သူရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကနေပြီး တော့၊ ပူးပေါင်းဖွဲ့စည်းမယ့် အဖွဲ့အစည်းကနေပြီးတော့ စိစစ်မယ် ဆိုပြီးတော့ ဒီလိုပါဝင်ပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ဒီကော်မတီကနေ အခုလိုကော်မတီဖွဲ့ပြီးတော့ စိစစ် မယ်လို့ဆိုရင် ဘယ်ပုဒ်မတွေကို စိစစ်မှာလဲ။ ကော်မတီက ဘာတွေ လုပ်မှာလဲဆိုတာက ပုဒ်မတွေက လည်း Unseen၊ ကော်မတီရဲ့ လုပ် ပိုင်ခွင့်ကလည်း ဘယ်လောက် ထိ ကျယ်ပြန့်မလဲဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး။ ဒါကြောင့် မို့လို့။ ပြီးလို့ရှိရင်လည်း နည်းဥပဒေ၏ ၁၃၆ အရ ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း စတင်ဆွေးနွေး ခြင်းမပြုမီမှာ သက်ဆိုင်ရာ ပူး ပေါင်းကော်မတီကနေပြီးတော့မှ ဆွေးနွေးစိစစ်ပြီးတော့မှ ဒီဆွေး နွေးချက်တွေရယ်၊ ဥပဒေကြမ်း ရယ် လွှတ်တော်တို့၊ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကို ဖြန့်ဝေပေးရမှာဖြစ်ပါတယ်’’ ဟု ပြောသည်။

နိုင်ငံတော်၏ ဥပဒေပြုရေး တာဝန်ကို အဓိက လုပ်ဆောင်နေ သည့် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မိမိတို့၏ လုပ် ဆောင်ချက်များ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်  များစွာ အရေးကြီးသည်ဟု တပ်မတော်သား ကိုယ်စားလှယ်က ပြောသည်။

‘‘ဥပဒေကို ကျော်လွန်လုပ် ဆောင်တာ၊ ဥပဒေကို လက်တစ် လုံးခြား လုပ်ပြီးတော့မှ လုပ် ဆောင်တယ်ဆိုလို့ ရှိရင်တော့ ပေါ်ထွက်လာမယ့် (ပြည်ထောင်စု လွှတ်တော်နာယကက နိဂုံးချုပ်ရန် နှစ်ကြိမ်ပြော)  အကျိုးရလဒ် တွေဟာလည်း မှန်ကန်ကောင်း မွန်မှာမဟုတ်ဘဲနဲ့ အဂတိတရား တွေနဲ့ မကင်းတဲ့ အကျိုးရလဒ် တွေ ဖြစ်မှာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီသာ ဆောင်ရွက်သင့် ပါတယ်။ လုပ်ထုံးလုပ်နည်းကို ကျော်လွန်တဲ့ဟာမျိုး မလုပ်သင့်ပါ ကြောင်း တင်ပြအပ်ပါတယ်’’ ဟု ဗိုလ်မှူးချုပ်မောင်မောင်က ဆက်လက်ပြောကြားသည်။

ယင်းသို့ တပ်မတော်သား ကိုယ်စားလှယ်၏ ပြောဆိုမှုအပေါ် ပြည်ထောင်စုလွှတ်တော်နာယ က ဦးတီခွန်မြတ်က ‘‘လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ သုံးနှုန်း သွားတဲ့အသုံးအနှုန်းတွေကိုလွှတ် တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါ တယ်။ ဥပဒေကို လက်တစ်လုံးခြား လုပ်တယ်ဆိုတဲ့ အသုံးအနှုန်းကို တော့ မိမိ လွှတ်တော်နာယက အနေနဲ့ လေးလေးနက်နက် ကန့် ကွက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အခွင့်အရေး၊ လွှတ် တော်ကိုယ်စားလှယ်တစ်ယောက် ရဲ့ အခွင့်အရေးမဆုံးရှုံးရအောင် ဘယ်လို Process လုပ်ထုံးလုပ် နည်း ဘယ်လိုသွားရမယ်ဆိုတာ လည်း လွှတ်တော်ကိုယ်စားလှယ် သိပြီးသားဖြစ်ပါတယ်’’ ဟု ပြော သည်။

ဗိုလ်မှူးချုပ် မောင်မောင် အနေဖြင့် ပထမကြိမ် လွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် အဆင့် ဆင့်ပါဝင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု အဆိုရှင်အနေဖြင့်လည်း ဥပဒေ ပြင်ဆင်ရေး အားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေ ခြင်းကို သဘောပေါက်ရန် လို ကြောင်း လွှတ်တော်နာယကက ပြောသည်။

‘‘အဲဒီအဖွဲ့ဖွဲ့စည်းလာတဲ့အချိန်မှာ ကိုယ်စားလှယ်များလည်း အားလုံးပါဝင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စား လှယ်ရဲ့ တင်သွင်းချက်ကို လွှတ် တော်က လက်မခံပါဘူး ခင်ဗျာ’’ ဟု လွှတ်တော်နာယကက ပြောကြားရာ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်အားလုံးက မတ်တတ်ရပ်ပြီး ကန့်ကွက်ခဲ့ သည်။

ယင်းသို့ မတ်တတ်ရပ်နေ၍လွှတ်တော်နာယက ထိုင်နိုင်ပြီဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားသော်လည်း တပ်မတော်သားကိုယ်စားလှယ်များက ဆက်လက်မတ်တတ်ရပ်နေကြသည်။

ထိုအခြေအနေတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဦးအောင်ကြည်ညွန့် တင်သွင်းသည့် အဆို မှာ လွှတ်တော်ဥပဒေ၊ နည်းဥပ ဒေများနှင့် ညီညွတ်သဖြင့် အဆိုအပေါ် ပြည်ထောင်စုလွှတ်တော် ၏ အဆုံးအဖြတ်ခံယူခြင်းကို ဆက်လက်ဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြခဲ့သည်။

‘‘နိုင်ငံရေး ပါတီတစ်စုတစ်ဖွဲ့ ကနေပြီးတော့ တင်သွင်းမယ်ဆိုရင် ပြည်သူအများစုရဲ့ နိုင်ငံ သားများ၊ တိုင်းရင်းသားများအား လုံးရဲ့ ကျွန်တော်တို့ ၂၁ ရာစု ပင်လုံညီလာခံရဲ့ ရည်မှန်းချက် တွေနဲ့ သွေဖည်သွားမှာ ဖြစ်ပါ တယ်။ ဒါဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မို့ လို့ ပြည်ထောင်စုလွှတ်တော်ထဲ မှာရှိတဲ့ နိုင်ငံရေးပါတီအားလုံး တစ်ခါတပ်မတော်သားကိုယ်စား လှယ်များအစုအဖွဲ့များကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရှိအောင်လို့ အဆိုရှင်က တင်သွင်းခဲ့တဲ့ အဆို ဖြစ်ပါတယ်’’ဟု ဒေါက်တာမြတ် ဉာဏစိုးက ပြောသည်။

 ထို့နောက် လွှတ်တော် နာယကက မတ်တတ်ရပ်နေသည့်  တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ပြန်လည်ထိုင်ပေးကြရန် ထပ်မံပြောကြား သော်လည်း ပြန်ထိုင်ခြင်းမရှိ၍  နာယကက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် တောင်းပန်ပြီးနောက် ခြောက်မိနစ်ခန့် မတ်တတ်ရပ်နေသည့် တပ်မတော်သားကိုယ်စားလှယ်များသည် ပြန်လည်ထိုင်သွားကြသည်။

ထို့နောက် တပ်မတော်သား ကိုယ်စားလှယ်က  ထပ်မံဆွေးနွေးရန် ကြိုးပမ်းရာ နာယကက ခွင့် မပြုတော့ကြောင်း ပြောကြားပြီး အဆိုကို သဘောမတူသူရှိ၍ မဲခွဲ ဆုံးဖြတ်ရန် လမ်းညွှန်ခဲ့သည်။

ထို့နောက် အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ကိစ္စကို  မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲ၊ကြားနေ သုံးမဲရှိခဲ့သည်။ မဲပေးခွင့်ရှိသူ ၆၀၁ ဦးရှိရာ မဲပေးသူ ၄၁၄ ဦးရှိပြီး တပ်မတော်သားကိုယ်စား  လှယ်များမှာ မဲပေးခြင်းမပြုပေ။ သို့ရာတွင် အဆိုကိုဆွေးနွေးရန် ထောက်ခံသူဦးရေမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံတစ်ပုံထက်ပိုများ၍ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

‘‘ဒီလိုအဆိုတင်သွင်းပြီး မဲခွဲရမယ့်ကိစ္စ မဟုတ်ပါဘူးလို့ ပြောတယ်။ ပြောရဲ့သားနဲ့ ဆက်လုပ်လို့ ကျွန်တော်တို့က လုံးဝသဘောမတူလို့ မက်တတ်ရပ်ကန့်ကွက် တာဖြစ်ပါတယ်။ နာယကမှာက  လွှတ်တော်စည်းကမ်းသေဝပ်ဖို့  ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ နာယကက ထိန်းသိမ်းလို့ ပြန် ထိုင်တာပါ။ ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေ တော့ လွှတ်တော်ရဲ့ ဥပဒေအ တိုင်း လိုက်နာရတာပါ။ ကျွန် တော်တို့က ဒီအဆိုနဲ့ ပက်သက်ပြီး တော့ သဘောမတူဘူး။ သဘောမတူတော့ ဒီအဆိုကို ဆက်လုပ်၊မလုပ် ကျွန်တော်တို့က စဉ်းစားရ မှာပါ။ ကျွန်တော်တို့ ပြန်ပြီးတော့ စဉ်းစားဆွေးနွေးရမှာပေါ့’’ဟု ဗိုလ်မှူးချုပ် မောင်မောင်က လွှတ် တော်အပြီးတွင် သတင်းထောက် မျာအား ပြောသည်။

ဗိုလ်မှူးချုပ် မောင်မောင်သည် အဆိုရှင် ဦးအောင်ကြည် ညွန့်က အဆိုတင်သွင်းရခြင်းအ ကြောင်းရင်းကို မဆွေးနွေးမီ ပြည် ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အရေးကြီးအဆို တင်သွင်းထားကြောင်း ကြေညာစဉ်ကတည်းက အဆိုကို ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့သူဖြစ် သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် အဆိုရှင်၏ လေ့ လာသုံးသပ်ချက်များ အဆိုတင် သွင်းရခြင်းနှင့် ပတ်သက်ပြီး အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေ့လာသုံး သပ်ထားမှုများကို အသေးစိတ်  ရှင်းပြခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒီမိုကရေစီ စံနှုန်းများ နှင့် ညီညွတ်ခြင်းမရှိသေးသည့်  ပြဋ္ဌာန်းချက်များ၊ ရှေ့နောက်ညီညွတ်ခြင်းမရှိဘဲ ကွဲလွဲဆန့်ကျင်နေသည့် ပြဋ္ဌာန်းချက်များ၊ ပြည် တွင်း ငြိမ်းချမ်းရေးအတွက် မရှိ မဖြစ်လိုအပ်သည့် စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စု ထူ ထောင်ရေးအတွက် အဟန့်အ တားဖြစ်နေတဲ့ ပြဋ္ဌာန်းချက်များ လေ့လာတွေ့ရှိရကြောင်း ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်းပြီးပြည်သူလူထု၏ ဆန္ဒသဘော ထားများကို ၂၀၁၃ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံး ပါဝင် သော မြို့နယ် ၂၆၇ မြို့နယ်တွင်ရယူခဲ့ရာ ၉၇ ရာခိုင်နှုန်းရှိသည့် ပြည်သူများက ပြင်ဆင်ပြောင်းလဲ လိုကြောင်း ဆန္ဒပြုခဲ့သည်ဟု ရှင်း ပြသည်။

ပြည်တွင်း၌ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများ အတွက် ၂၁ ရာစု ပင်လုံညီလာခံတွင် ကြိုးပမ်းဆောင်ရွက်နေသည့် ယခုအချိန်၌ ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း(၁)တွင် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ် အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟု သဘောတူထားပြီးဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်နှင့်  လိုက်လျောညီထွေစွာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချောမွေ့စွာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်နေပြီဟု ၎င်းက ဆိုသည်။

‘‘စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးဟာ သိပ်ချော့မွေ့မှုမရှိဘူးဆိုတာ လူတိုင်းသိတာပဲ၊၊ ဒါပေ မဲ့ ရခိုင်လိုပြဿနာမျိုးကတော့ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးက အရမ်းကောင်းနေပြန် ရော။ အခုကတော့ ဆိုးသလိုလိုအခြေအနေပေါ်လာတယ်ပေါ့။ ဒါနိုင်ငံရေးမှာ ဖြစ်တတ်တဲ့ သဘာဝပဲ။ ဒီမိုကရေစီ အခင်းကျင်းဆိုရင်တော့ ခေါင်းဆောင်တွေ ထိပ်တိုက်တွေ့ပြီးတော့ ဆွေးနွေးပေါ့’’ဟု ရခိုင်အမျိုးသားပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ခြင်းကြောင့် ပြဿနာများစွာ ရှိနေသည်ဟုလည်း ၎င်းက မှတ် ချက်ပြုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လွှတ်တော်နှင့် မပြီးကြောင်း၊ နိုင်ငံရေးခေါင်းဆောင် များအကြား ညှိနှိုင်းပြီးမှ ပြင်နိုင် မည့် အနေအထားဖြစ်ကြောင်း ယခင်အစိုးရ လက်ထက်တွင်သမ္မတရုံး ၀န်ကြီး တာဝန်ယူခဲ့ သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြော သည်။

=======================
251 / End