အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ရစာ သတင်း အထောက်အထား များ အရ လက်ဘနွန်နိုင်ငံ တရားဝင် နိုင်ငံရေး ပါတီ ဖြစ်သည့် ဟစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့် အီရန်နိုင်ငံ ကို (အာရှ အရှေ့ အလယ်ပိုင်း )နယ်မြေ တွင် သြဇာရှိ နိုင်ငံတစ် နိုင်ငံ အဖြစ် သတ်မှတ် ပြောဆိုပြီး အီရန်နိုင်ငံသည် ရှိသမျှ ဆုံးဖြတ်ချက်များကို ကိုယ်တိုင် ချပြီး မိမိ၏ လူမျိုးများ၏ အမျိုးသားရေးဝါဒ အရ ဆောင်ရွက် သည့် ကမ္ဘာ ပေါ် ရှိ တစ်ခု တည်းသော နိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘေရွတ် မြို့ တွင် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ၏ နှစ် ၄၀ ပြည့် အောင်ပွဲ ခံ အချိန် အခါတွင် ဟောပြောပွဲ တစ်ခု တွင် လက်ဘနွန်နိုင်ငံ တရားဝင် နိုင်ငံရေး ပါတီ ဖြစ်သည့် ဟစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့် ကမ္ဘာ့ အဖွဲ့ အစည်း များအနေဖြင့် လက်ရှိ နှစ်အနည်းငယ်အတွင်း အီရန် နိုင်ငံ အား ကမ္ဘာ့ သြဇာ အရှိဆုံး ၁၃ နိုင်ငံမြောက်အဖြစ်၎င်း အချို့ မှ ၉ နိုင်ငံမြောက် နိုင်ငံအဖြစ် ၎င်း သတ်မှတ် ထားကြောင်း ဟောကြားခဲ့ပါတယ်။
H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ် သည် အီရန်တော်လှန်ရေး ကို အစ္စလာမ်မီ ၊ အများပြည်သူ ပါဝင်သည့် တော်လှန်ရေး ဖြစ်ကြောင်း ပြောကြားပြီး အစ္စလာမ် မီတော်လှန်ရေး ၏ အရေး အကြီးဆုံး အာနိသင်မှာ ယနေ့ အထိ အီရန် လူထု ကို ဇွဲရှိရှိ မားမား မတ်မတ် ရပ်တည်နေနိုင် အောင် ပြုထား ခြင်း ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံ တရားဝင် နိုင်ငံရေး ပါတီ ဖြစ်သည့် ဟစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့် အီရန် နိုင်ငံ အားဆန့်ကျင်သည့်အမေရိကန် နှင့်မဟာမိတ် နိုင်ငံများ ၏ ရန် ငြိုး ထားမှု ဘက်သို့ အရိပ်အမြွက်ပြောရင်း အီရန်နိုင်သည် ကိုယ်တိုင် ရပ်တည်နေမှု နှင့် တစ်ကမ္ဘာလုံးရှိ ရက်စက် ညှဉ်းပမ်းခြင်းခံနေရသူများ မတရာပြုကျင့်ခံနေရသူများ အထူးသဖြင့် ပါလက်စတိုင်း ဘက်မှ ရပ်တည် ပေးမှုကြောင့် အမေရိကန် ၏ ဆန့်ကျင်မှု နှင့် ပိတ်ဆို့မှု များကို ခံနေရကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့် ခုခံရေး တပ်ကို နယ်မြေဆိုင်ရာ အင်အားကြီးမားသည့် မဟာမိတ်တပ်အဖြစ် သတ်မှတ်ပြီး အကယ်၍ အီရန်ကို စစ်ရေး အရ အရေးယူခဲ့မည်ဆိုလျှင် အီရန် တစ်နိုင်ငံတည်း မဟုတ်ကြောင်း ရှေးရိုးစွဲ အာရပ်အာဏာရှင်များ အနေဖြင့် အီရန် မုန်းတီးရေး ကို လက်လွတ်ဖို့ အကြောင်းမှာ အီရန်နိုင်ငံ သည် အာရပ် နှင့်အစ္စလာမ်မီ အာဏာ ပိုင်များ လူမျိုးများ စည်းလုံးမှု မှ အပ အခြား ဘာမှ မလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် ခေါင်းဆောင် H.I ဆရက်ဒ် ဟစန် နစရွလ္လာဟ် အနေဖြင့်ဆက်လက်ပြီး အီရန် နိုင်ငံ သည် နယ်မြေ ဆိုင်ရာ အားအကြီးမားဆုံး နိုင်ငံ နှင့် မိမိ အိမ်နီးချင်း နိုင်ငံများ အပေါ် စာနာ စိတ် ရှိသည့် နိုင်ငံဖြစ်ကြောင်း အာရပ် နိုင်ငံများ ကို အီရန်နှင့် မိတ်ဖွဲဖို့ အကြံပြု ကြောင်း အကြောင်းမှာ အီရန် နိုင်ငံ အနေဖြင့် အစဉ်အမြဲ အာရပ် များ နှင့်မိတ်ဖွဲ့ဖို့ လက် လှမ်း ထားကြောင်း ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း အစ္စလာမ်မီ ဂျေဟာဒ် ၏ ခေါင်းဆောင် ဇေယာဒွန်ခါလေ အနေဖြင့်လည်း ဤ ဟောပြောပွဲ တွင် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အနေဖြင့် နှစ် ၄၀ တိုင် အစ္စလာမ် ရန်သူအားများ နှင့် အပြိုင် ယှဉ်၍ မားမားမတ်မတ်ရပ်တည်နေကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး အီရန် ၏ အကူအညီ နှင့်ဖေးမမှုကြောင့် ယနေ့ ပါလက်စတိုင်း ခုခံရေးတပ်များ အနေဖြင့်ကာလတိုင်းထက်ပို၍ အစ္စရေး ကို အဖြေကောင်းကောင်း ပေးလာနိုင်ကြောင်း ပြော ကြားခဲ့ပါတယ်။
ပါလက်စတိုင်း အစ္စလာမ်မီ ဂျေဟာဒ် ၏ ခေါင်းဆောင် အနေဖြင့် ဆက်လက်ပြီး အီရန် နိုင်ငံ အနေဖြင့် ပါလက်စတိုင်း လူမျိုးများ နှင့် ၎င်း တို့၏ ခုခံမှု ဆိုင်ရာ လှုပ်ရှားမှု တွင် ဘာမှ မကျန် တမ်း အကူအညီပေးခဲ့ကြောင်း တတ်နိုင်သမျှ အကူအညီပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ် ။
=======================
251 / End