အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကို ဥပဒေကျော်လွန်လုပ် ဆောင်မည်ဆိုပါက နိုင်ငံ၏အမျိုး သားအကျိုးစီးပွားကို ထိခိုက်မည် ဖြစ်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးကော်မတီဒုတိယ ဥက္ကဋ္ဌဗိုလ်ချုပ်ထွန်းထွန်းညီက ဝေဖန်ပြောကြားသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ပြု လုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကော် မတီဖွဲ့စည်းရန် အရေးကြီးအဆို ကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် ထားပြီး ဆက်လက်လုပ်ဆောင် မည်ဆိုပါက တပ်မတော်အနေ ဖြင့် မည်သို့တုံ့ပြန်မည်လဲဟု မေး မြန်းသည့်မေးခွန်းကို ထိုသို့ ဖြေ ကြားခြင်းဖြစ်သည်။
‘‘ဒီထက်ကျော်လွန်လုပ် ဆောင်လာရင်တော့ ဘာတွေဖြစ် မလဲဆိုတာ ကျွန်တော်တို့ပြောတဲ့ အတိုင်းပဲ။ နိုင်ငံတော်ရဲ့ အမျိုး သားအကျိုးစီးပွားနဲ့ ကျွန်တော်တို့ ထိခိုက်မယ့်ကိစ္စတွေ၊ ပြီးရင် ကျွန် တော်တို့ရဲ့ ဥပဒေနဲ့အညီလုပ် ဆောင်ရမယ့်အဖွဲ့ကမှ ဥပဒေနဲ့ အညီ မလုပ်ဆောင်ဘူးဆိုရင်၊ ကျွန်တော်က ဒီလိုလုပ်လိမ့်မယ် လို့တော့ မထင်ပါဘူး’’ ဟု ဗိုလ် ချုပ်ထွန်းထွန်းညီက ပြောသည်။
ပြည်သူ့လွှတ်တော်နှင့် အ မျိုးသားလွှတ်တော်တို့သည် ဥပ ဒေပြုရေးဆောင်ရွက်သူများဖြစ် ပြီး ဥပဒေကို ထိန်းသိမ်းစောင့် ရှောက်ရသည့်သူများလည်းဖြစ် ကြောင်း၊ ထိုသူများက ဥပဒေကို မျက်ကွယ်ပြု၍၊ ကျော်လွန်၍ လုပ်ဆောင်ပါက ပြည်သူများက ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘အဲဒီလူတွေက ဥပဒေကို မျက်ကွယ်ပြုတာသော်လည်း ကောင်း၊ ဥပဒေကိုကျော်လွန်လုပ် ဆောင်တာသော်လည်းကောင်း လုပ်နေမယ်ဆိုရင် ပြည်သူဆုံး ဖြတ်ပါလိမ့်မယ်’’ ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။ အုပ် ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား ရေးမဏ္ဍိုင်သုံးရပ်သည် ညှိညှိနှိုင်း နှိုင်း၊ တိုင်တိုင်ပင်ပင်လုပ်ဆောင် ရမည်ဟု ပြောထားသော်လည်း ယင်းကဲ့သို့ မလုပ်နိုင်ကြောင်း ၎င်း ကဝေဖန်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မည်ဆိုပါက ဖွဲ့ စည်းပုံ၏အနှစ်သာရကို မထိခိုက် စေရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ ၏အနှစ်သာရဆိုသည်မှာ ဥပဒေ အခန်း(၁)တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော်အခြေခံမူပုဒ်မ (၄၈) ချက်ကို ဆိုလိုကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
ယင်းနိုင်ငံတော်အခြေခံမူ (၄၈)ချက်ထဲတွင် လွှတ်တော်၌ တပ်မတော်ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိရေး၊ အရေးပေါ်အ ခြေအနေ၌ တပ်မတော်က တား ဆီးကာကွယ်စောင့်ရှောက်ခွင့်ရှိ ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေးတာဝန်များ ထမ်းဆောင်ရန် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အမည်စာ ရင်းတင်သွင်းသောတပ်မတော် သားများ ပါဝင်ခွင့်ရရှိရေးတို့ ပါ ၀င်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ လွှတ်တော်ကိုယ်စား လှယ်က တင်သွင်းထားသည့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် အရေးကြီး အဆိုသည် လုပ်ထုံးလုပ်နည်းနှင့် မညီဟုဆိုကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မတ်တတ်ရပ်ကန့်ကွက်ခဲ့သည်။
ထိုသို့ ကန့်ကွက်ထားသော် လည်း ပြည်ထောင်စုလွှတ်တော် ၏အတည်ပြုချက်အတိုင်း လိုက် ပါဆောင်ရွက်ရမည့်လုပ်ထုံးလုပ် နည်းအရ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် တပ်မ တော်အနေဖြင့် ပါဝင်ရန်ဆုံးဖြတ် ခဲ့ကြောင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ် မောင်မောင်က ပြောကြားထား သည်။ ယင်းကော်မတီတွင် တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်ရှစ်ဦးပါဝင်သည်။
=======================
251 / End