၄ ဖေဖော်ဝါရီ ၂၀၁၉ - ၁၇:၀၀
စစ်ကိုင်းတိုင်းအတွင်း မြို့ရှစ်မြို့တွင် စည်ပင်လုပ်ငန်းများဆိုင်ရာ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပ

စစ်ကိုင်းတိုင်းအတွင်း မြို့ ရှစ်ခုတွင် စည်ပင်လုပ်ငန်းဆိုင်ရာ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 စစ်ကိုင်းတိုင်းအတွင်း မြို့ ရှစ်ခုတွင် စည်ပင်လုပ်ငန်းဆိုင်ရာ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြော သည်။

စစ်ကိုင်းတိုင်းဒေသကြီး စည် ပင်သာယာရေးအဖွဲ့နှင့်ယုံကြည် ရာ အသိပညာပြန့်ပွားရေးအသင်း တို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းအ တွင်း စစ်ကိုင်း၊ မြင်းမူ၊ ချောင်း ဦး၊ ရွှေဘို၊ ကျောက်မြောင်း၊ ၀က် လက်၊ ရေဦး၊ မုံရွာ မြို့နယ်တို့တွင် ၂၀၁၈ ဒီဇင်ဘာ လကုန်မှ ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ စည်ပင်လုပ်ငန်းဆိုင်ရာ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများ ကျင်း

ပခြင်း ဖြစ်သည်။

‘‘ယုံကြည်ရာအဖွဲ့နဲ့ စည်ပင်လုပ်ငန်းဆိုင်ရာ ပြည်သူ့စကားဝိုင်းတွေကို မြို့တိုင်းနီးပါး ကျင်းပမှာပါ။ စစ်ကိုင်းတိုင်းသာမကဘူး ရန်ကုန်၊ မန္တလေးမြို့ကြီးတွေပါ ကျင်းပတာပါ။ စည်ပင်လုပ်ငန်း နဲ့ ပတ်သက်လို့ အသိပညာပေး တယ်။ ဆွေးနွေးတယ်။ အကြံ ဉာဏ်ပေးတယ်’’ဟု ဦးမြင့်ကြည် က ပြောသည်။

အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် ဒေသခံပြည်သူများက စည်ပင်သာယာ ၀န်ထမ်းများ၏ လိုအပ်ချက်များကို ထောက်ပြ ဆွေးနွေးခြင်း၊ စည်ပင်သာယာရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့် ပြန့် ချပြပေးရန် စည်ပင်သာယာ ရေးလုပ်ငန်း အသုံးစရိတ် ရှင်း တမ်းများ ပွင့်လင်းမြင်သာမှု ရှိစေ ရေး အများဆုံးတင်ပြဆွေးနွေး ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ဆိုသည်။

‘‘အဓိကကတော့ ပြည်သူလူ ထုနဲ့ စည်ပင်ရဲ့ဆက်ဆံရေးပေါ့။ ပြည်သူလူထုရဲ့ လိုအပ်ချက်ကို သိရှိအောင်နဲ့ စည်ပင်ရဲ့ လိုအပ် ချက်တွေကိုလည်း ပြည်သူက ထောက်ပြဆွေးနွေးသိလိုတာကို မေးလို့ရတဲ့ စကားဝိုင်းဆွေးနွေးပွဲ ပါ’’ဟု ၎င်းကပြောသည်။

မုံရွာမြို့ မြို့တော်ခန်းမအနီးရှိ ပညာ့အလင်း ခေတ်မီစာကြည့်တိုက်ကို ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်း၏ ပံ့ပိုးကူညီမှုဖြင့် ပြန်လည်အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဦးမြင့်ကြည်က ဆိုသည်။

=======================
251 / End