၁ မတ် ၂၀၁၉ - ၁၃:၁၁
   ဟမ်ဇာဗင်လာဒင် အား ဖမ်းဆီး ပေးသူအား အမေရိကန် ဒေါ်လာ ၁၀ သိန်း ဆုချမည်ဟု အမေရိကန် ကြေညာ

အမေရိကန် အနေဖြင့် ဝဟာဘီ အကြမ်းဖက် ဂိုဏ်း အလ်ကိုင်ဒါ ၏ သေဆုံးသွား သည့် ခေါင်းဆောင် ဟောင်း အိုစာမာ ဗင် လာဒင် ၏သား ဟမ်ဇာဗင်လာဒင် ရှိသည့် နေရာ ကို သတင်း (အတိအကျ) ပေးနိုင်သူအား အမေရိကန် ဒေါ်လာ ၁၀သိန်း ဆု အဖြစ် ပေး သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ် ခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

မဲဟ် သတင်းဌာန ၏ သတင်းအထောက်အထား များအရ အမေရိကန် အနေဖြင့် ဝဟာဘီ အကြမ်းဖက် ဂိုဏ်း အလ်ကိုင်ဒါ ၏ သေဆုံးသွား သည့် ခေါင်းဆောင် ဟောင်း အိုစာမာ ဗင် လာဒင် ၏သား ဟမ်ဇာဗင်လာဒင် ရှိသည့်နေရာ ကို သတင်း (အတိအကျ) ပေးနိုင်သူအား အမေရိကန် ဒေါ်လာ ၁၀သိန်း ဆု အဖြစ် ပေး သွားမည် ဖြစ်ကြောင်း ကြေညာ ချက် ထုတ် ခဲ့ပါတယ် ။

သတင်းအထောက်အထားများ အရ အမေရိကန် အနေဖြင့် ဟမ်ဇာဗင်လာဒင် အတွက် ဆုကြေး မကြေညာမည် အရင် ကတည်း အား ၎င်းအား အမေရိကန် အစိုးရ ဘက်မှ နိုင်ငံတကာ ဆိုင်ရာ အကြမ်းဖက်သမား အဖြစ် တရားဝင်ထုတ်ပြန် ကြေညာ ထား ပြီး ဖြစ်ပါတယ် ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဟမ်ဇာ ဗင်လာဒင် သည် ဝဟာဘီအကြမ်းဖက် ဂိုဏ်း အလ်ကိုင်ဒါ ၏ အရေးကြီး ခေါင်း ဆောင် အဖြစ် ထုတ်ပြန် ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

ဟမ်ဇာဗင်လာဒင် အနေဖြင့် မိမိဖခင် အိုစာမာဗင် လာဒင် အတွက် သွေးကြွေး ဆပ် မည့် အကြောင်း ဗီဒီယို ၊အော်ဒီယို ဖြင့် သတင်းများ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ် ။

ဟမ်ဇာဗင်လာဒင် အနေဖြင့် သတင်းထုတ်ပြန်ချိန် တွင် မိမိ၏ နောက်လိုက် နောက်သား အဖွဲ့ဝင်များ ကို အမေရိကန် နှင့် ၎င်းတို့၏ မဟာမိတ် အနောက် နိုင်ငံများကို တိုက်ခိုက်ဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။

အိုစာမာဗင်လာဒင် အား အမေရိကန် အရာရှိများ မှ ပါကစ္စတန် နိုင်ငံ အီးဗ်ဒ် အာဗါဒ် မြို့ တွင် လျှို့ဝှက် စစ်ဆင်ရေး ဖြင့် ၂၀၁၁ခုနှစ်မေလ ၂ရက်နေ့ တွင် သုတ် သင်ခဲ့ ပါတယ်။

======================================

251 / End