အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးဆောင်မယ့် ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော် အဆောက်အအုံမှာ ကျင်းပပါတယ်။
ဒီအစည်းဝေးမှာ အမည်စာရင်းပေးသွင်းထားတဲ့ ကော်မတီအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့သလို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်လာခြင်း မရှိပါဘူး။
အစည်းအဝေးတက်ရောက်ဖို့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် နှစ်ဦးလာရောက်ခဲ့ပေမယ့် ကော်မတီဝင်အဖြစ် တက်ရောက်ခွင့်မရခဲ့ဘူးလို့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦသိန်းထွန်းက ပြောပါတယ်။
“အစည်းအဝေးတက်ဖို့ ဖိတ်လို့ ကျနော်က လက်မှတ်ထိုးယူထားလိုက်ပြီးမှ လာတက်တာ။ ဒီမှာ အစည်းအဝေးဖိတ်စာ။ အခုကျမှ ကော်မတီဝင် အဖြစ် စာရင်းပေးထားတာ မဟုတ်လို့ မတက်ရဘူးပြောတယ်။ အဲတော့ ကျနော် မတက်တော့ဘူး။ ကော်မတီမှာပါဝင်ဖို့ကိစ္စနဲ့ ပါဝင်မယ့်သူ စာရင်းက ပါတီက ပို့မှာပါ”
အခု ကျင်းပတဲ့ အစည်းဝေးဟာ ပထမကြိမ်ကျင်းပတဲ့ အစည်းအဝေးဖြစ်ပြီး နောက် အစည်းအဝေးတွေမှာ ကော်မတီဝင်တွေအနေနဲ့ ပျော်ရွှင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အစည်းအဝေးအဖွင့် အမှာစကား ပြောကြားစဉ်မှာ တိုက်တွန်းပြောသွားပါတယ်။
=======================
251 / End
၂၀ ဖေဖော်ဝါရီ ၂၀၁၉ - ၁၇:၃၁
News ID: 929954
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးဆောင်မယ့် ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော် အဆောက်အအုံမှာ ကျင်းပပါတယ်။