၂ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၄၇
ဒုရဲမှူးဟောင်း မိုးရန်နိုင်အတွက် တရားလွှတ်တော်ချုပ်ရုံးသို့ စာချွန်လွှာတင်သွင်းမည်

ဒုရဲမှူးဟောင်း မိုးရန်နိုင် ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်ချ မှတ်ခံရခြင်းနှင့် ရဲဝန်ထမ်းမှ ထုတ်ပယ်ခံရခြင်းအတွက် ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံးတွင် စာချွန်တော်တင်သွင်းမည်ဖြစ် ကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင် ၏ ဥပဒေအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒုရဲမှူးဟောင်း မိုးရန်နိုင် ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်ဒဏ်တစ်နှစ်ချ မှတ်ခံရခြင်းနှင့် ရဲဝန်ထမ်းမှ ထုတ်ပယ်ခံရခြင်းအတွက် ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံးတွင် စာချွန်တော်တင်သွင်းမည်ဖြစ် ကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင် ၏ ဥပဒေအတိုင်ပင်ခံ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ပြောသည်။

‘‘သူမလွတ်ခင်မှာ စာချွန် တော်တက်ရောက်လိုက်ရင် တခြား တစ်စုံတစ်ရာ သက်ရောက်မှာ စိုးလို့ မတက်ခဲ့ပါဘူး။ အခုသူလွတ် လာပြီဆိုတော့ စာချွန်တော်တက် မယ်။ အလုပ်ကနေ ထုတ်ပယ်ပြီး ပြစ်ဒဏ်ချတာဟာ ဥပဒေနဲ့ညီ ညွတ်ခြင်း မရှိဘူး’’ဟု တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ပြောသည်။

ထို့အပြင် နိုင်ငံသားတစ်ဦး ၏ အခွင့်အရေး၊ ၀န်ထမ်းတစ်ဦး ၏ အခွင့်အရေးဆုံးရှုံးခြင်းကြောင့် တင်သွင်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ထို့အပြင် ဒုရဲမှူးဟောင်း မိုး ရန်နိုင်သည် ယခုရက်ပိုင်းအတွင်း တစ်ပတ်ကြာ ဘုန်းကြီးဝတ်မည် ဖြစ်ကြောင်း ၎င်း၏ဇနီး ဒေါ်တူးတူးက ပြောသည်။

ပြည်သူများက ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ မိသားစုကို ထောက်ပံ့ရန်ပေးအပ်ထားသော ကျပ်သိန်း၁၀၀ ကျော်ကို နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်က လွှဲပြောင်းပေးအပ်ကြောင်း ဦးရော ဘတ်စန်းအောင်က ပြောသည်။

၁၉၇၅ ခုနှစ် နိုင်ငံသားများ၏ အခွင့်အရေးကာကွယ်ရေး ဥပဒေအရ မိမိတွင် နစ်နာသည်ဟု ယူဆပါက မိမိ၏နစ်နာမှုကို တရားရုံးများနှင့် တရားလွှတ်တော် ချုပ်ရုံး၌ စာချွန်တော်အမိန့် တောင်းဆိုနိုင်သည့် အခွင့်အရေး ရှိကြောင်း ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောသည်။

‘‘စာချွန်တော် အမိန့်တောင်း ခံရင် အောက်မှာရှိတဲ့အမိန့်တွေ ပျက်ပြယ်သွားပြီးတော့မှ သူ့အ တွက် ဥပဒေရဲ့ အခွင့်အရေးတွေ ရလာတာပေါ့။ စာချွန်တော်အ မိန့် လျှောက်မယ်ဆိုရင်လည်း အခွင့်အရေးရှိပါတယ်။  သို့သော် လည်းပဲ အကျိုးသက်ရောက်မှု ဘာရှိနိုင်မလဲဆိုရင်တော့ ဥပဒေ အရ ကြည့်ရင်တော့ အကျိုးသက် ရောက်မှုမရှိတဲ့  တင်ပြချက်တွေ လည်း ရှိတယ်’’ဟု ဦးခင်မောင် မြင့်က ဆက်လက်ပြောသည်။

ရိုက်တာသတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင် ချောက်ဆင်ဖမ်းဆီးသည်ဟု ဖွင့် ချမှုကြောင့် ရာထူးမှထုတ်ပယ်ခံ ရပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆(ခ)၂၂ ဖြင့် ပြီးခဲ့သည့်ဧပြီ ၂၇ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရ သည်။ ထိုသို့ ချမှတ်ပြီးနောက် ရက်တွင် နေပြည်တော် ရဲတပ်ဖွဲ့ လိုင်းခန်း၌ နေထိုင်သော ၎င်း၏ မိသားစုကို ဖယ်ရှားခဲ့သည်။

ဒုရဲမှူးဟောင်း  မိုးရန်နိုင်သည် ဖေဖော်ဝါရီ ၁ ရက်က ပြန်လွတ်မြောက်ခဲ့သည်။

ယင်းသို့ သတင်းထောက်နှစ် ဦးကို ထောင်ဖမ်းခဲ့ကြောင်း ထွက် ဆိုသည့်ဒုရဲမှူးဟောင်း မိုးရန်နိုင် အား ပဲန်မြန်မာအဖွဲ့က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်ကျင့်သုံးသူဆု ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

=======================
251 / End