အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ထုတ်ဖော်ပွဲကို မတ်လ ၂ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ရှေ့တွင်ပြုလုပ်ပြီး လူဦးရေ ထောင်ချီတက်ရောက်သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံ့အနာဂတ်လှပရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုး အတွက် တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ဆုတ်ခွာရန်လိုအပ် ကြောင်း ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများက ကြွေးကြော်ခဲ့ သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များ လွှတ်တော်၌ နေရာ ရနေခြင်းနှင့် ပြည်ထဲရေး၊ ကာ ကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီး များနှင့် ပြည်နယ်၊တိုင်းနယ်လုံဝန် ကြီးများကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ရွေးချယ်သည့် အပေါ်လည်း ကန့်ကွက်ခဲ့သည်။
ယင်းဖွဲ့စည်းပုံပြင်ဆင်ရေးလူထုထောက်ခံပွဲသို့ တက်ရောက် ဟောပြောခဲ့သည့် စာရေးဆရာ ထင်လင်းဦး(Wisdom Villa)က ‘‘ဒီလို ရွေးချယ်တာဟာ ညီမျှရဲ့ လား၊ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေကြီးဟာ လောကပါလ တရားနဲ့ ညီမျှတယ်လို့ ပြောနိုင်သ လား’’ဟု မေးခွန်းထုတ်ခဲ့သည်။
ထိုကဲ့သို့သော ညီမျှမှုမရှိ သည့်အချက်များကို ပြင်ဆင်လို ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
UNA နှင့် မိတ်ဘက်အဖွဲ့အ စည်းများ ထုတ်ပြန်တောင်းဆို ထားသည့် ‘တိုင်းပြည်၏အကျိုးကို ငဲ့ညှာသောအားဖြင့် တပ်မတော် အနေဖြင့် နိုင်ငံရေးမှ ဆုတ်ခွာပေး ရေး’ ဆိုသည့်အချက်ကိုလည်း ထောက်ခံကြောင်း စာရေးဆရာ ထင်လင်းဦးက ပြောကြားသည်။
ဆန္ဒထုတ်ဖော်နေသည့် လူ ထုကလည်း တပ်မတော်အနေဖြင့် နိုင်ငံရေးမှ ဆုတ်ခွာမပေးပါက တိုင်းပြည်အကျိုးရှိမည် မဟုတ် ကြောင်း ကြွေးကြော်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဒီမိုကရေစီမူများနှင့် ကိုက်ညီခြင်းမရှိဘဲ တစ်ဖက် သတ်ရေးဆွဲထားသည်ကို တွေ့ ရကြောင်း ဆန္ဒထုတ်ဖော်သူများ ဖြန့်ဝေထားသည့် ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေး ကြေညာ ချက်တွင် ဖော်ပြထားသည်။
အရေးအပေါ်အခြေအနေ ပေါ်ပေါက်လာလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အာ ဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သတ်မှတ်ချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဆိုသည့်အ ချက်ကိုလည်း ပြင်ဆင်ရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စု လွှတ်တော်၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးလွှတ်တော်များတွင် ရွေးချယ်စရာမလိုအပ်ဘဲ တပ်မ တော်သားကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းပါဝင်နေခြင်း၊ ပြည်ထောင် စုဝန်ကြီးများနှင့် ပြည်နယ်၊တိုင်း ၀န်ကြီးအချို့ကို တပ်မတော်က အမည်စာရင်းတင်သွင်းခြင်း စသည့်အချက်များ ပြင်ဆင်ရ မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော် သူများက တောင်းဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွှတ်တော်ကိုယ်စားလှယ်က အမည်စာရင်းတင်သွင်းထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ စည်းရန် အရေးကြီးအဆိုတစ်ရပ် ကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုထားသည်။ ယင်းအဆို အရ ပြင်ဆင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။ ထို့အပြင် ခြေဥပြင်ဆင်ရေး ထောက်ခံဆန္ဒထုတ်ဖော်ပွဲများကို မြို့ကြီးများတွင် ဆက်တိုက်ပြု လုပ်နေသည်။
======================================
251 / End
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ လူထောင်ချီတက်ရောက် တပ်မတော်အနေဖြင့် နိုင်ငံရေးမှဆုတ်ခွာရန် လိုအပ်ကြောင်း ဆန္ဒ
၃ မတ် ၂၀၁၉ - ၁၆:၄၆
News ID: 931561
၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ထုတ်ဖော်ပွဲကို မတ်လ ၂ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ရှေ့တွင်ပြုလုပ်ပြီး လူဦးရေ ထောင်ချီတက်ရောက်သည်။