အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် ကျား၊ မ ရေးရာ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့် အရေးဆိုင်ရာများ ထူးချွန်စွာ ဆောင်ရွက်သူပုဂ္ဂိုလ် သုံးဦးအား ၂၀၁၉ ရှူးမန်း (Schuman Award) ဆုကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
အထက်ပါ ဥရောပသမဂ္ဂ၏ ၂၀၁၉ ရှူးမန်းဆုပေးအပ်ချီးမြှင့် ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ သံအမတ်ကြီးနေအိမ်၌ ပြုလုပ် ပြီး ယင်းဆုများကိုကျား၊ မရေးရာ နှင့် ငြိမ်းချမ်းရေးဆိုင်ရာတက်ကြွ လှုပ်ရှားသူဒေါ်နန်ပူ၊ ငြိမ်းချမ်း ရေးတက်ကြွလှုပ်ရှားသူ ဦး အောင်ကျော်မိုးနှင့် လူ့အခွင့်အ ရေးများ ကာကွယ်ပြောဆိုသူ တရားလွှတ်တော်ရှေ့နေဦးရော ဘတ်စန်းအောင်တို့ ရရှိကြောင်း ဥရောပသမဂ္ဂသံရုံးက သတင်း ထုတ်ပြန်သည်။
‘‘ဒီညမှာ ကျွန်တော်တို့ပေး မယ့်ဆုဟာရဲစွမ်းသတ္တိရှိသူတွေ ကို လေးစားဂုဏ်ပြုစိတ်နဲ့ ပေးတဲ့ ဆုဖြစ်ပါတယ်။ ဒီညဆုရရှိသူတွေ ကတော့ ကိုယ်တိုင်ဖွင့်ပြပြောဆို ဖို့အင်အားမရှိသူတွေကိုယ်စား ရှေ့ထွက်ပြောဆိုပေးတဲ့၊ အား နည်းသူတွေဘက်ကရပ်တည်ပေး တဲ့၊ အခြေခံလူ့အခွင့်အရေတွေ ရရှိအောင်ရှေ့ကနေတောင်းဆို ပေးတဲ့၊ သူတို့အတွက်မဟုတ်ဘဲ လူသားအားလုံးအကျိုးအတွက် တောင်းဆိုပေးခဲ့ကြတဲ့၊ လူအများ ကြားထဲက ထင်ရှားပြီးပေါ်ထွက် လာတဲ့ လူပုဂ္ဂိုလ်သုံးဦးပဲဖြစ်ပါ တယ်’’ ဟု သံအမတ်ကြီးမစ္စတာ ခရစ္စရှန်ရှမစ်ကပြောသည်။
ယင်းဆုများ ပေးအပ်ချီး မြှင့်ရန် ဥရောပသမဂ္ဂသံရုံးက အ မည်စာရင်းတင်သွင်းနိုင်ကြောင်း ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန် ကြေညာသည်။
ဒေါ်နန်ပူသည် ကချင်ပြည် နယ်ပရဟိတအဖွဲ့အစည်းဖြစ် သည့် Htoi Gender and Development Foundation (ထွယ်ဖောင်ဒေးရှင်း) တည် ထောင်သူဖြစ်ပြီး ကချင်ပြည်နယ် နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည် သူများကို ကူညီပေးရန်ငြိမ်းချမ်း စွာဆန္ဒပြမှုတွင် ပါဝင်၍ ထောင် ဒဏ် ခြောက်လကျခံနေရသည်။
ဦးအောင်ကျော်မိုးသည် ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာ) အရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီးထောင် နှင့် ချီသောပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထား သောအကူအညီ ပေးအပ်ခြင်း များ ပြုလုပ်ရုံသာမက ဘင်္ဂါလီ၊ ရခိုင်နှင့် အခြားတိုင်းရင်းသားလူ ငယ်များကို သူ့အသိုက်အ၀န်းအ တွင်း ငြိမ်းချမ်းရေး တည်ဆောက် သူများဖြစ်လာစေရန် ရင်ကြားစေ့ ရေးဆောင်ရွက်နေကြောင်း ဥရောပသမဂ္ဂရုံးက ထုတ်ပြန်သည်။
ဦးရောဘတ်စန်းအောင် သည် လူ့အခွင့်အရေးကိုအလွဲ သုံးစားပြုခံရသူများအတွက် တရားမျှတမှုရရှိစေရန်ဆောင် ရွက်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာနှိပ်စက် ညှဉ်းပန်းခံရသူများ၊ ကလေးစစ် သားများ၊ နိုင်ငံရေးအကျဉ်းသား များနှင့် တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင်များ ဘက်က ရပ်တည်ကူညီပေးမှု ကြောင့် အသက်အန္တရာယ်ခြိမ်း ခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရ သည်ဟု ထုတ်ပြန်ချက်၌ပါရှိ သည်။
ဥရောပသမဂ္ဂ၏ Schuman Award ဆုကို ၂၀၁၇ တွင် ကွယ်လွန်သူတရားလွှတ်တော် ရှေ့နေဦးကိုနီ၊ ငြိမ်းဖောင်ဒေးရှင်း မှ ဒေါ်အယ်လ်ဂျာနန်၊ Equality Myanmar အမှုဆောင်ညွှန်ကြား ရေးမှူး ဦးအောင်မျိုးမင်းတို့ရရှိ ခဲ့ပြီး ၂၀၁၈ တွင် Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်း၊ လူ့အခွင့်အရေး တက်ကြွလှုပ် ရှားသူချယ်ရီဇာဟောင်၊ အမျိုး သမီးများ အခွင့်အရေးတက်ကြွ လှုပ်ရှားသူ ဒေါ်ခင်သန်းထွေးတို့ ရရှိခဲ့သည်။
=======================
251 / End
ဥရောပသမဂ္ဂ၏ ၂၀၁၉ ရှူးမန်းဆုရှင် သုံးဦးကို ထုတ်ပြန်ကြေညာ ဒေါ်နန်ပူ၊ ဦးအောင်ကျော်မိုးနှင့် ဦးရောဘတ်စန်းအောင်တို့ရရှိ
၁၅ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၁၁
News ID: 929201
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် ကျား၊ မ ရေးရာ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့် အရေးဆိုင်ရာများ ထူးချွန်စွာ ဆောင်ရွက်သူပုဂ္ဂိုလ် သုံးဦးအား ၂၀၁၉ ရှူးမန်း (Schuman Award) ဆုကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။