အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေပါပုဒ်မ ၅၉(စ)ကို ထိန်း သိမ်းကာကွယ်စောင့်ရှောက်ရေး လူထုဆန္ဒထုတ်ဖော်ပွဲအား ရန် ကုန်မြို့လယ်ရှိ ဧမာနွေလ ဘုရားကျောင်းရှေ့တွင် အမျိုးသားရေးလှုပ်ရှားသူဟုဆိုသူများ က မတ်လ ၁၀ ရက်တွင် ပြုလုပ်ခဲ့ သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲသို့ လူ ဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ သည်။ ထိုသို့ ဆန္ဒထုတ်ဖော်နေမှု နှင့် ပတ်သက်ပြီး တက်ရောက် လာသည့်သူများကို မေးမြန်းခြင်း မပြုကြဘဲ ပြန်ကြားရေးတာဝန်ခံ ထားသည့်သူများကိုသာ မေးမြန်း ရန် အခမ်းအနားဖြစ်မြောက်ရေး ဆောင်ရွက်သူများက သတင်းမီဒီ ယာများအား ပြောဆိုသည်။
‘‘သမ္မတတစ်ယောက်ရဲ့ သား၊ သမီးက နိုင်ငံခြားသားသမီး တစ်ယောက်ကို ယူခဲ့ရင် အဲဒီယူ တဲ့သူက IS အဖွဲ့က ဖြစ်ခဲ့မယ်။ အကြမ်းဖက်အဖွဲ့က အဆက်အ နွှယ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဖြစ်ပေါ်လာ မယ့် ဖိအား၊ ကျွန်တော်တို့ တိုင်း ပြည်က ရှင်းရမှာက ပြဿနာ တော်တော်များတယ်။ ဒါကြောင့် ဒီဟာကို ပြည်သူလူထု သိရှိအောင်ဆန္ဒဖော်ထုတ်ပြီးတော့ ဒီပွဲကို ကျင်းပခြင်း ဖြစ်ပါတယ်’’ ဟု ထောက်ခံဆန္ဒပြပွဲ ဦးဆောင်သူ မိုက်ကယ်ကျော်မြင့်က ဆိုသည်။
ထို့အပြင် ဒီချုပ်ပါတီဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အ တွက် ၅၉(စ)ကို မပြင်ဆင်ရန် တောင်းဆိုနေခြင်းမဟုတ်ဘဲ အနာဂတ်နိုင်ငံတော်အတွက် အ မျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်လာနိုင်သောကြောင့် ယင်းဥပဒေပုဒ်မကို မပြင်ဆင်ရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်က ပြော သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လူထု ဆန္ဒထုတ်ဖော်ပွဲတွင် မျိုးချစ် မြန်မာ ရဟန်းတော်များသမဂ္ဂ သဘောထားထုတ်ပြန်ချက်နှင့် အမျိုးသားရေးတပ်ပေါင်းစု (ရန် ကုန်)မှ ပေးပို့သော သဝဏ်လွှာ တို့ကို ဖတ်ကြားပြီး မိုက်ကယ် ကျော်မြင့်က ဟောပြောကာ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဆန္ဒပြပွဲ ပြီးဆုံးခဲ့သည်။
နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးထွန်း ကြည်က ‘‘ဒါတွေက နိုင်ငံရေးမုန့် ဆီကြော်က ဘယ်ဆီနေမှန်းမသိ ဘူး။ ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရမယ့်အနေအထားတွေ က တို့တိုင်းပြည်မှာ တော်တော် ခေတ်စားလာပြီ’’ဟု သုံးသပ် သည်။
ပြည်သူလူထုအကျိုးစီးပွား ကို လျစ်လျူရှုထားသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် ပါဝင်သည့် ဥပဒေပုဒ်မ အစိတ်အပိုင်းဖြစ်သည့် ၅၉(စ)ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေခြင်းသည် နိုင်ငံတကာအမြင်တွင် ရှက်စရာဖြစ်နေကြောင်း ဦးထွန်းကြည်က ပြောသည်။
ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံပြင် ဆင်ရေး ပူးပေါင်းကော်မတီ အ တွင်းရေးမှူး ဒေါက်တာမြတ်ဉာ ဏစိုးကမူ ‘‘လူတိုင်းလူတိုင်းက ကိုယ့်အမြင်၊ သူ့အမြင်က မတူနိုင်ဘူးလေ။ ဒါကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတာပဲ။ အခုဟာ က အခန်း (၁) အခြေခံမူများ တောင် ကော်မတီက ဆောင်ရွက် လို့မပြီးသေးဘူ။ ဒါနဲ့ ပတ်သက် ပြီး ကျွန်တော့်အနေနဲ့ မှတ်ချက် ပြုပြောစရာမရှိပါဘူး’’ဟု မှတ် ချက်ပြုသည်။
အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးရဲထွဋ်ကလည်း ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကို ပြင်ဆင်မှုမပြုရန် ဆန္ဒပြသည့် အင်အားစုများက ကြိုတင်ကာ ကွယ်ထားခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
==========================
251 /End
၁၁ မတ် ၂၀၁၉ - ၁၈:၀၂
News ID: 932679
၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေပါပုဒ်မ ၅၉(စ)ကို ထိန်း သိမ်းကာကွယ်စောင့်ရှောက်ရေး လူထုဆန္ဒထုတ်ဖော်ပွဲအား ရန် ကုန်မြို့လယ်ရှိ ဧမာနွေလ ဘုရားကျောင်းရှေ့တွင် အမျိုးသားရေးလှုပ်ရှားသူဟုဆိုသူများ က မတ်လ ၁၀ ရက်တွင် ပြုလုပ်ခဲ့ သည်။