၁၀ ဖေဖော်ဝါရီ ၂၀၁၉ - ၁၉:၁၂
ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကြီးမြို့ ခရီးစဉ်အတွင်း တိုင်ကြားစာများ တင်ပြနိုင်ရေးကြိုးပမ်း

နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တောင်ကြီးမြို့သို့ လာ ရောက်စဉ်အတွင်း တိုင်ကြားစာ များလက်ခံပေးနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရဌာန ဆိုင်ရာများ ပူးပေါင်းဆောင်ရွက် နေကြောင်း တောင်ကြီးအခြေ စိုက်အရပ်ဘက်အဖွဲ့အစည်းအ ချို့က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တောင်ကြီးမြို့သို့ လာ ရောက်စဉ်အတွင်း တိုင်ကြားစာ များလက်ခံပေးနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရဌာန ဆိုင်ရာများ ပူးပေါင်းဆောင်ရွက် နေကြောင်း တောင်ကြီးအခြေ စိုက်အရပ်ဘက်အဖွဲ့အစည်းအ ချို့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အထိ ရှမ်းပြည်နယ်သို့  ရောက်ရှိနေပြီး ဖေဖော်ဝါရီ ၇ ရက်တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံ ကွင်း၌ ကျင်းပမည့် ရှမ်းပြည်နယ် နေ့အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

သို့ဖြစ်ရာ ယင်းအခမ်းအ နားသို့ ပြည်သူများ တက်ရောက် နိုင်ကြောင်း တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုသို့ နှိုးဆော်စာများ ဖြန့်ဝေထားသည်။

တိုင်ကြားစာများလက်ခံနိုင် ရန် အစိုးရဌာနဆိုင်ရာနှင့် အရပ် ဘက်အဖွဲ့အစည်းတို့ ပူးပေါင်း တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်စာများကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ လက်ခံမည်ဖြစ်ကြောင်း တောင်ကြီးအခြေစိုက် တရားဥပဒေစိုးမိုးရေး ကွန်ရက်အဖွဲ့မှ  ဦးဝင်းနိုင်စိုးက  ပြော သည်။

‘‘လောလောဆယ်ကို အမှု ပေါင်း ၃၀ ကျော်ရှိနေပြီ’’ ဟု ဦးဝင်းနိုင်စိုးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရှမ်းပြည်နယ်အရှေ့ ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ သွားရောက်ပြီး လူထုတွေ့ဆုံပွဲ များ၊ ဖွင့်ပွဲအခမ်းအနားများ တက်ရောက်မည်ဖြစ်ရာ ဒေသခံများက ဒေသတွင်းရှိ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခြေအနေများ၊ မြေယာပြဿနာများ တင်ပြနိုင်ရေး စီစဉ်နေကြောင်း တောင်ကြီးအခြေစိုက် တရားဥပဒေစိုးမိုးရေးကွန်ရက် အဖွဲ့က သတင်းထုတ်ပြန်ထား သည်။

=======================
251 / End