၈ မတ် ၂၀၁၉ - ၁၆:၂၇
အချိန်အခါမဟုတ်မိုးကြောင့် ရခိုင်စစ်ဘေးရှောင်များ ပိုမိုအခက်ကြုံနေ စစ်ရှောင်တစ်သောင်းကျော် ရှိလာပြီး မြောက်ဦးတွင် အများဆုံးဖြစ်

အချိန်အခါမဟုတ် ရွာ သွန်းသောမိုးကြောင့် ရခိုင်ပြည် နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ပိုမိုအခက်အခဲ ကြုံနေကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့တာ ၀န်ရှိသူများက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


 အချိန်အခါမဟုတ် ရွာ သွန်းသောမိုးကြောင့်   ရခိုင်ပြည် နယ်ရှိ   စစ်ဘေးရှောင်ပြည်သူများ  ပိုမိုအခက်အခဲ ကြုံနေကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့တာ ၀န်ရှိသူများက ပြောသည်။

မတ်လ ၆ရက် က ရွာသွန်း သည့်မိုးကြောင့်  မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များရှိ စစ် ရှောင်စခန်းများတွင် မိုးရေများဝင် ရောက်ခြင်း၊ အမိုးအကာ မလုံ လောက်သောကြောင့်  အသုံးအ ဆောင်၊ အဝတ်အထည်များ စို စွတ်ခြင်း၊ ထမင်းချက်ရန် အဆင် မပြေခြင်းတို့ ကြုံတွေ့နေရသည် ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးဥက္ကဋ္ဌ ဦးရွှေ ဘော်စိန်က ပြောသည်။

‘‘မြောက်ဦးမှာဆိုလို့ရှိရင် လတ်တလော သူတို့က  နေရာ ထိုင်ခင်းမရှိဘူး ဖြစ်နေတယ်။ နေရာထိုင်ခင်းမရှိတဲ့အချိန်မှာ ဘုန်းကြီးကျောင်းတွေကို တချို့ က ပြောင်းတယ်။ တချို့က မပြောင်းသေးဘူး။ တချို့က ယာ ယီတဲတွေ၊ အပင်၊ အခက်တွေ အောက်မှာ နေကြတယ်။ မိုးရွာ တဲ့အခါအဲဒီလူအုပ်ကြီးက ဘယ် နေရာကိုပြောင်းမယ်၊ ဘယ်ကို ရွှေ့မယ်ဆိုတာ ဗြုန်းစားကြီး နေ ရာသတ်မှတ်လို့ မရတာမို့ အ ခက်တွေ့တာ အများကြီးဖြစ်သွား တာ’’ ၎င်းက ဆိုသည်။

မြောက်ဦးမြို့နယ်တွင် စစ် ရှောင်သုံးထောင်ကျော်ရှိပြီး ရခိုင် ပြည်နယ်တစ်ခုလုံး၌ စစ်ရှောင်  တစ်သောင်းကျော်ရှိလာကြောင်း ဦးရွှေဘော်စိန်က ပြောသည်။

‘‘မနေ့ကလည်း မိုးများ တယ်၊ ဒီနေ့မနက်လည်းမိုးများ တယ်။  အိပ်ရတာ အဆင်မပြေ ဘူး၊ နေရထိုင်ရတာ အဆင်မပြေ ဘူး’’ ဟု စစ်ရှောင်သုံးရာကျော် ကိုကူညီပေးနေသည့် ကံဇောက် ဘုန်းကြီးကျောင်းဆရာတော် ဦး ပညာဗလက မိန့်ကြားသည်။

ထို့အပြင် ဒုက္ခသည်ကူညီ ကယ်ဆယ်ရေး လာရောက်မှုများ နည်းပါးလာ၍ စားနပ်ရိက္ခာအ ခက်အခဲလည်း ဖြစ်ပေါ်နေ ကြောင်း ဆရာတော်က မိန့်ကြား သည်။   

ပုဏ္ဏားကျွန်းမြို့နယ်ရှိ   အ ထက်သင်ပုန်းတန်း စစ်ရှောင် စခန်းများတွင် နေထိုင်သူများ သည် ၎င်းတို့အနေဖြင့် ရေရှည် စစ်ရှောင်ရမည့် အခြေအနေ ကြောင့် တောဖျားချောင်းရှိ ဖား ကြွယ်ဘက်သို့ စခန်းပြောင်းရွှေ့ စဉ် မိုးသည်းထန်စွာရွာသွင်းမှု ကြောင့် အခက်အခဲများစွာကြုံနေ ရကြောင်း ဒေသတွင်းကူညီရေး အဖွဲ့ ပိုးရွှီပြင်မဟာမိတ်လူမှုကူ ညီရေးအသင်းမှ ကိုအောင်ကျော် က ပြောသည်။

‘‘လောလောဆယ် တာလ ပတ်နဲ့ပဲနေရာတာ။ စနေ့နေ့ကျ တော့ ဒုက္ခသည်စခန်းကလူတွေ ကိုခေါ်ထားတယ်။ တာလပတ် တွေ ထပ်ပေးဖို့စီစဉ်ထားတယ်’’ ဟု ၎င်းက ဆိုသည်။ အထက်သင် ပုန်းတန်းဒေသတွင် စစ်ရှောင်သုံး ရာကျော်ရှိသည်။

=================================
251 / End