အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ပူးပေါင်းကော်မတီဟာ ဖွဲ့စည်းပုံရဲ့ နိဒါန်းနဲ့ အခြေခံမူတွေ ရေးဆွဲပြဋ္ဌာန်းထားတဲ့ အခန်း (၁)ကို စတင်လေ့လာ ဆွေးနွေးနေပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ ဒုတိယထက်မှာရှိတဲ့ အစည်းအဝေးခန်းမှာ ၃ ကြိမ်မြောက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး ကိုကျင်းပပြီး ဆွေးနွေးနေတာပါ။
ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က “ဒီနေ့ကတော့ ဘယ်လိုပူးပေါင်းမလဲ၊ ပြင်ဆင်မယ့်ဟာတွေကို ဘယ်လိုချိတ်ဆက်ကြမယ်ဆိုတာကို ဒီနေ့တော့ ပုံဖော်နိုင်မယ်လို့ မျှော်လင့်တယ်။ ဒီနေ့ကတော့ သတ်မှတ်ထားတဲ့ အခန်းက နိဒါန်းနဲ့ အခန်း(၁) ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ နိုင်ငံရေးပါတီတွေပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ တင်ပြဆွေးနွေး စရာရှိတာကိုဆွေးနွေးမယ်။ ဘယ်လိုပူးပေါင်းမယ်ဆိုတာကို အတွင်းရေးမှူးက ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပြောမယ်ဆိုရင် တတိယမြောက်နေ့ အခမ်းအနားဖြစ်တဲ့ အလျောက် ဒီကနေ့က လုပ်ငန်းဖြစ်မြောက်ရေး စတင်တဲ့နေ့ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒီကနေ့အစည်းအဝေးကိုတော့ ‘ဝ’ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တဦးသာ မတက်ရောက်နိုင်ဘဲ ခွင့်ယူထားပေမယ့် ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံသွားမယ်လို့ ဆိုပါတယ်။
======================================
251 / End
၇ မတ် ၂၀၁၉ - ၁၇:၃၅
News ID: 932165
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ပူးပေါင်းကော်မတီဟာ ဖွဲ့စည်းပုံရဲ့ နိဒါန်းနဲ့ အခြေခံမူတွေ ရေးဆွဲပြဋ္ဌာန်းထားတဲ့ အခန်း (၁)ကို စတင်လေ့လာ ဆွေးနွေးနေပါတယ်။