၂၂ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၄၇
ရင်းနှီးမြှုပ်နှံမှုများအတွက် ရခိုင်သည် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဟု အာမခံပေးနိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော

ရခိုင်ပြည်နယ်သည် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံသူများကို အာမခံပေး နိုင်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုက ပထမအကြိမ် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပြပွဲတွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရခိုင်ပြည်နယ်သည် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံသူများကို အာမခံပေး နိုင်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုက ပထမအကြိမ် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပြပွဲတွင် ပြောကြားသည်။

‘‘ရခိုင်ပြည်နယ်ဟာဆိုရင် ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ နေရာမှာတည်ရှိပြီး ပြည်တွင်းက ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းများနဲ့ သွားလာနိုင်တဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ကုန် သွယ်ရေး လမ်းကြောင်းအနေနဲ့ မဟာဗျူဟာမြောက်ပြီး အချက် အချာကျတဲ့ နေရာမှာ တည်ရှိပါ တယ်’’ဟု ဦးညီပုက ပြောကြားသည်။

ထို့အပြင် ကျောက်ဖြူအထူး စီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ပြီး ကညင်ချောင် စီးပွားရေးဇုန်မှတစ်ဆင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ကုန်သွယ်နိုင်သည် ဟု ဦးညီပုက ဆိုသည်။

အဆိုပါပြပွဲတွင် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြခန်း ၄၀ ကျော် ပြသထားသည်။

ပြပွဲတွင် Myanmar SurveyResearch ကုမ္ပဏီက ရခိုင်ပြည် နယ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ မိတ်ဆက်ခဲ့ သည်။

‘‘မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ အနာဂတ်မျိုး ဆက်များကို ထိခိုက်စေနိုင်ပြီး ရေတိုသာ အကျိုးရှိစေမယ့် ရင်းနှီး မြှုပ်နှံမှုကို ဦးစားမပေးဘဲ တာဝန်ယူမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရှိသော နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို တက်တက်ကြွ ကြွ မြှင့်တင်ဆောင်ရွက်ပေးနေပါ တယ်’’ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံ မှုပြပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပနေပြီး ၂၃ ရက် တွင် ပြည်နယ်အစိုးရက လုင်ငန်း ရှင်များကို စီမံကိန်းနေရာများ အထိ လိုက်လံပြသမည်ဟု ဆို သည်။  ပြပွဲသို့ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံ တို့မှ စီးပွားရေးလုပ်ငန်းရှင်များ နှင့် သံတမန်အချို့အပါအဝင် စုစု ပေါင်း ၆၀၀ ကျော် တက်ရောက် ခဲ့သည်။

=======================
251 / End