၅ ဖေဖော်ဝါရီ ၂၀၁၉ - ၁၄:၂၅
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ စစ်ကိုင်းတိုင်းလွှတ်တော်သို့ လာရောက်လေ့လာ

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ သည် ဖေဖော်ဝါရီ ၄ ရက်က ကျင်း ပသော ဒုတိယအကြိမ်စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သို့ လာရောက်လေ့လာခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အိန္ဒိယနိုင်ငံ မဏိပူရ်ပြည် နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ သည် ဖေဖော်ဝါရီ ၄ ရက်က ကျင်း ပသော ဒုတိယအကြိမ်စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သို့ လာရောက်လေ့လာခဲ့သည်။

 မဏိပူရ်ပြည်နယ် လွှတ် တော်ဥက္ကဋ္ဌ Yumnam Khem-chand နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင် အရှေ့ပိုင်းမူဝါဒရေးရာ ကော် မတီတာဝန်ခံနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းအစိုးရရုံးစိုက်ရာ မုံရွာမြို့သို့ အလည်အပတ်ခရီးလာ ရောက်စဉ် တိုင်းလွှတ်တော်သို့ ပထမအကြိမ် လာရောက်လေ့ လာခြင်းဖြစ်သည်။

‘‘ပါလီမန်ဒီမိုကရေစီမှာ ရွေး ကောက်ပွဲမှာ မဲအများဆုံးရရှိတဲ့ ပါတီက အစိုးရအဖွဲ့ဖြစ်လာပြီး တော့ မဲဒုတိယရတဲ့ပါတီက အဓိ ကအတိုက်အခံပါတီဖြစ်လာပါ တယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ မဲအများဆုံးရတဲ့ပါတီမှ ရွေးချယ် တာပဲဖြစ်ဖြစ်၊ ရွေးကောက်တာပဲ ဖြစ်ဖြစ် နိုင်ငံ့ခေါင်းဆောင်ကို ပြန် ပြီးတော့ တင်မြှောက်ကြပါတယ်။ ပါလီမန်ဒီမိုကရေစီဆိုတာ ကျွန် တော့်အနေနဲ့ မြင်တာကတော့ ခရီးတစ်ခုကို လျှောက်လှမ်းရသလိုပါ ပဲ။ ကျွန်တော်တို့က တစ်ယောက် နဲ့တစ်ယောက် အချင်းချင်းလေ့ လာသင်ယူပြီးတော့ ကျင့်သုံးရ တာပါ’’ဟု Yumnam Khen-chand က လွှတ်တော်တွင် ပြော သည်။

  စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များကို ပါလီမန် ဒီမိုကရေစီစနစ် အပြန်အလှန် လေ့လာရန် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်လွှတ်တော်သို့ လာ ရောက်လေ့လာရန် Yumnam Khemchand က တုံ့ပြန်ဖိတ်ကြား ခဲ့သည်။

=======================
251 / End